@burmanian_: ဆရာကြီး မင်းသုဝဏ်ဟာ “နှင်းဆီပွင့်” ကဗျာကို ၁၉၃၂ ခု၊ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ရေးခဲ့ပါတယ်။ ၁၉၅၃ ခုနှစ်ထုတ် လင်းရောင်ခြည် ပထမတန်းဘတ်စာမှာ ပြဋ္ဌာန်းကဗျာအဖြစ်ပါဝင်ခဲ့ပါတယ်။ ကာလရွေ့လာတာနဲ့အမျှ ဒီကဗျာရဲ့ စာလုံးတချို့လဲ နည်းနည်းစီ ကွဲလွဲလာပါတယ်။ လယ်တောက အပြန် ဆိုပြီး “အ” ပါတာနဲ့ မပါတာ မူကွဲနှစ်မျိုးတွေ့ရပါတယ်။ ကြော့ဆုံးကို မောင်မြင်တော့ ဆိုပြီး ကြော့ဆုံးနောက်မှာ “ကို” ပါလာပါတယ်။ တချို့နေရာတွေမှာ ကြော့ဆုံးကို “ကြော့ထုံး” ဆိုပြီး ဖြစ်လာပါတယ်။ ဒီကဗျာကို အခြေခံထားတဲ့ (ဦး)သုမောင်ရဲ့ ပွဲဦးထွက်သီချင်း “ပန်းဦးပန်မယ့်သူ” ဟာလည်း နာမည်ကျော်ပါတယ်။ ဒီသီချင်းဟာ ၁၉၇၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “နှောင်းတမြေ့မြေ့” ရုပ်ရှင်ရဲ့ ဇာတ်ဝင်တေးဖြစ်ပါတယ်။ #burmanian #myanmar #burma #myanmarpoem #myanmarmovie

Burmanian
Burmanian
Open In TikTok:
Region: TH
Saturday 25 April 2026 18:43:00 GMT
162814
11443
70
470

