@wainaing224: ကျွန်တော် အရမ်းဝမ်းနည်းနေတယ် ..... စိတ်ခံစားချက်တွေ သိပ်အဆင်မပြေဖြစ်နေမိတာ ဒီရက်ပိုင်းထဲ ကံတရားကိုလည်း အခဲမကျေမှုတွေရောထွေးလို့ တောတွေးတောင်တွေး တွေးရင်းနဲ့ပဲ ငါဘာတွေမှားနေတာလဲတွေရော ငါ့ကျမှလားတွေရော တစ်ယောက်ထဲ စိတ်တွေချောက်ချားနေမိတာ ။ တစ်နေကုန်လို့မှ တစ်ခါနှစ်ခါတောင် သေသေချာချာ မပြုံးနိုင်တဲ့အဖြစ်, အပေါင်းအသင်းတွေကြားမှာဆိုရင် ဟန်ဆောင်နေရပြန်တယ် ပြီးရင် ချောင်မှာကပ်လို့ တစ်ယောက်ထဲ ယောင်ချာနေရတဲ့ကျွန်တော် ၊ ကိုယ်ဘာဖြစ်နေလည်းဆိုတာတောင် ရေရေရာရာမသိတဲ့ အခိုက်အတန့်တွေ, တစ်ခါတစ်လေ အရာတစ်ခုကို တစ်စိုက်မတ်မတ်ကြည့်ရင်း ရှိုက်ကြီးတငင် ဝမ်းနည်းနေမိတယ် ။ ယောက်ျားဆိုတဲ့မာနကြီးဖယ်ပြီး ကျွန်တော် ငိုချပစ်လိုက်လို့ရမလား? တစ်ဆစ်ဆစ်နဲ့ကိုက်နေတဲ့ နှလုံးသားကို ဘာနဲ့ဖုံးထားပြီး ဖြေသိမ့်ရမလဲ? မကျပဲ ဝဲနေတဲ့မျက်ရည်စတွေကိုရော ဘယ်လိုနားလည်ပေးရမလဲ? တစ်ယောက်ထဲ အားငယ်နေရတဲ့စိတ်တွေကိုရော ဘယ်လိုထိန်းချုပ်ရမလဲ? ဒါဟာ ဘဝပဲဆိုရင် ကျွန်တော်မလိုချင်ပါဘူး ကျွန်တော့်ကို အမှုန်အမွှားလေးပဲ ဖြစ်ခွင့်ပေးပါ ။ #mgwai #sad #fyp #foryou #feelings

✵𝚠𝚊𝚒
✵𝚠𝚊𝚒
Open In TikTok:
Region: MM
Tuesday 21 April 2026 13:34:13 GMT
1944
57
2
9

Music

Download

Comments

nkp316
💝မေတ္တာတွေနဲ့ရှင်သန်မဲ့သူ💝 :
ဖိုတ်တင်းလူတိုင်းအခတ်ခဲရှိနေပါတယ် တယောက်ထဲဖစ်နေတာမဟုတ်ပါ အားတင်းထားပါ🙂🙂🙂
2026-04-23 06:42:01
1
To see more videos from user @wainaing224, please go to the Tikwm homepage.

Other Videos


About