@locksmithgb: ✅ VW Passat 5.5 – добавяне на втори ключ 🔑 Изработка и програмиране на допълнителен ключ 💻 Обучаване към имобилайзер 📡 Програмиране на дистанционно с всички работещи функции ⏱️ Време за работа: около 20 минути 🛡️ 12 месеца гаранция Професионална работа с правилната техника и опит. 📍Габрово 🚗 Автоключарски услуги 24/7 #автоключар #vw #pasat #foru

Ключар и Автоключар Габрово
Ключар и Автоключар Габрово
Open In TikTok:
Region: BG
Friday 24 April 2026 15:50:22 GMT
2586
24
3
1

Music

Download

Comments

velkovski_auto
ceko velkovski :
каква е цената в този случай?
2026-04-26 12:13:33
0
marin.atanasov36
Marin Atanasov :
цена
2026-04-25 05:52:35
0
To see more videos from user @locksmithgb, please go to the Tikwm homepage.

Other Videos

ရူးက တစ်မူး မသာချင်နဲ့ ━━━━━━━━━━━━ ဘဝဆိုတာ ပုံသေတွက်လို့ မရဘူး။ အတက်အကျ အနိမ့်အမြင့် ရှိတယ်။ ဒီသဘောလေးကို မကြာမကြာ ဆင်ခြင်ဖို့ လိုတယ်။  မဆင်ခြင်ရင် ကိုယ့်ဘဝကို ပုံသေတွက်တတ်တယ်။  ဘဝကို ပုံသေတွက်လိုက်လို့ မှန်ကင်းကနေ ထင်းဖြစ်သွားတဲ့သူတွေ အများကြီး ရှိပါတယ်။ လောကကြီးမှာ တည်မြဲတာ ဘာတစ်ခုမှ မရှိဘူး။ ဒီကနေ့ နန်းတော်ထဲမှာ နေရပေမဲ့ မနက်ဖြန် အကျဉ်းထောင်ထဲ ရောက်သွားနိုင်တယ်။ ဒီကနေ့ တရားသူကြီး ဖြစ်နေပေမဲ့ နောက်တနေ့ တရားခံ ဖြစ်သွားနိုင်တယ်။ ဒီကနေ့ အထူးကုကြီး ဖြစ်နေပေမဲ့ နောက်တနေ့ လူနာ ဖြစ်သွားနိုင်တယ်။  ဘယ်အရာမှ ပုံသေတွက်လို့ မရဘူး။ ဒါကြောင့် အတ္တ မာန ဖြစ်စရာ အကြောင်း မရှိပါဘူး။  ဘာကြောင့်များ ဖြစ်နေကြလဲ? စဉ်းစားကြည့်လေ အဓိပ္ပါယ် မရှိလေပါပဲ။ ဘယ်လိုလူဖြစ်ဖြစ် အသက်ရှူရပ်တဲ့အခါ အားလုံးဟာ
ရူးက တစ်မူး မသာချင်နဲ့ ━━━━━━━━━━━━ ဘဝဆိုတာ ပုံသေတွက်လို့ မရဘူး။ အတက်အကျ အနိမ့်အမြင့် ရှိတယ်။ ဒီသဘောလေးကို မကြာမကြာ ဆင်ခြင်ဖို့ လိုတယ်။ မဆင်ခြင်ရင် ကိုယ့်ဘဝကို ပုံသေတွက်တတ်တယ်။ ဘဝကို ပုံသေတွက်လိုက်လို့ မှန်ကင်းကနေ ထင်းဖြစ်သွားတဲ့သူတွေ အများကြီး ရှိပါတယ်။ လောကကြီးမှာ တည်မြဲတာ ဘာတစ်ခုမှ မရှိဘူး။ ဒီကနေ့ နန်းတော်ထဲမှာ နေရပေမဲ့ မနက်ဖြန် အကျဉ်းထောင်ထဲ ရောက်သွားနိုင်တယ်။ ဒီကနေ့ တရားသူကြီး ဖြစ်နေပေမဲ့ နောက်တနေ့ တရားခံ ဖြစ်သွားနိုင်တယ်။ ဒီကနေ့ အထူးကုကြီး ဖြစ်နေပေမဲ့ နောက်တနေ့ လူနာ ဖြစ်သွားနိုင်တယ်။ ဘယ်အရာမှ ပုံသေတွက်လို့ မရဘူး။ ဒါကြောင့် အတ္တ မာန ဖြစ်စရာ အကြောင်း မရှိပါဘူး။ ဘာကြောင့်များ ဖြစ်နေကြလဲ? စဉ်းစားကြည့်လေ အဓိပ္ပါယ် မရှိလေပါပဲ။ ဘယ်လိုလူဖြစ်ဖြစ် အသက်ရှူရပ်တဲ့အခါ အားလုံးဟာ "မသာကောင်" ဖြစ်သွားကြတယ်။ မှန်ပါတယ် ၊ သေပြီဆိုတာနဲ့ ရှင်ဘုရင်လည်း မသာကောင်ပဲ၊ မင်းသားလည်း မသာကောင်ပဲ၊ ဝန်ကြီးလည်း မသာကောင်ပဲ။ မသာကောင်ချင်းအတူတူ "ငါက