@m.p4925: @ကိုယ့်ကိုငဲ့ညှာတဲ့သူကိုပဲရွေးပါဆိုတဲ့စကားလေး တကယ်ကိုမှန်တယ်။ ဘယ်အခြေအနေမှာဖြစ်ဖြစ် ကိုယ့်ကိုအရင်ဆုံးငဲ့ကွက်တဲ့လူဟာ သိပ်ကိုတန်ဖိုး ရှိတယ်။ ဒေါသအလျောက် စကားတွေ၊လုပ်ရပ်တွေမလွန်မကျွံဘူး။ ကိုယ့်စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာကို အမြဲနားလည်ပေးနေမဲ့လူမျိုးကိုပဲ ရွေးချယ်သင့် တယ်။ လူတိုင်းဟာ စိတ်ကောင်းဝင်နေတဲ့အချိန် ကောင်း စွာချစ်နေနိုင်ကြပေမဲ့ စိတ်အခန့်မသင့်တဲ့အချိန်၊ ဒေါသထွက်တဲ့အချိန်၊စိတ်တွေရှုပ်ထွေးနေတဲ့ အချိန်မှာတော့ စရိုက်တွေပေါ်လာတာပဲ။ အဲ့အချိန် မှာတောင် ကိုယ်ချစ်တဲ့သူအပေါ်မနာကျင်ပြုပြင်ဖို့သွားမကြိုးစားနဲ့။ သူ့ဗီဇကိုက အဲ့လိုစရိုက် ကြမ်းရင်ဘယ်ကတိတွေကမှ အဲ့ဗီဇကိုမပြင်နိုင်ဘူး။ လူတွေရဲ့ နဂိုဗီဇကို ချစ်တဲ့စိတ်နဲ့ သည်းခံရင်း ပြုပြင်ဖို့သွားမကြိုးစားနဲ့။ ကိုယ်ပဲလုံးပါးပါးလိမ့် မယ်....အဲ့ဒါကြောင့် ငဲ့ညှာတဲ့သူကိုရွေးပါ။ လူကြားထဲချစ်ပြမနေတတ်နိုင်သည့်တိုင် နောက်ကွယ်မှာတော့ ခိုးပြီးမျက်ရည်ပေးမကျမဲ့သူ ကိုပဲရွေးပါ။ အချစ်လို့ခေါင်းစဉ်တပ်ပြီး တကိုယ်ကောင်းဆန် နေတာထက် ကိုယ်ချင်းစာတရားရှိတဲ့ လက်တွဲဖော် ဖြစ်ဖို့က ပိုအရေးကြီးပါတယ်။ လူတွေမှာ စာနာစိတ်ဟာရှားသွားပြီ။ အဲ့သည့်ထဲမှာမှ စိတ်ဓာတ်အောက်တန်းမကျတဲ့သူ ကိုပဲအနားမှာထားသင့်တယ်။ တချိန်လုံးပျော်မနေ ရရင်တောင် အမြဲတမ်းတော့ စိတ်မဆင်းရဲရဘူး။ တကိုယ်ကောင်းဆန်ဆန်ချစ်တဲ့သူထက် ငဲ့ညှာပြီးချစ်ပေးတဲ့သူကိုပဲ ရွေးစေချင်ပါတယ်။ အချစ်ဟာ အားပဲဖြစ်ရမယ်...အဆိပ်အတောက် ဆန်လာရင် ကျွန်မတို့စွန့်လွှတ်ရမယ်....ဒါဟာ ကိုယ့်ကိုယ်ကိုကောင်းစွာတန်ဖိုးထားတတ်ခြင်းပါ။#tiktok #crd
M P
Region: MM
Sunday 26 April 2026 14:01:25 GMT
Music
Download
Comments
💢ပေါက်စ🐼 :
သိချင်နံမည်လေး
2026-04-28 04:49:33
39
꧁࿇♥𝒀𝒖🌻𝑵𝒂𝒚🌞သစ္စာ♥࿇꧂ :
ချစ်လိုက်
အခြားတစ်ယောက်ကိုချစ်လိုက်🥺
2026-04-28 06:51:28
24
Ko Nyein :
ပြောလိုက်ရင်အချစ်ကအားပဲဖြစ်ရမရ်တဲ့
ကိုယ့်ရဲ့မကောင်းတဲ့ဘက်ခြမ်းတွေ ဆိုးကွက်တွေကိုနားလည်ပေးတဲ့သူကိုရွေးပါတဲ့ ကိုယ်ကိုယ်တိုင်ကျတော့ နည်းနည်းလေးစိတ်ညစ်ရပြီဆိုတာနဲ့အဆိပ်အတောက်ဖြစ်ရင်စွန့်လွှတ်လိုက်မရ်ဆိုတာကြီးကျတော့ တစ်ဖက်လူအပေါ်မတရားမဖြစ်လွန်းဘူးလား? ကိုယ့်ကိုယ်ငဲ့ညှာတဲ့သူကို ကိုယ်ကိုယ်တိုင်ကလည်းပြန်ငဲ့ညှာဖို့ လိုတရ်လေ မဟုတ်ဘူးလား?
