@khantthiha777: ဗုဒ္ဓဘာသာဝင်ဖြစ်လျက် မိစ္ဆာဒိဋ္ဌိ ဖြစ်နေသူများ 🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷 ဗုဒ္ဓဘာသာဝင်တို့သည် ကံနှင့် ကံအကျိုးကို ယုံကြည်ကြသည်။ ကံနှင့် ကံ၏ အကျိုးကို ပစ်ပယ်လျှင် မိစ္ဆာဒိဋ္ဌိ ဖြစ်တော့၏။ ထို့ကြောင့် မဟာဂန္ဓာရုံ ဆရာတော်ကြီးက အဋ္ဌသာလိနီဘာသာဋီကာ၊ တတိယအုပ်၊ ၂၂၇ တွင် ဤသို့ ဆိုထားလေသည်။ “အသစ်အဆန်းကို တွေ့ရ၊ မြင်ရ၊ ကြားရ၊ နမ်းရ၊ စားသောက်ရ၊ တွေ့ထိရလျှင် မင်္ဂလာရှိ၍ ကောင်းကျိုးရတော့မည်” ဟု ယူဆနေခြင်းသည် ကံ၊ ဉာဏ်၊ ဝီရိယ အကျိုးကို ပယ်ရာရောက်၏။ ထို့ကြောင့် ထိုအယူ၌ အလေ့အလာ များသူမှာ ကံနှင့် ကံအကျိုးကို ပယ်သော မိစ္ဆာဒိဋ္ဌိ ဖြစ်တတ်သည်” ဟူ၍။ ထို့ပြင် “ရက်ရာဇာနေ့၌ ခရီးသွားလျှင် ကောင်းကျိုးရတတ်၏။ ပြဿဒါး နေ့၌ ခရီးသွားလျှင် ဘေးရန် ဖြစ်တတ်၏” စသည်ဖြင့် ထို့နေ့ ထိုလ ထိုရက် နေ့၌ ပြုလုပ်သောကြောင့် ကောင်းကျိုး/ မကောင်းကျိုး ဖြစ်၏ဟု ယူဆနေသူ များသည်လည်း ကံနှင့် ကံ၏ အကျိုးကို ပယ်ဖျက်ရာရောက်၍ မိစ္ဆာဒိဋ္ဌိများ ဖြစ်နေတော့သည်။ ထိုသို့ မဟုတ်ဘဲ “ထို ရက် လ နေ့ သတ်မှတ်မှုကြောင့် ကောင်းကျိုး /ဆိုးကျိုးဖြစ်သည် မဟုတ်။ အထောက်အပံ့မျှသာ ဖြစ်သည် ဟု” ယူဆလျှင်ကား ကံနှင့် ကံအကျိုးကို ပယ်ဖြတ်ရာ မရောက်သည့်အတွက် မိစ္ဆာဒိဋ္ဌိမဖြစ်ပါ။ ကံနှင့် ကံ၏ အကျိုးကို ယုံကြည် လက်ခံထားသူအဖို့ ရက်ရာဇာနေ့ ပြဿဒါးနေ့ နဂါးခေါင်းတောင်လှည့် မြောက်လှည့် စသော အယူအဆတို့ကို ယုံကြည်လက်ခံနေစရာ မလိုတော့ချေ။ ကံနှင့် ကံအကျိုး အမှန်တကယ် မယုံကြည်သေး၍ သာ ရက်ရာဇာ ပြဿဒါး စသည် သတ်မှတ်နေကြခြင်း ဖြစ်တော့သည်။ ထိုသို့ ယူဆသတ်မှတ်နေသူများတွင် “ဘာသာရေးခေါင်းဆောင်" ဟု ဆိုသော ဘုန်းကြီးများ ပါဝင်နေကြခြင်းကား အလွန်ဝမ်းနည်းစရာ ကောင်းလှ တော့သည်။ ဆရာတော်ကြီးတစ်ပါး မိန့်ဖူးသည်ကို သတိရမိသေးသည်။ “လူမပြောနဲ့၊ ဒို့ ဘုန်းကြီးတွေကရော သရဏဂုံတည်ကြသေးရဲ့လား မသိ” ဟူ၍။ ယခုအခါ မြန်မာလူမျိုးတို့သည် “ဗုဒ္ဓဘာသာ” ဟု ဂုဏ်ယူဝင့်ကြွားနေကြသော်လည်း မိစ္ဆာအယူများ ဖြစ်မှန်း မသိ ဖြစ်နေကြတော့သည်။ သတိရှိကြစေ။ အရှင်အဘယာလင်္ကာရ ဗုဒ္ဓအလိုကျ သာသနာပြုကြမယ် စာအုပ်မှ ကောင်းမှုတစ်ခုနေ့စဉ်ပြု Credit.Ye Htun and Charity #အရှင်အဘယာလင်္ကာရ #တရားအသိဖြင့်ဘ၀တွေအေးချမ်းကြပါစေ @Theingi(ఇ ◝‿◜ ఇ)💛 #foryou #fyp #creatorsearchinsights

Khant
Khant
Open In TikTok:
Region: MM
Monday 27 April 2026 15:57:00 GMT
1442
132
8
3

Music

Download

Comments

user2983301806016
ဒေါ်ခင်ယုဆွေ :
🙏🙏🙏 မှန်ပါ့ဘုရား
2026-04-28 06:08:40
1
aye.aye.myaimg_official
Ma Myaing :
တင်ပါ့ဘုရား။ဆင်ခြင်ပါ့မယ်အရှင်ဘုရား
2026-04-27 16:04:31
0
wah175452
Shwe pan Chi :
🙏🙏🙏🙏🙏🙏🙏
2026-04-27 16:16:53
1
ohnmarmyint519
OhnmarMyint :
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
2026-04-28 12:49:00
1
user4030714271251
P :
🙏🙏🙏
2026-05-03 01:14:50
1
hninhatvfrd
win :
🙏🙏🙏
2026-04-28 05:46:55
1
khing.min.hyundai
Khing Min Hyundai :
🥰🥰🥰
2026-04-27 16:15:21
1
abcdefghijklmnopq1954
abcdefghijklmnopqrstuvwxyz1234 :
🙏🙏🙏
2026-05-23 03:34:18
1
To see more videos from user @khantthiha777, please go to the Tikwm homepage.

Other Videos


About