@sweetoneeight: တစ်ခါက ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရဲ့ relationship တစ်ခုကို ညှိနှိုင်းပေးခဲ့ဖူးတယ်။ ကောင်မလေးက ဆိုးတယ်။ ကျွန်တော့်သူငယ်ချင်းမကြိုက်ပါဘူးလို့ လုံးဝကန့်သတ်ထားတဲ့အရာတွေကိုပဲ အကြိမ်ကြိမ်ကျူးလွန်ခဲ့တယ်။ ပြတ်ဆဲတိုင်းမှာ သူကပဲ ပြန်ပြန်ဆက်သွယ်ခဲ့တယ်။ ကျွန်တော့်သူငယ်ချင်းကလည်း အကြိမ်တိုင်း သူ့အကျင့်ပြင်မလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ရှေ့ဆက်ခဲ့တယ်။ ကောင်မလေးကတော့ ဒီအကျင့်တိုင်း ဒီပုံစံအတိုင်းပဲ တူညီတာတွေပဲ ထပ်လုပ်တယ်။ ကျွန်တော်သွားညှိပေးတုန်း "အစ်မသူ့ကို မချစ်ဘူးလား" လို့မေးတော့ သူပြန်ဖြေခဲ့တာ "ချစ်တာတော့ချစ်တယ် ဒါပေမယ့် မဖြစ်နိုင်ဘူး" တဲ့လေ။ ထပ်ပြောတယ် "သူက အစ်မကို တစ်ကယ်မချစ်ပါဘူး" တဲ့။ အဲ့မှာတင် ကျွန်တော်လှည့်ပြန်ခဲ့လိုက်ပါတော့တယ်။ လူတစ်ချို့ဟာ ချစ်ရင်ငါ့ကိုအကုန်နားလည်ပေးရမယ်လို့ ယူဆထားတတ်ကြတယ်။ ကိုယ့်အလိုမှမလိုက်ရင် ငါ့ကိုမချစ်ပါဘူးဆိုတဲ့ စကားနဲ့ တစ်ဖက်ကို ထိုးနှက်တော့တာပဲ။ တစ်ဖက်လူကို ကိုယ်ချင်းမစာတတ်ဘူး။ တစ်ဖက်လူနဲ့ ညှိနှိုင်းဖို့ စိတ်မဝင်စားတတ်ကြဘူး။ အဲ့လိုမညှိနှိုင်းနိုင်လို့လည်း အပြီးတိုင်လက်လွှတ်ပေးလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ ဒီလိုပါပဲ တချို့လူတွေက ကျွန်တော်တို့ကို ချစ်တာမဟုတ်ဘဲ ကျွန်တော်တို့ချစ်ပေးတာကို ချစ်ကြတာ။ ကျွန်တော်တို့ကို ဆုံးရှုံးရမှာကြောက်တာမဟုတ်ဘဲ ကျွန်တော်တို့ရဲ့ဂရုစိုက်မှုတွေ မရတော့မှာကြောက်တာ။ #viralvideo #trending #credit #foryou #aboutlove
Shein
Region: MM
Friday 24 April 2026 10:04:02 GMT
Music
Download
Comments
Hnin Pwint Phyu3725 :
အချစ်ပဲခံချင်ကြတာ ချစ်ပေးဖို့ကျမေ့နေကြတယ်🥀
2026-06-06 06:47:04
4
မီးအိမ်ရှင် :
သိပ်မှန်
2026-06-02 07:35:05
2
phyolay112233 :
မပေး ပေးပေ ပါဗျာ နေပါစေပေါ့
2026-05-12 05:47:52
1
အညတရ(NP)Min Min Thein :
ငိုပီဗျာ😭
2026-06-22 05:35:39
0
Naing :
အဆိုတော်နာမည်သိချင်တယ်
2026-06-20 13:56:23
0
Zinmar (Rosy)💐🌈 :
#crd
2026-05-13 13:53:10
1
丶Ko Kaung丶 :
ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် ဝင်မန့်ချင်တယ်ဗျာ၊ ဒါပေမဲ့ကျွန်တော်ကတော့ အရှည်ကြီး မမန့်တော့ပါဘူးဗျာ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်က စိတ်မရှည်တတ်ဘူးဗျ။ ဘာမဆို လိုရင်းတိုရှင်းပဲ ကြိုက်တယ်။ရှည်ရှည်ဝေးဝေးတွေ လျှောက် မမန့်ချင်ဘူး။ အဲလိုရှည် ရှည်ဝေးဝေး လျှောက်မန့်ရင် စာရိုက်တဲ့လူလည်း လက်ညောင်းမယ်၊ ဖတ်ရတဲ့ လူလည်း မျက်စိညောင်းမယ်။ ဒီတော့ ရှည်ရှည်ဝေးဝေး မန့်ရင် ကျန်းမာရေးကိုပါ ထိခိုက်စေကြောင်း သိရတယ်ဗျ။ ကျန်းမာခြင်းဆိုတာ လာဘ်တစ်ပါးပဲဗျ။ ကျန်းမာခြင်း ဆိုတဲ့ အရာက အသက်ကြီးရင် ရဖို့မသေချာတော့ဘူး။ ဒီတော့ လူတိုင်းလူတိုင်း ကျန်းမာရေးကို ဂရုစိုက်သင့်တယ်ဗျ။ကျွန်တော်ပြောတာ လိုရင်းတောင် ပျောက်သွားပြီ။ စောစောက အကြောင်းလေး ပြန်ဆက်တာပေါ့ဗျာ။ Comment အရှည်ကြီးတွေ မန့်ရတာ စိတ်မရှည်တော့ အရှည်ကြီး