@kountyoe124: အဖေ ခေါ်လို့လည်း မထူးနိုင် အော်လို့လည်း မကြားနိုင် မျှော်လို့လည်း မလာနိုင် ဒီလိုခရီးမျိုးကို ထွက်ခွက်သွားခဲ့တာ အခုဆို ဆယ်စုနှစ်တခုနီးပါးတောင် ရောက်လာခဲ့ပြီ သတိရတယ် အဖေ ဒီမိသားစု စားဝတ်နေရေးအတွက်ဆိုရင် အရိပ်မှာနားရကောင်းမှန်းလည်းမသိ အနွေးထည်ဝတ်ရကောင်းမှန်းလည်းမသိ အေးနေရင်လည်း အနွေးမပျက်ခဲ့သလို ပူနေရင်လည်း အပြေးမရပ်ခဲ့ဘူး ဖျားနာနေလည်း အပြုံးမပျက်ခဲ့သလို ခါးနာနေလည်း လွတ်မချခဲ့ဘူး ဘယ်လောက်လေးလေး ထမ်းခဲ့ရှာတယ် ဘယ်လောက်ကြမ်းကြမ်း ရှောက်ခဲ့ရှာတယ် ချွေးတွေလည်း ရွှဲလို့ သွေးတွေလည်း ဖြာလို့ပေါ့ ဒါပေမဲ့ သနားစရာ အဲဒိလူကြီးကလေ ဘယ်လောက်ပဲ ချွေးစက်တွေ ရွှဲရွှဲ ဘယ်လောက်ပဲ သွေးစက်တွေ ဖြာဖြာ မိသားစုဆိုတဲ့ အတွေးလေးကတော့ သူ့အတွက် အမြဲလိုလို ချိုနေခဲ့ပုံပါပဲ တစ်နေ့တာ အခတ်ခဲတွေကြားမှာ ကြိုးစားလို့ရုံးကန် ရှာဖွေကျွေးလို့ ပင်ပန်းဆင်းရဲခြင်း ဆာလောင်ငက်မွတ်ခြင်းတွေကို သတိမမူ မငြီးမငြူပဲ အချိန်မမှန် အိမ်ပြန်နောက်ကျလို့ရောက်လာရင်တောင် အဲဒိလူကြီး မေးတဲ့စကားကလေ သားတို့သ္မီးတို့ အဆင်ပြေကြရဲ့လား သားတို့သ္မီးတို့ စားပြီးကြပြီလားတဲ့ ကျေးဇူးတင်ပါတယ် အဖေ ဒီစကားနဲ့မလုံလောက်ဘူးဆိုတာသိပေမဲ့ ဒီဘဝမှာ အဖေ့ရဲ့ပေးဆပ်မှုတွေဟာ လုံလောက်တယ်ဆိုတာထက် ပိုပြီးလုံလောက်ခဲ့ပြီးပြီမို့ ချွေးစက်တွေအတွက်ကော သွေးစက်တွေအတွက်ကော ဒီမိသားစုလေးက ကျေးဇူးတင်လျက်ပါ အဖေ #စာတို #fypシ゚viral🖤tiktok #လူငယ်များဆီသို့ #ရောက်ချင်တဲ့နေရာရောက်ကွာ
ကောက်ရိုး🚬
Region: MY
Sunday 26 April 2026 10:25:00 GMT
Music
Download
Comments
🎀နေပြည်တော်သူလေး🎀 :
ကိုယ့်မှာ မျက်ရည်တေဝဲပီး တိတ်လို့စိတ်လို့ လွမ်းတယ် ဖေဖေရယ်🥺
2026-05-15 06:55:17
20
Yan Lin Maung :
စာသားလေး ပြန်တင်ချင်လို့ စာသားလေးချ ပေးလို့ရမလားဗျာ့
2026-04-26 10:58:10
16
Myo Thu :
အဖေ လို့ခေါ်သံကြားရင်လေ
ကျွန်တော်ပျော်တဲ့ အပျော်တွေရ
ကမ္ဘာကြီးတစ်ခုလုံ လှသွားတလိုပါပဲ
