@atwconstructionchannel2: 🌀 ကမ်းရိုးတန်းကို ခြိမ်းခြောက်နေတဲ့ မုန်တိုင်းများနဲ့ Saffir-Simpson Scale ဆိုတာ ဘာလဲ? 🌊 ကမ်းရိုးတန်းဒေသတွေမှာ အိမ်နဲ့ အဆောက်အအုံတွေ တည်ဆောက်တဲ့အခါ ရေကြီးခြင်းနဲ့ လေပြင်းတိုက်ခတ်ခြင်းစတဲ့ သဘာဝဘေးအန္တရာယ်တွေကို ကြိုတင်တွက်ချက်ထားဖို အလွန်အရေးကြီးပါတယ်။ မုန်တိုင်းတွေရဲ့ ဖျက်ဆီးနိုင်စွမ်းကို သေချာသိရှိနားလည်ထားမှသာ မိမိရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို စိတ်ချရအောင် ကြိုတင်ကာကွယ်နိုင်မှာပါ။ ဒီဗီဒီယိုလေးမှာတော့ မုန်တိုင်းတွေရဲ့ လေတိုက်နှုန်းနဲ့ အဖျက်စွမ်းအားကို တိုင်းတာတဲ့ Saffir-Simpson Hurricane Wind Scale အကြောင်းကို Knowledge Sharing အနေနဲ့ အသေးစိတ် ရှင်းပြပေးထားပါတယ်။ 📌 လေ့လာသိရှိနိုင်မည့် အချက်အလက်များ - လေတိုက်နှုန်း ၃၉ မိုင် ကနေ ၇၄ မိုင်အထိကို အပူပိုင်းမုန်တိုင်း (Tropical Storm) လိုသတ်မှတ်ပြီး၊ ၇၄ မိုင်အထက် ကျော်လွန်သွားရင်တော့ ဟာရီကိန်း (Hurricane) သိုမဟုတ် တိုင်ဖွန်း (Typhoon) လို ခေါ်ဆိုပုံ။ Saffir-Simpson Scale မှာ မုန်တိုင်းအဆင့် (Category 1 မှ 5 အထိ) ခွဲခြားသတ်မှတ်ထားပုံ။ အင်ဂျင်နီယာတွေအနေနဲ့ ဒီလေတိုက်နှုန်း သတ်မှတ်ချက်တွေကို အခြေခံပြီး သဘာဝဘေးဒဏ်ခံနိုင်မယ့် အဆောက်အအုံတွေကို ဘယ်လို တွက်ချက်တည်ဆောက်ရသလဲဆိုတဲ့ အချက်များ။ နောက်ထပ်လည်း ကမ်းရိုးတန်းဒေသ အဆောက်အအုံတွေအတွက် သိထားသင့်တဲ့ သဘာဝအန္တရာယ်တွေအကြောင်းကို ဆက်လက် မျှဝေပေးသွားမှာမို Video လေးကို လေ့လာကြည့်ပြီး Page ကို Follow & Share လုပ်ထားဖို မမေ့နဲ့နော်။ #KnowledgeSharing #Engineering #CoastalConstruction #HurricaneScale #StructuralEngineering #BuildingSafety
ATW Construction Channel 2
Region: MM
Tuesday 28 April 2026 00:30:00 GMT
Music
Download
Comments
KO AUNG :
အားပေးပါတယ်
2026-04-28 00:45:38
0
To see more videos from user @atwconstructionchannel2, please go to the Tikwm
homepage.