@wetletmyo21.6.2026sunday: မြတ်ဗုဒ္ဓ 👏🏼 ❝ ဝတ်ရုံခဲ့သော သင်္ကန်းတော်များ ❞ 🍃 🍃🍃 🍃🍃 🍃🍃 🍃🍃 🔶 ပဌမ သင်္ကန်းတော်- 〰〰〰〰〰〰〰〰〰 ဘုရားအလောင်းတော် တော ထွက်တော်မူစဉ်,အနော်မာသောင်ကမ်း၌ ရဟန်းပြုသော အခါက ဃဋိကာရဗြဟ္မာ လာရောက် လှူဒါန်းသော ကမ္ဘာဦးကြာသ င်္ကန်းတော် ဖြစ်လေသည်။ 🔶 ဒုတိယ သင်္ကန်းတော် 〰〰〰〰〰〰〰〰〰 မြတ်စွာဘုရားရှင် ဥရုဝေလ တော၌ သီတင်း သုံးတော်မူစဉ်, ပုပ်ပွ၍ ပိုးလောက် ကျနေသော ပုဏ္ဏာမည်သော ကျွန်မ အလောင်းကို ရစ်ပတ်ထားသော ပိုက်ဆံလျှော်အဝတ်အားပံ့သကူကောက် ယူ ဝတ်ဆင်တော် မူသော သင်္ကန်းတော် ဖြစ်လေသည်။ ပံ့သကူကောက်စဉ် မဟာမြေ ကြီး တုန်လှုပ်သည် အထိ ဂုဏ်တော်ကြီး မားထူးမြတ်သောသင်္ကန်းတော်ဖြစ်သည်။ 🔶 တတိယ သင်္ကန်းတော် 〰〰〰〰〰〰〰〰〰 မြတ်စွာဘုရားရှင်ကိုယ်တိုင် ပံ့ သုကူကောက်ယူ ဝတ်ဆင်တော်မူသောသ င်္ကန်းတော်ကို ရဟန်းဖြစ်စရှင်မဟာကဿ ပအား ချီးမြှောက်ခြင်း အနေဖြင့် ရှင်မဟာ ကဿပ၏ သင်္ကန်းနှင့် လဲလှယ် ဝတ်ဆင် တော်မူသည်(ထိုအခါ မြေကြီးတုန်လှုပ်၏) တတိယသာဝက ရှင်မဟာက ဿပအားပံ့သုကူသင်္ကန်းချီးမြှောက်သဖြင့် ရှင်မဟာကဿပသည်၊ (၁) ဓုတင် ၁၃-ပါးကို တစ်သက်လုံးဆောင် တော်မူသည်။ (၂) ဓုတင်အရာ ဧတဒဂ် ရတော်မူသည်။ (၃) အမြဲနိရောဓသမာပတ်ကို ဝင်စားတော် မူသည်။ (၄) ပထမ သင်္ဂါယနာ တင်ပွဲကို ဦးဆောင် တော်မူသည်။ (၅) မြတ်စွာ ဘုရားရှင်နှင့် ထပ်တူ သင်္ကန်း တော်လဲလှယ်သုံးဆောင်ခဲ့သဖြင့်သံဃာ တော်များကဘုရားကဲ့သို့လေးစားကြည် ညိုကြသည် ဆို၏။ 🔶 စတုတ္ထ သင်္ကန်းတော် 〰〰〰〰〰〰〰〰〰 မြတ်စွာဘုရားရှင် ရာဇဂြိုဟ်ပြည် ဝေ ဠုဝန် ကျောင်း၌ သီတင်း သုံးတော်မူစဉ်, ဥဇ္ဇေနီပြည့်ရှင် စဏ္ဍပဇ္ဇောတမင်းသည် ရော ဂါ ဖြစ်သောကြောင့် ဆရာဇီဝက အား ပင့် ဆောင်ကုသလေသည်။ ထောပတ်ဖြင့်ချက်သော ဆေးဖြင့် ကုသ၍ ရောဂါ ပျောက်လေသော်သိဝီတိုင်း ထွက် အလွန် မွန်မြတ်သော သိဝေယျက အ ဝတ်ကို ဆရာဇီဝကအား ဆေးဖိုး ပူဇော်ပေး ပို့လေ၏။ ဆရာဇီဝကသည် ထိုမွန်မြတ်သော အဝတ်(သင်္ကန်းလျာ)ကို