@ka.lim35: #fyp #policeoftiktok #police

Ka Lim
Ka Lim
Open In TikTok:
Region: US
Tuesday 28 April 2026 08:39:32 GMT
3168
19
0
2

Music

Download

Comments

There are no more comments for this video.
To see more videos from user @ka.lim35, please go to the Tikwm homepage.

Other Videos

“အမြဲလောင်နေတဲ့သူတွေကို ရှောင်ပါ” 🔳 ကိုယ့်ဘဝမှာ တစ်ခါတလေ ဘာမဟုတ်တဲ့ ကိစ္စလေးတွေနဲ့ စိတ်တွေ ရှုပ်ထွေးပြီး လူပါ ပင်ပန်းသွားရတဲ့ နေ့ရက်တွေ ရှိတတ်ပါတယ်။  အပြင်ပန်းကြည့်ရင်တော့ အလုပ်တွေများလို့၊ တာဝန်တွေ ကြီးလို့ ပင်ပန်းတာလို့ ထင်ရပေမယ့် တကယ့်တကယ် သေချာပြန်ဆန်းစစ်ကြည့်တဲ့အခါ ကိုယ့်ဘေးနားမှာ အမြဲတမ်း 'လောင်' နေတဲ့သူတွေ ရှိနေတာကြောင့် ဖြစ်နေတတ်ပါတယ်။  လောင်တယ်ဆိုတာက အမြဲတမ်း ဒေါသထွက်ပြီး ပေါက်ကွဲနေတာချည်းပဲ မဟုတ်ပါဘူး။ အရာရာကို အဆိုးမြင်တာ၊ အမြဲတမ်း ညည်းညူနေတာ၊ လူတိုင်းရဲ့ အပြစ်ကိုပဲ ထိုင်ပြောနေတာတွေ အားလုံး ပါဝင်ပါတယ်။  အဲ့လို လူတွေနဲ့ နေရတဲ့အခါ ကိုယ်တိုင်တောင် မသိလိုက်ဘဲ ကိုယ့်ရဲ့ စွမ်းအင်တွေ စုပ်ယူခံလိုက်ရပြီး ကိုယ်ပါ လိုက်လောင်လာတော့တာပါပဲ။ 🔳 ဒီလိုလောင်နေတဲ့သူတွေကို နေရာတိုင်းလိုလို တွေ့ရတတ်ပါတယ်။  ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အနားယူချိန်လေးဟာ သူ့ရဲ့ အဆိုးမြင်စိတ်တွေကို အမှိုက်လာပစ်သွားတဲ့ နေရာတစ်ခု ဖြစ်သွားခဲ့ရပါတယ်။ ဒီလိုလူတွေရဲ့ ပြဿနာက သူတို့ကိုယ်တိုင် ပြဿနာရဲ့ အဖြေကို ရှာဖို့ထက် ပြဿနာကို ပိုကြီးအောင် ချဲ့ပြောပြီး သူများတွေဆီကို ကူးစက်စေချင်တာပါပဲ။  🔳 စိတ်ပညာမှာတော့ ဒီလိုအခြေအနေကို Emotional Contagion လို့ ခေါ်ပါတယ်။ စိတ်ခံစားမှုတွေဟာ ဗိုင်းရပ်စ်တစ်ခုလို ကူးစက်တတ်တဲ့ သဘောရှိပါတယ်။ အထူးသဖြင့် အဆိုးမြင်စိတ်တွေ၊ ဒေါသတွေ၊ သောကတွေဟာ အကောင်းမြင်စိတ်တွေထက် ပိုပြီး လျင်လျင်မြန်မြန် ကူးစက်တတ်ပါတယ်။
“အမြဲလောင်နေတဲ့သူတွေကို ရှောင်ပါ” 🔳 ကိုယ့်ဘဝမှာ တစ်ခါတလေ ဘာမဟုတ်တဲ့ ကိစ္စလေးတွေနဲ့ စိတ်တွေ ရှုပ်ထွေးပြီး လူပါ ပင်ပန်းသွားရတဲ့ နေ့ရက်တွေ ရှိတတ်ပါတယ်။ အပြင်ပန်းကြည့်ရင်တော့ အလုပ်တွေများလို့၊ တာဝန်တွေ ကြီးလို့ ပင်ပန်းတာလို့ ထင်ရပေမယ့် တကယ့်တကယ် သေချာပြန်ဆန်းစစ်ကြည့်တဲ့အခါ ကိုယ့်ဘေးနားမှာ အမြဲတမ်း 