Music

Download

Comments

kyawkyar045
kyawkyar045 :
သုမောင် အသံလို့ထင်ပါတယ် ကျက်သရေရှိပါဘိ
2026-05-05 03:44:57
8
phyo.mg.mg783
Phyo Mg Mg :
သူ့ချစ်သူပြောလို့ ခရေပန်းခူးခဲ့ပေမယ့် နှင်းဆီပန်းက ဘယ်သူကဝင်ပေးသွားတာလဲဗျ။ ကဗျာနားထောင်ပြီး ဘယ်လိုကြီးမှန်းမသိဘူးဗျာ😌
2026-04-26 08:39:56
9
min.thant6639
ĐŘÄKË :
ဆရာကြီးမင်းသုဝဏ်ငယ်စဉ်တုန်းက(ကောလိပ်ကျောင်းသာဘဝတူန်းက)ဆရာကြီးနဲ့ချစ်ကြိုက်တဲ့အမျိုးသမီးတစ်ဉီးရှိတယ်၊ဆရာကြီးမင်းသူဝဏ်ကရာထူးဂုဏ်ရှိန်ဝါမရှိသေးတော့အမျိုးသမီးငယ်ရဲ့အသိုင်းဝိုင်းကရာထူးဂုဏ်ဝါရှိမှသဘောတူမယ်လို့ပြောပါတယ်၊ဒါကြောင့်ဆရာကြီးဟာကြိုးစားတယ်ပေါ့ဗျာနိုင်ငံခြားပညာတော်အဖြစ်ရွေးချယ်ခံရတယ်၊ပညာတော်သင်အဖြစ်လည်းသွားတယ်၊ဒါပေမဲ့ပညာတော်သင်ကနေပြန်လာတဲ့အခါသူနဲ့ချစ်ကြိုက်ခဲ့အမျိုးသမီးကအခြားတယောက်နဲ့လက်ထက်သွားတယ်ဗျ။ ဒါကြောင့်ဆရာကြီးကဒီကဗျာကိုရေးခဲ့လို့ကြားဘူးတယ်ဗျ၊ ကျနော်ပြောတာမှာလိုအပ်ချက်တွေလည်းရှိနိုင်တယ်ဗျ။
2026-05-15 05:23:13
8
ko.zwe2718
Ko Zwe :
ကဗျာတစ်ပုဒ် ဝတ်ထုတစ်အုပ်ဆိုတာ အမှန်ပဲဗျာ...
2026-04-25 19:31:58
8
ye.min.htet878
Ye Min Htet :
ဘတ်စာလား ဖက်စာလား?
2026-04-26 13:52:10
0
aungmyozaw965
Aung Myo Zaw(Aung Family) :
အကြိုက်ဆုံးကဗျာပါ အချစ်ဆိုတာဟာ ဘယ်လိုအရာလဲဆိုတာကို ယောက်ျားဆန်ဆန် ချစ်ခြင်းမေတ္တာ အစစ်မှန်ကို ချပြထားတဲ့ကဗျာ
2026-05-26 03:01:35
4
thu.wun5
Thu Wun :
အတော်ပလီ😂😂😂 ဆရာကြီးမင်းသုဝဏ်တော်ချက်🥰🥰🥰
2026-04-26 07:39:32
1
chothaekhi
Chothaehtwe :
🥰🥰🥰မရမ်းချစ်စရာကောင်းတဲ့ ကဗျာ ဆရာမ ဂျူးရွတ်ပြတာကနေသိရတဲ့ကဗျာလေး
2026-04-26 03:51:26
1
xgod1002661
X GOD :
ကြော့ဆုံး ဆိုတာကို မသိတာ ပြောပြပေးကြပါဦးဗျ
2026-06-30 16:04:57
0
ju.lian857
Thandar :
အရမ်းကြိုက်တယ်
2026-06-07 06:59:27
0
thiri35850
Tr.Thiri :
အကြိုက်ဆုံး ကဗျာ
2026-05-31 07:50:29
0
khoon.2586
Delilah ™✓ :
ဆရာ သော်တာဆွေကဗျာဘဲ ပြေးမြင်
2026-05-31 04:49:46
0
yaryar111115
မောင်တကောင်း✅ :
ကျနော်သာဆိုခရေကိုပဲရွေးမိမာဗျ
2026-04-28 03:43:21
1
htikehtikesoe44
htikehtike :
သူပြန်လာတဲ့အထိစောင့်နေမှာဘဲ
2026-05-31 16:34:14
0
tthh2660
👁💢️️👁 :
ယူသုံးပါရစေ🥰
2026-04-26 03:40:08
0
myo.khant.kyaw175
Myo Khant Kyaw :
သိပ်ကောင်းတဲ့ကဗျာလေးပဲ
2026-04-26 14:29:58
0
kar.yan.tun.chain
ကာရံထွန်းချိန်းလိတ်စက်ရုံ :
crush လေး သူများနဲ့ကြိုက်သွားတာပါ
2026-05-05 09:25:35
0
u.nyi568
မြိတ်ကျားဝတ်ပင်ရင်းတိုက်ရိုက် :
အရသာ ရှိလိုက်တာဗျာ။
2026-04-27 05:11:58
0
tete30240
ပန်ပန် :
သူ့ရဲ့ငယ်ချစ် စာရေးဆရာမကြီး ကို ရည်ရွယ်ပါတယ်🥰🥰🥰🥰
2026-04-26 08:51:43
0
mya.myintzu538
Mya Myintzu :
ငါကဘာဖြစ်လို့ခရေပန်းဘက်ကနာမိမှန်းမသိ😅😅😅
2026-04-28 03:54:42
0
guccio873
HtinMyintAung :
မိုက် တယ် ကွာ 🥰🥰🥰
2026-04-26 05:07:03
0
kyaw.naing3295
🏳️‍🌈Kÿáw Žïñ Ñãïńĝ🇹🇭 :
မဂျလာပါ 😍😍😍😍😍
2026-04-26 03:33:09
0
t.h.zaw
THZ :
တစ်ဖက်သက်ချစ်ရတဲ့ကောင်မလေးက ခရေဖူးလေးတွေပန်ချင်တယ်ဆိုလို့ ခူးလာပေးခဲ့တယ် ချစ်ရသူဆီရောက်ပြန်တော့ တခြားသူပေးထားတဲ့နှင်းဆီပန်းလေးတွေပန်ထားတော့ ကိုယ် ေပးတဲ့ပန်းနဲ့မဟုတ် ေပမယ့်လဲ လှပါတယ်လေဆိုတဲ့မုဒိတာစိတ်လေး ခုခေတ် ေယာကျာ်း ေတွမှာရှားသွားတဲ့အချစ်ပါ
2026-04-26 02:26:26
6
user112632206717
ကခ :
ခရေယူလာတယ်
2026-04-26 01:30:31
0
To see more videos from user @burmanian_, please go to the Tikwm homepage.

Other Videos


About