@khantthiha777: ဒီနေ့( 04-22-2026)မှာ Walk for peace-Sri Lanka အဖွဲ့ရဲ့ လမ်းလျှောက်ခရီးစဉ်စတင်ပါတယ်။ Dambulla ကနေ Matale ထိ မိုင်ပေါင်း ၃၀။ ရာသီဥတု- မိုးအုံ့ ပီး humidity များပါတယ်။ အပူချိန် 24-34C ( 75-93F) တအားပူပါတယ်။ မနက်ဖက် ထွက်တာ အနည်းငယ် နောက်ကျသွားလို့ ညအိပ်နေရာကို ည သန်းခေါင်မှ ရောက်ကျတယ်။ ညအိပ်နေရာမရောက်ခင် ၁၅ မိနစ်အလိုမှာ ခြေသွက်တဲ့ ဆရာတော်ပညာကာရ ခြေလှမ်းအတော်နှေးသွားတာသတိထားမိတယ်။ ခြေထောက်မှာပတ်တီးနဲ့။ နောက်က ဆရာတော်တစ်ချို့လည်း ပတ်တီးတွေနဲ့ တွေ့ရတယ်။ ကျွန်မ Live stream ကြည့်နေတော့ ဆရာတော်တွေ ဘယ်လောက်ပင်ပန်းနေပီလဲဆိုတာ ကြည့်တာနဲ့သိတယ်။ အရေးထဲသင်္ကန်းက လက်ရှည် အပြင် ဒုကုဌ် ကလည်းပါ။ သပိတ်ရော၊ အိတ်ရော လွယ်ထားရတော့ ဒီလိုအပူချိန်အောက်မှာ ခေါင်းက အဆောင်းလည်းမရှိ ဆိုတော့ လမ်းအမြန်လျှောက်ရင်း ချွေးဒီးဒီးကျပီး dehydrated ဖြစ်ကြမှာသေချာတယ်။ ညအိပ်နေရာမရောက်ခင် မှာ ခဏ ရပ်လိုက်တာလည်းတွေ့တယ်။ ဆရာတော်ပညာကာရ လား အခြား ဆရာတော် တစ်ပါးပါးလား ဘာဖြစ်တာလဲ သေချာတော့မမြင်ရ။ သီရိလင်္ကာပရိသတ်တွေလည်း ဆရာတော်တွေဘေးက လိုက်ပီး ယပ်ခပ်ပေးတာတွေ့တယ်။ ဆရာတော်အားလုံးထဲ အပင်ပန်းဆုံးက ဆရာတော် ပညာကာရပဲ။ သီရိလင်္ကာ မသွားခင် ကယ်လီဖိုးနီးယားကို ၂ ရက်သွားရသေးတယ်။ အဲ့ကပြန်ရောက်တာနဲ့ သီရိလင်္ကာ ကိုတန်းလာတာပဲ။ လေယာဉ်ကိစ္စအဝဝ လည်းသူ့တာဝန်ပဲ။ အာလောက ကိစ္စအဝဝ လည်းသူ့တာဝန်ပဲ။ သီရိလင်္ကာရောက်တာနဲ့တန်းပီး သံဃာအဖွဲ့အစည်းတွေနဲ့တွေ့ရ၊ စကားပြောရ၊ ဗောဓီပင် ပင့်ဆောင်ရနဲ့ နားချိန်မရှိ။ အမေရိကားအချိန်နဲ့ သီရိလင်္ကာအချိန်က ၁၂ နာရီလောက်ကွာနေတော့ နေ့နဲ့ည မှားတဲ့ jet lag ဖြစ်ပီး အိပ်မရဖြစ်အုန်းမှာ။ ဒီနေ့လည်း မိုင် ၃၀ လျှောက်ရတာဆိုတော့ အတော်ကို ပင်ပန်းမှာ။ ညအိပ်နေရာရောက်ခါနီးမှာ ပိုသိသာတယ်။ လုံးဝ slow down ဖြစ်ပီး တကယ့်ကိုဖြေးဖြေးပဲလျှောက်တာ။ သူ့စိတ်က ဆောင်နေလို့သာ။ ကြည့်နေတဲ့ကိုယ်တွေလည်း ဆရာတော်များ မောပီး တစ်ခုခု ဖြစ်သွားမလား တွေးပီး အဆင်ပြေဖို့ ဆုတောင်းပေးမိသေးတယ်။ ကံကောင်းစွာ အဆုံးထိလျှောက်နိုင်သွားတယ်။ ဆရာတော်တွေရဲ့ ခြေထောက်ကို ညအိပ်တဲ့နေရာမှာ ကုသပေးဖို့ လိုတယ်။ medical team တော့ရှိမှာပါ။ အသက်ကြီးတဲ့ဆရာတော်ကြီးတွေလျှောက်တာမတွေ့ဘူး။ တုတ်၂ ချောင်းထောက်ပီးလျှောက်တဲ့ ပြင်သစ်ကဆရာတော်လည်း မလျှောက်နိုင်ဘူး။ အာလောကတောင် ခဏ လျှောက်တာ လျှာတန်းလည်းထွက်နေတာ။ သူ့ကို ရေဖြန်းပေးတာတွေ့တယ်။ ဆရာတော် သူ့ကိုရေတိုက်တာလည်းတွေ့တယ်။ သီရိလင်္ကာပြည်သူတွေက ဆရာတော်တွေကို အတော်ကြည်ညိုကြပါတယ်။ လမ်းကပူနေလို့ ဌက်ပျောရွက်တွေ ခုတ်ပီးခင်းထားပေးတာတွေ့ရသလို လမ်းကိုရေဖြန်းပေးတာလည်းတွေ့ရတယ်။ ထီးလုပ်ဖို့ပိန်းရွက်တွေ ကပ်ကြတယ်။ (04-23-2026) က စွယ်တော်ရှိတဲ့နေရာသွားမှာလို့သိရပါတယ်။ ဆရာတော်အားလုံး ကျန်းမာကြပါစေလို့ဆုတောင်းပေးပါတယ်။ Photo: credit to original photographer Credit:sisichothan #WalkForPeace #AlokathePeaceDog #မူရင်းကိုcrdပေးပါတယ် @Theingi(ఇ ◝‿◜ ఇ)💛 #foryou #creatorsearchinsights

Khant
Khant
Open In TikTok:
Region: MM
Thursday 23 April 2026 02:42:40 GMT
645
59
6
1

Music

Download

Comments

ohnmarmyint519
OhnmarMyint :
2026-04-25 06:29:35
1
nanhtwe064
nanhtwe064 :
🙏🙏🙏နေ့စဥ်ပြုခဲ့ဖူးသမျှ ကောင်းမူ့အစုစုတို့ကြောင့်သည် ဆရာတော်ဘုရားများ ကျန်းမာချမ်းသားခြင်အတိဖြင့် ငြိမ်းချမ်းရေးခရီးစဥ်အထမြောက် အောင်မြင်ပြီးစီပါစေဘုရားးး
2026-04-23 10:19:13
1
user7612052157303
Ma Sandar Lay :
🙏🙏🙏
2026-04-25 17:27:21
1
hlathein460123
Myat Thu :
🙏🙏🙏
2026-04-23 03:15:02
1
user2983301806016
ဒေါ်ခင်ယုဆွေ :
🙏🙏🙏
2026-04-23 12:25:19
1
niwin179
niwin179Ni Ni Win :
🙏🙏🙏😊
2026-04-23 10:59:52
1
To see more videos from user @khantthiha777, please go to the Tikwm homepage.

Other Videos


About