2026-04-29 13:12:51
7
@အမေချစ်သောသားငယ်(@_@;) :
သီချင်း နာမည်
2026-05-29 23:40:45
1
🎀Daw Baby🎀 :
စာသားလေးလိုချင်မိ
2026-04-28 00:53:06
8
🥰🐰🍭Bunny Toe🍭🥰 :
အရမ်းကောင်းတယ် ဒိသီချင်းကနားကြပ်နဲ့ဆိုပိုကောင်း
2026-06-08 22:45:13
1
@🐦💞 :
စာသားလေးလိုချင်မိတယ်..ခုကိုယ့်အ ခြေအနေကအဲလိုဖစ်နေတယ်😢😢😢😢
2026-05-02 06:42:20
3
ခလေးလေ :
သီချင်းနာမည်လေပြောပြပါလား😊
2026-05-07 03:33:55
1
😏Mg Zin Gyi😏 :
နားထောင်လို့မရိုးဘူးဗျာ🥰🥰
2026-06-01 10:35:17
3
375622 :
တစ်ခူမဟုတ်ပါဘူး အများကြီးဖြစ်လို့🥺
2026-06-04 04:25:28
2
ကြီးကြီးနာက ဘဲမမ🤣😂🤪😁 :
အရမ်းကြိုက်💖
2026-06-11 07:36:35
1
လူကြီး". :
တို့ရွာကကိုကြီးးပါဟ 😎
2026-04-28 13:59:49
3
🍁💐𝐒𝐰𝐞 𝐙𝐢𝐧💐🍁 :
ရှုံးလက်စ ရှုံးပီးသားမို့ မထူးဆန်းဘူးတဲ့" ငါငိုချင်လာပီ🥺
2026-06-03 16:18:44
2
Hnin🍀 :
မပြောတတ်တော့ဘူး
2026-04-28 17:07:48
2
Mee🦋 :
စာသားလေးလိုချင်မိ🥰
2026-04-28 03:36:45
3
Ye Thu Rein :
အကြောင်းပြချက်ရှိတော့ရှိမယ်တစ်ခုခု💔💔💔💔
2026-06-08 17:08:23
1
💥မောင်ငမဲ💥NanThaZin fan 🥀💥 :
ချစ်လိုက်တဲ့ကွာ....မေ့နေကြ😞
2026-05-07 02:32:09
1
𝑺𝒕𝒓𝒂𝒘𝒃𝒆𝒓𝒓𝒚 🍓✨ Libra :
စာသားတွကအနှစ်တွေ😞😞
2026-04-30 01:25:50
3
မချစ်တယ်🥰မောင်🥰🥰💥 :
အစိုတော်နံမည်လေးပြောဘလားဗျ
2026-04-28 12:17:53
2
Kaung Chit Min :
Aiတေသိပ်မလုပ်နဲညီလေး
2026-04-28 04:30:59
4
🗽🗽August🗽🗽 :
တင်ပေးတာကျေးဇူးပဲအကိုတို့ရေ🥰
2026-05-28 16:24:24
2
Mm :
ကိုတွေကြိုက်ခဲ့ရတယ် သီးချင်းလေး
2026-04-28 05:55:05
2
Nickey💙 :
"ချစ်လိုက်"😪
2026-04-29 07:21:10
1
thu txu :
ထက်ရံ
2026-04-28 13:04:09
1
To see more videos from user @m.p4925, please go to the Tikwm
homepage.