သူ့ထက် သာတယ်၊ သူက ငါလောက် အဆင့် မရှိဘူး" လို့ ပြိုင်နေခြင်းဟာ… အရူးက တစ်မူးသာခြင်းပါပဲ။ တကယ်တော့ အတ္တမာနဆိုတာ အဖျက်တရားပါ။ ဘာကြောင့်လဲ? ဘယ်အရာကိုမှ မတည်ဆောက်နိုင်ဘူးလေ၊ ဒါပေမဲ့ ကောင်းတာမှန်သမျှကိုတော့ ဖျက်စီးပစ်နိုင်တယ်။ ဒါကြောင့် အတ္တမာနဆိုတာ အဖျက်တရားသက်သက်ပါ။ ⭐️ အမတ်ကြီးနှင့် မင်းသား ⭐️ ရာဇဝင်မှာ အမတ်ကြီး ရာဇသင်္ကြံ ဆိုတာ ရှိခဲ့ဖူးတယ်။ တစ်နေ့ ညီလာခံမှာ အမတ်ကြီး ထိုင်နေတုန်း သီဟသူ ရောက်လာတယ်။ အမတ်ကြီးက သီဟသူကို မမြင်တော့ နေရာဖယ်မပေးဘူး။ မင်းသား သီဟသူကလည်း ခပ်ထန်ထန်။ ဒီတော့ "ငါ လာနေတာကို လမ်းမဖယ်ရ ကောင်းလား" ဆိုပြီး အမတ်ကြီးကို ကွမ်းသွေးနဲ့ ထွေးလိုက်တယ်။ အဲဒါ အတ္တမာနပဲ။ အမတ်ကြီးက အခဲမကြေဘူး၊ ကွမ်းသွေးနဲ့ အထွေးခံရတဲ့ အင်္ကျီကို သိမ်းထားတယ်။ အမှတ်တရ သိမ်းထားတာ မဟုတ်ဘူး၊ လက်စားချေဖို့ သိမ်းထားတာ။ နောက်ပိုင်း အခွင့်သာတဲ့အခါ အမတ်ကြီးက မင်းသားသီဟသူကို "ဒလမြို့မှာ ဆင်ဖြူတော် ပေါ်နေပြီ" ဆိုပြီး ခေါ်လိုက်တယ်။ မင်းသားကလည်း ဆင်ဖြူတော်ကို မက်မောတော့ အဟုတ်မှတ်ပြီး ဒလကို လိုက်သွားတယ်။ ဒလလည်း ရောက်ရော ဆင်ကျုံးသွင်းတဲ့ နေရာမှာပဲ အမတ်ကြီးက မင်းသားကို တခါထဲ သတ်ပစ်လိုက်တယ်။ #သံဝေဂ_ရစရာပါပဲ။ အပေါ်ယံ ကြည့်ရင်တော့ သီဟသူကို အမတ်ကြီးက သတ်တာလို့ ထင်စရာပဲ။ တကယ်တမ်းစဉ်းစားကြည့်တော့ အမတ်ကြီးက သတ်တာ မဟုတ်ဘူး၊ မာနက သတ်လိုက်တာ။ ဒီဖြစ်စဉ်ကို ကြည့်ရင် မင်းသား သီဟသူဟာ အတ္တမာနကြောင့် အသတ်ခံရတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အောင်မြင်မှုတွေ ဘယ်လောက်ရရ အတ္တမာန မလွန်ကဲအောင် သတိထား ပြုရမယ်။ ⭐️ နေ့စဉ်ပွားပါ ဤငါးဖြာ ⭐️ လောကမှာ အတ္တမာန လွန်ကဲနေသမျှ ဘယ်တော့မှ မငြိမ်းချမ်းနိုင်ဘူး။ ဒါကြောင့် အတ္တမာနကို လျှော့ချဖို့ လိုတယ်။ အတ္တမာနကို လျှော့ချဖို့အတွက် တရားငါးမျိုး ဆင်ခြင်ရမယ်။ တရားငါးမျိုး ဆင်ခြင်လိုက်ရင် "အားလုံးဟာ တခဏပဲ၊ ဘာကိုမှ ဆုပ်ကိုင်ထားလို့ မရဘူး၊ ကိုယ်လုပ်တဲ့ ကောင်းမှုသည်သာ ကိုယ့်နောက်ပါမယ်" လို့ တရားသဘောကို နားလည်လာမယ်။ တရားသဘောကို နားလည်လာလေ အတ္တမာန နည်းလေ၊ အတ္တမာန နည်းလေ ဘဝက ငြိမ်းချမ်းလေပဲ ဖြစ်ပါတယ်။ ၁။ ငါသည် အိုခြင်းသဘောရှိ၏။ အိုခြင်း သဘောတရားကို မလွန်ဆန်နိုင်ပါတကား။ ၂။ ငါသည် နာခြင်းသဘောရှိ၏။ နာခြင်းသဘောတရားကို မလွန်ဆန်နိုင်ပါတကား။ ၃။ငါသည် သေခြင်းသဘောရှိ၏။ သေခြင်းသဘောတရားကို မလွန်ဆန်နိုင်ပါတကား။ ၄။ငါသည် ခပ်သိမ်းသော သူတို့နှင့် ခွဲခွါရမည် ဖြစ်၏။ ခွဲခွါခြင်းသဘောတရားကို မလွန်ဆန်နိုင်ပါတကား။ ၅။ ငါသည် ငါပြုထားသော ကောင်းကံ ဆိုးကံတို့၏ ကောင်းမွေ ဆိုးမွေတို့ကို ခံယူရမည် ဖြစ်၏။ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိပေသည်တကား။ "သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ" #သီတဂူ_အရှင်ဒေဝိန္ဒာဘိဝံသ @အမာခံပရိသတ်များ

About