သားတစ်ယောက်က အဖေ လိုစခေါ်တဲ့နေက အဖေ ရဲ့အပြုံးတွေက အလှဆုံပဲဗျ
2026-04-28 00:46:47
12
ZinZin :
အဖေနဲ့အမေအရမ်းချစ်တယ်လွမ်းတယ်❤️❤️😘😘
2026-05-16 17:55:03
1
Rachel Lynn :
အဖေ လို့ ပြန်ခေါ်ချင်လိုက်တာ တနေ့မှ မေ့မရပါဘူး ကောင်းရာဘုံဘဝမှာ ပျော်ရွှင် ချမ်းမြေ့ပါစေ
2026-05-02 05:02:51
13
PaungPaung :
လွမ်းတယ်အဖေရေ😥နောက်ဘဝဆိုတာရှိရင်အဖေနဲ့ပြန်ဆုံတွေ့ချင်ပါတယ်ဗျာ😔🥺😔
2026-05-09 09:09:18
7
Santa မာမီ🐶 :
၀မ်းနည်းလို့စာဖတ်ကြည့်ပါတယ်မျက်ရည်ပါကြရတယ်လို့ဟာ😭
2026-05-17 10:27:10
2
Zar Zar :
ဖေဖေနဲ့စကားတွေအများကြီးပြောချင်သေးတယ်
2026-05-28 05:17:02
1
❤W❤P❤P❤A❤ :
စာသားလေး ပြန်တင်ခွင့်ပြုပါ😔😔
2026-05-19 00:21:34
1
@Nwe ယွကျား😎😎 :
စာသားလေး ပြန်တင်လို့ရလားဗျ
2026-05-08 17:08:56
2
❤ :
လွမ်းတယ်အဖေရေ ဘယ်တော့မှခေါ်ခွင့်မရှိတော့တဲ့နာမ်စားလေး😭😭😭😭
2026-05-06 18:29:04
2
Mi Htike 🏳️🌈 :
အရမ်းလွမ်းတယ် အဖေရယ်😔🥺
2026-05-22 17:18:44
1
ပိန်နဲကုန်းသူလေးပါရှင့် :
အရမ်းလွမ်းတယ်အဖေ😭😭😭
2026-05-16 06:31:23
1
ZarZar Wint Htet♉ :
စာသားအတိုလေး ပေးလို့ ရရင် ပေးပါလားရှင့်🥰 အဖေလို့ မခေါ်ရတာ 7 နှစ်ကျော်ပြီ🥺🥺🥺
2026-05-08 13:44:30
2
KĄĜ€☠️☠️💀 :
လွမ်းတယ်ဒီလောက်ပဲပြန်မရနိုင်တော့ဘူးလေ🥺
2026-05-07 01:10:30
2
🩵Htet Htet Aung Real Estate💛 :
ငိုမိပီ
2026-05-16 17:17:15
1
🍭🎀 ပိစိ 🎀🍭🔮 :
ပြန်တင်ခွင့်ပြုပါ
2026-05-18 11:49:49
1
တောင်ငူသူလေး🥰🥰🥰 :
အတူတူပါဘဲအဖေကိုလွမ်းတယ့်😭😭😭😭😭
2026-05-21 14:38:46
1
🌻M🌻 :
အရမ်းလွမ်းးတာပဲအဖေရယ်😥😥
2026-05-11 09:53:24
1
Miko :
ပြန်တင်ခွင်လေးပေးပါ
2026-05-19 15:12:27
1
YADANAR♈♈🖤💫❄ :
crdပါ
2026-05-12 04:39:07
1
Lily.(လီလီ)🌺 :
လွမ်းတယ်😞
2026-05-11 02:33:42
1
⭐ :
လွမ်းတယ်အဖေ😭
2026-05-09 06:12:42
1
BNACK Cheep :
[sticker]
2026-05-06 14:26:39
1
To see more videos from user @kountyoe124, please go to the Tikwm
homepage.