မြတ်စွာဘုရားအား ဆက်ကပ်လှူဒါန်းလေသည် (ရဟန်းတို့ကို အ ပြစ်ကင်း၍ အပ်စပ်သော သင်္ကန်းလှူဒါန်းခွင့် ဆုကို ပြန်လည်တောင်းခံလေ၏။) 🔶 ပဉ္စမ သင်္ကန်းတော် 〰〰〰〰〰〰〰〰〰 မိထွေးတော်ဂေါတမီ ကိုယ်တိုင် စီမံ ပြုလုပ် လှူဒါန်းသော သင်္ကန်းတော် ဖြစ်လေ သည်သံဃာအားလှူစေ၍``သံဃာကိုလှူဒါန်း လျှင်ငါဘုရားကိုလည်းလှူဒါန်းပူဇော်ပြီးဖြစ် လိမ့်မည် ဟု မိန့်တော်မူ၍ ဘုရားအတွက် စေတနာသုံးချက်၊ သံဃာအတွက် စေတနာ သုံးချက် ဖြစ်စေပြီး ဘုရားကိုပထမ၊ သံဃာ ကို ဒုတိယ လှူဒါန်းသော သင်္ကန်းတော်မြတ် ဖြစ်သည်။ 🔶 ဆဋ္ဌမ သင်္ကန်းတော် 〰〰〰〰〰〰〰〰〰 မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံမည့် နေ့ပါဝါမြို့မကုသိနာရုံမြို့သို့လမ်းခရီးကြား မလ္လာ မင်းသား ပုက္ကုသသည် ရွှေရောင် အ ဆင်းရှိ နူးညံ့ မွန်မြတ်သော အဝတ်ထည်ကို မြတ်စွာ ဘုရားရှင် အား လှူဒါန်းလေသည်။ ထိုရွှေရောင်သင်္ကန်းကို ဝတ်ရုံတော် မူလေသော်မြတ်စွာဘုရားရှင်၏ အသားအ ရေတော်နှင့် အလွန်တင့်တယ် သပ်ပါယျတောျ မူလေသည်။ (ဘုရား ဖြစ်မည့်နေ့နှင့် ပရိနိဗ္ဗာန်စံ မည့်နေ့, ဤနှစ်ရက်တွင် မြတ်စွာ ဘုရားရှင် ၏အဆင်းတော်အလွန်တင့်တယ်ကြည်လင် ကြောင်း ဆိုလေသတည်း။) [ ကိုး ~ မဟာသုတဒီပနီ ]
✨🕊️𝓑𝓱𝓸𝓷𝓮 𝓷𝔂𝓪𝓷💫🕊️
Region: MM
Monday 27 April 2026 12:57:09 GMT
Music
Download
Comments
Than Swe :
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏သာဓုသာဓုသာဓုပါ ဘုရား
2026-06-06 11:05:36
2
ယုဇန :
ပီးခဲ့သည့်ကထိန်မှာဟောခဲ့ဘူးတယ်ဘုရား..လူကြိုက်များသောဒေသနာလေးပါ
2026-04-28 15:18:25
16
ရတနာဦး :
သာဓုသာဓုသာဓုပါြမတ်စွာဘုရားသင်ကန်း တော်ဝတ်ဆင်မြန်းတာဆရာများ လေလိူင်း ပေါ်တင် ပေးတာသိခွင်ရာအထူးထာဝရ လေးစားပါတယ်ဆရာ
2026-06-20 06:14:07
1
Daw.Than.Than.Nwe :
🙏🙏🙏🙏🙏
2026-06-13 16:31:02
1
U Mg Than :
ဘုရားရှင်အာအာရုံပြုပါ၏
🙏🙏🙏🙏🙏
2026-06-19 10:52:17
1
LaYoung :