ပြောရမယ့် အလုပ်ကကျွန်တော့် အတွက်တော့ တော်တော် ၀န်လေးတယ်ဗျ။ ရှည်ရှည်ဝေးဝေး ပြောဖို့လည်း တစ်ခါမှ စိတ်တောင် မကူးဖူးပါဘူးဗျာ။ အိမ်မက်တောင် မမက်ဖူးတာဗျ။ စကား အရှည်ကြီး ပြောဖို့ စဉ်းစားလိုက်တိုင်း လူက ဘာမှမလုပ်ပဲ အလိုလိုနေရင်း မောလာရောဗျ။ ဘာဖြစ်လို့လည်း ဆိုတော့ စိတ်မရှည်ရတဲ့ အလုပ် လုပ်ရရင် နှလုံးက မောလာရော။ ဒါကြောင့်ကျွန်တော်က စကား အရှည်ကြီးတွေ ဘယ်တော့မှ မပြောနိုင်ဘူးဗျ။ ဒီတစ်သက် ကျွန်တော်စကားအရှည်ကြီး ပြောတာတွေ့ချင်ရင် ဘုရားမှာ ဆုတောင်းကြပါ။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ ဆုတောင်းတိုင်းလည်း မပြည့်တတ်ဘူးဗျ။ ဒါလည်းဟုတ်တာပဲ။ ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် သူတောင်းစားတွေ တိုက်ဆောက်ကုန်မှာပေါ့။ ကိုယ်တောင်းတဲ့ဆု ပြည့်နိုင်၊ မပြည့်နိုင်ဆိုတာ အတိတ်ဘ၀က ကိုယ်လုပ်ခဲ့တဲ့ ကုသိုလ်ကံနဲ့လည်း ဆိုင်သေးတယ်နော်။ သြော်.......လိုရင်းကပျောက်ပြန်ပြီ။ အဓိကကေတာ့ စိတ်မရှည်တတ်လို့ အရှည်ကြီး ပြောတာလို့ ပြောရင်လည်း မမှားဘူးဗျ။ ကျွန်တော်လည်း စိတ်ရှည်ဖို့တော့ ကြိုးစားနေပါတယ်။ ဒါမှစကားအရှည်ကြီးတွေ ပြောနိုင်မှာ။ မဟုတ်ရင် ကျွန်တော့်ဘ၀က အခုလို စကား တိုတိုလေးတွေပဲ ပြောနိုင်တဲ့ဘ၀က လွတ်မှာမဟုတ်ဘူး။ ကျွန်တော့်မှာ အခုထိ သူများတွေ စကားရှည်ရှည် ပြောတာတွေကို အားကျရတဲ့ဘ၀ပဲ ရှိပါသေးတယ်ဗျာ။ နောက်ကျရင် ကျွန်တော် စကား အရှည်ကြီးတွေ တတ်နိုင်သလောက် ပြောပေးပါမယ်ဗျာ။ အခုကတာ့ sorry ပါ။ ကျွန်တော် ဘာလို့ အရှည်ကြီးတွေ မပြောနိုင်လည်းဆိုတာ အားလုံးလည်း အခုဆို သိလောက်ပါပြီ။ ကျွန်တော်က အရှည်ကြီးတွေ ပြောနိုင်အောင် ကြိုးစားမယ်သာ ပြောနေတာ။ တစ်ချို့က Comment အရှည်ကြီးတွေကို မကြိုက်တတ်ဘူးဗျ။ အဲလို မကြိုက်တတ်တဲ့ လူတွေကလည်း ရှိသေးတော့ ကျွန်တော်က comment အရှည်ကြီးတွေ မန့်ဖို့ ကြိုးစားရမှာကို လက်တွန့်နေပြန်ရော။ လူတစ်ကိုယ်မှာ အကြိုက်က တစ်မျိုးစီ ရှိတ
2026-06-15 05:34:15
0
*• KYAW •* (Official)✅ :
စာသားလေး ချပေးပါလား
2026-04-30 14:49:50
1
雨嘉 :
စာသားကြိုက်တယ် ပို့ပေးပါလား🥰
2026-04-25 03:49:25
1
နတ်သက်ကြွေ :
ဟုတ်ပ
2026-04-26 13:55:03
1
🌹Chelsa🌹🇳🇱 :
မှန်တယ်အရမ်းပဲ နားလည်ဖို့သိပ်လိုတယ်🌷🌷🌷
2026-04-26 05:26:25
1
Moe :
အရမ်းကြိုက်တယ်စာသားလေး🥰🥰🥰
2026-04-25 00:28:30
1
hninhninmaw :
ဟုတ်ပါ🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-04-25 02:56:01
1
👑 Nandar KoKo 💍💎Pyinoolwin :
Crd🥰🥰🥰💜💜💜
2026-04-26 08:23:16
1
🌿🍁𝓢𝓮𝓷𝓰𝓐𝓲𝓷🍁🌿 :
စာသားကိုလင့်ချပေးပါလားရှင့်
2026-06-03 14:29:42
0
🌸Su🌸တောင်တွင်းသူလေး :
😔😔😔😔😔
2026-04-24 12:52:40
1
Sudarle Naing :
🥹🥹🥹
2026-04-26 08:23:16
0
U Naing Win :
👍👍👍👍👍👍
2026-05-11 13:39:43
0
k :
🥰🥰🥰🥰🥰
2026-04-25 05:50:48
0
AungPaingHtun😍😍😝 :
🥺🥺🥺🥺
2026-04-25 10:37:40
0
Shin Khant :
🥰🥰🥰
2026-06-15 06:22:31
0
Lamung Kaw Seng🐼 :
☑️😊
2026-06-19 15:57:43
0
To see more videos from user @sweetoneeight, please go to the Tikwm
homepage.