@maungponnya307: ကိုယ်နဲ့ မထိုက်တန်တဲ့ နာကျင်မှုတွေကို လက်ခံခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်။ ကိုယ့်ရဲ့ အချိန်နဲ့အင်အားတွေကို တခြားသူတွေ စိတ်ကျေနပ်ဖို့အတွက်ပဲ ပုံအောပေးခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ကျတော့ မေ့လျော့နေခဲ့မိလို့ တောင်းပန်ပါတယ်။ ကိုယ့်ရဲ့ တန်ဖိုးကို တခြားသူတွေရဲ့ နှုတ်ထွက်စကားတွေ၊ ဝေဖန်အကဲဖြတ်မှုတွေအပေါ်မှာပဲ အဆုံးအဖြတ်ပေးခွင့် ပြုခဲ့မိလို့ တောင်းပန်ပါတယ်။ Boundaries စည်းတွေ မထားခဲ့ဘဲ ကိုယ့်ရဲ့ အေးချမ်းမှုကို အလွယ်တကူ အဖျက်ဆီးခံခဲ့မိလို့ တောင်းပန်ပါတယ်။ ကိုယ့်ကို တဖြည်းဖြည်း လောင်မြိုက်စေတဲ့ အခြေအနေတွေကို မစွန့်လွှတ်နိုင်ဘဲ ဆွဲကိုင်ထားမိခဲ့တဲ့အတွက်ရော၊ ကိုယ်နဲ့တကယ် ထိုက်တန်တဲ့ ပျော်ရွှင်မှုကို ကာကွယ်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက်ပါ ကိုယ့်ကိုယ်ကိုယ် တောင်းပန်ပါတယ်။ တကယ်တော့... ကျွန်မတို့ဟာ ကိုယ့်ကိုယ်ကိုယ်အပေါ် သိပ်ပြီး ရက်စက်ခဲ့မိကြတာပဲနော်။ ဒါ့ကြောင့် ဒီနေ့ကစပြီး... ကိုယ်ဟာ ကိုယ့်ကိုယ်ကိုယ် ပြန်ထိခိုက်စေမယ့်သူ မဟုတ်တော့ဘူးလို့ ဆုံးဖြတ်ကြည့်ရအောင်။ တခြားသူတွေကို ပေးခဲ့ဖူးတဲ့ အနှိုင်းမဲ့ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုမျိုးနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် ပြန်လည် ကုစားမယ်။ ကိုယ့်တန်ဖိုးကို အသိအမှတ်မပြုတဲ့ နေရာတွေ၊ ၊ ကိုယ့်ကို သေးသိမ်သွားအောင် လုပ်တဲ့ ဆက်ဆံရေးတွေကနေ အသာအယာ လှည့်ထွက်သွားဖို့ ကိုယ်တိုင် ရွေးချယ်မယ်။ ဒီနေ့မှာတော့... နှစ်ပေါင်းများစွာ ပင်ပန်းခဲ့ရတဲ့ ကိုယ့်ရဲ့ စိတ်လေးကို "အခုထိ ကြံ့ကြံ့ခံပေးခဲ့လို့ ကျေးဇူးတင်ပါတယ်" လို့ တိုးတိုးလေး ပြောရင်းနွေးထွေးမေတ္တာထားရှိနိုင်ပါစေရှင်။ မေတ္တာဖြင့် Andrea #crd_to_owner_with_respect
မောင်ပုည✅စာပေ✅ရသ❤
Region: TH
Tuesday 21 April 2026 13:31:44 GMT
Music
Download
Comments
အသမာမိပပေတံဟောတိ!💔 :
စာသာလေချပေးလိုရလာရှင့်🥺🥺🥰🥰
2026-05-27 12:29:10
12
ma zar :
ကျေးဇူးပါအရမ်းမှန်တယ်
2026-06-07 06:50:47
0
$.tt thaw :
love myself 💪💪💪
2026-06-06 12:35:07
0
kolinn.orgyi :
အမှန်ပါပဲ🥰🥰ပြန်သုံးသပ်မှဖြစ်တော့မယ်🥰🥰🥰🥰🥰လေးစားလျှက်ပါ 🥰🥰🥰
2026-06-07 06:09:50
0
𝑯𝒂𝒓𝒖٩(◕‿◕。)۶✔︎{Ñâțmâûkthu} :
copyပါရစေရှင့်🥰
2026-06-07 06:35:46
0
T&T :
copy ယူပါရစေ
2026-06-07 06:44:23
0
TangYanThu :
copy လေးယူခွင့်ပြုပါရှင့်
2026-06-07 06:22:46
0
Nang Noon Mo :
ပြန်တင်ခွင့်ပေးပါ🙏
2026-06-07 06:17:41
0
Mee Mee :
မှန်လိုက်တဲ့စကား
2026-06-07 06:10:44
0
shwe hnin SH :
copyယူပါရ စေ
2026-06-07 06:06:49
0
yuri😍 :
share ခွင့်ပြုပါနော် 🥰
2026-06-07 06:05:46
0
🌹Hnin💞💕🌹 :
crdပေးပီးပြန်တင်မယ်နော်🥰
2026-06-07 05:38:10
0
🍀💞☘️🍀☘️🍀Lae :
အမှန့်ပါ🥰
2026-06-07 05:08:14
0
Thu Thu :
ဟုပါတယ်😂
2026-06-06 01:01:10
1
#Su Mon Oo43 :
ပြန်တင်ခွင့်ပြုပါနော်🌹🌹🌹
2026-06-05 06:40:03
0
@AyeThuZar6980 :
မှန်လိုက်တာလူတစ်ယောက်အတွက်နဲ့အကြိမ်ကြိမ်နာကြင်နေရတယ်အခုကစပြီအကောင်းစုံဖြစ်အောင်နေပါမယ်
2026-06-05 02:56:47
2
Nwae Zin Win :
မှန်လိုက်တာရှင့်🥰
2026-05-31 23:34:58
1
🔷'Ky'aw Thein'🔷 :
တောင်းပန်ရဦးမယ်💝💝💝👍👍👍
2026-04-21 15:19:41
1
Thandar Fashion(Mawlamyine)🦋 :
ပြန်တင်မယ်နော်ရှင့် ကျမနဲ့တူလို့
2026-06-07 04:57:24
0
🍀🍀phyo🍀🍀🍀 :
🥰🥰ပြန်တင်ခွင့်ပြုပါနော်🥰🥰
2026-06-07 05:03:23
0
ZeyarLay :
အို...ငါဟာ ရက်စက်သူကြီးလား နော်
* ကိုယ့်ကိုယ်ကိုယ် *😰😭
2026-06-07 06:46:38
0
Moe sat may :
😭😭😭😭😭😭😭😭😭😭😭အရမ်းအရမ်းသိမ်ငယ်စွာနေမိတဲ့ကိုယ့်ကိုကိုယ် အရမ်းအားနာမိနာပဲ
2026-06-07 06:59:42
0
Zar Ni Maung :
ကျေးဇူးပါ
2026-06-07 05:05:11
0
NayChi Phyo :
ဟုတေလေအခုမှသတိရ🥺🥺🥺ကိုယ့်ကိုပင်ပန်းစေခဲ့တာကို
2026-06-07 05:04:44
0
Lat Ei Mon :
စာသားလေးcopyချပေးပါလားရှင့်
2026-05-11 02:38:06
0
To see more videos from user @maungponnya307, please go to the Tikwm
homepage.