အခုလိုသိရ၍အလွန်ပင်ကြည်နူးဝမ်းမြောက်လှပါ၏သာဓုသာဓုသာဓု
2026-06-13 09:26:26
1
Ko phyo Kophyo :
ဆံစမှခြေဖျားအထိဦးတင်ပါ၏ ဘုရား
သာဓု သာဓု သာဓု ၃၁ ဘုံသာတို့ အမျှ အမျှ အမျှ ပေးဝေပါ၏
2026-06-06 10:03:47
5
မောင်မောင်တိုက် :
သာဓုသာဓူသာဓူးးးးးး🙏🙏🙏🙏🙏
2026-05-30 13:55:44
3
အမေသန်း :
သာဓုသာဓုသာဓု 🙏🙏🙏🙏🙏🙏
2026-06-14 02:29:23
1
U Tz :
သာဓု သာဓု သာဓု ပါ ဘုရား
2026-05-27 07:11:10
2
ko Thein zaw Oo :
🙏🙏🙏
သာဓုသာဓုသာဓုပါဘုရား
2026-06-04 01:32:10
1
sandarphyoe617 :
သိခွင့်ရ၍အလွန်ဝမ်းမြောက်သာဓုခေါ်ပါ၏🙏🙏🙏
2026-06-12 01:39:07
1
Thein Thein :
သာဓုသာဓုသာဓု
2026-05-30 13:30:05
0
Daw Khin San :
မြတ်ဗုဒသင်ကန်းတော်များကိုဦးသုံကြိမ်တင်ပါ၏ဘုရားဦးတင်ရသောကုသိုကြောင့်ဝဋ်ဆင်းရဲအပေါင်းမှကင်လွတ်ရပါလို၏ဒုခခပ်သိမ်းကင်လွတ်ငြိမ်းရပါလို၏ဘုရား
2026-06-08 12:21:26
1
Soe Soe ( Traveler) :
ဤသင်္ဃန်းတော်မြတ်တို့အား စိတ်မှာရည်စူးပြီး
လက်ဆယ်ဖြာ ထိပ်မှာမိုး၍ ရှိခိုးကန်တော့ပါ၏🙏🙏🙏
2026-06-03 04:07:54
1
U Thein Win Pku :
သာဓုသာဓုသာဓုပါ
2026-06-13 09:08:07
1
အမြွှာတို့မေမေ :
မှက်သားစရာကောင်းပါပေတယ်
သာဓုသာဓုသာဓုပါ🙏🙏🙏🙏🙏🙏🙏
2026-05-26 06:07:52
1
မင်္ဂလာပါ သာယာချမ်းမြေ့ပါစေ :
သာဓု သာဓု သာဓုပါ
2026-05-30 08:48:31
0
မမမူ :
သာဓု သာဓု သာဓုပါ
2026-06-18 16:04:26
0
Daw Mya Mya Than :
ကြည်ညိုဘွယ်ကုသိုလ်ပါဘုရား
2026-06-17 07:47:50
0
#@##@Htain Lin Aung***** :
သာဓုသာဓုသာဓု🙏🙏🙏🙏🙏
2026-06-20 15:15:08
0
theinsan712 :
@theinsan712-သာဓုသာဓုသာဓု🙏🙏🙏
2026-06-19 14:49:10
0
💖 Wai💖🦋 :
@ဘဝအဆက်ဆက်ဖူးမြင်ရပါစေသား
2026-06-22 07:56:59
0
minkhink04 :
သာဓုပါသာဓုသာဓု
2026-06-19 03:27:55
0
စနေသားကြီး :
သာဓု သာဓု သာဓုပါဘုရယး..
2026-05-30 11:43:58
0
To see more videos from user @wetletmyo21.6.2026sunday, please go to the Tikwm
homepage.