'လောင်' နေတဲ့သူတွေ ရှိနေတာကြောင့် ဖြစ်နေတတ်ပါတယ်။ လောင်တယ်ဆိုတာက အမြဲတမ်း ဒေါသထွက်ပြီး ပေါက်ကွဲနေတာချည်းပဲ မဟုတ်ပါဘူး။ အရာရာကို အဆိုးမြင်တာ၊ အမြဲတမ်း ညည်းညူနေတာ၊ လူတိုင်းရဲ့ အပြစ်ကိုပဲ ထိုင်ပြောနေတာတွေ အားလုံး ပါဝင်ပါတယ်။ အဲ့လို လူတွေနဲ့ နေရတဲ့အခါ ကိုယ်တိုင်တောင် မသိလိုက်ဘဲ ကိုယ့်ရဲ့ စွမ်းအင်တွေ စုပ်ယူခံလိုက်ရပြီး ကိုယ်ပါ လိုက်လောင်လာတော့တာပါပဲ။ 🔳 ဒီလိုလောင်နေတဲ့သူတွေကို နေရာတိုင်းလိုလို တွေ့ရတတ်ပါတယ်။ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အနားယူချိန်လေးဟာ သူ့ရဲ့ အဆိုးမြင်စိတ်တွေကို အမှိုက်လာပစ်သွားတဲ့ နေရာတစ်ခု ဖြစ်သွားခဲ့ရပါတယ်။ ဒီလိုလူတွေရဲ့ ပြဿနာက သူတို့ကိုယ်တိုင် ပြဿနာရဲ့ အဖြေကို ရှာဖို့ထက် ပြဿနာကို ပိုကြီးအောင် ချဲ့ပြောပြီး သူများတွေဆီကို ကူးစက်စေချင်တာပါပဲ။ 🔳 စိတ်ပညာမှာတော့ ဒီလိုအခြေအနေကို Emotional Contagion လို့ ခေါ်ပါတယ်။ စိတ်ခံစားမှုတွေဟာ ဗိုင်းရပ်စ်တစ်ခုလို ကူးစက်တတ်တဲ့ သဘောရှိပါတယ်။ အထူးသဖြင့် အဆိုးမြင်စိတ်တွေ၊ ဒေါသတွေ၊ သောကတွေဟာ အကောင်းမြင်စိတ်တွေထက် ပိုပြီး လျင်လျင်မြန်မြန် ကူးစက်တတ်ပါတယ်။ "You are the average of the five people you spend the most time with" (ကိုယ်အများဆုံး အချိန်ဖြုန်းဖြစ်တဲ့ လူငါးယောက်ရဲ့ ပျမ်းမျှဟာ ကိုယ်ကိုယ်တိုင်ပါပဲ) လို့ ဆိုရိုးစကား ရှိပါတယ်။ ကိုယ့်ဘေးနားမှာ အမြဲတမ်း အဆိုးမြင်ပြီး လောင်နေတဲ့သူ ၅ ယောက်ရှိရင် ၆ ယောက်မြောက် လောင်တဲ့သူဟာ ကိုယ်ပဲ ဖြစ်လာပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ ညည်းညူသံတွေ၊ မကျေနပ်ချက်တွေကို နေ့စဉ်ရက်ဆက် နားထောင်ရဖန်များလာတဲ့အခါ ကိုယ့်ရဲ့ ဦးနှောက်ကလည်း အဲဒီအဆိုးမြင်တဲ့ လမ်းကြောင်းပေါ်ကို အလိုလို ရောက်သွားတတ်လို့ပါပဲ။ 🔳 ကိုယ့်အမြင်မှာ လူတစ်ယောက်အနေနဲ့ ကိုယ့်ပတ်ဝန်းကျင်က လူတွေရဲ့ စွမ်းအင်ကို အမြဲတမ်း သတိပြုဖို့ လိုအပ်ပါတယ်။ ကိုယ်က အကောင်းမြင်စိတ်နဲ့ ဘဝကို တည်ဆောက်နေချိန်မှာ ကိုယ့်အနားကလူက အရာရာကို အဆိုးမြင်နေရင် ကိုယ့်ရဲ့ ခြေလှမ်းတွေပါ လေးလံလာတတ်ပါတယ်။ 🔳 ဒါကြောင့် ကိုယ့်ရဲ့ စိတ်ကျန်းမာရေးနဲ့ ဘဝတိုးတက်မှုအတွက် အောက်ပါ လက္ခဏာတွေရှိတဲ့ သူတွေကို သတိထားပြီး ခပ်ခွာခွာ နေသင့်ပါတယ်။ 📌 ၁။ ဖြေရှင်းနည်းထက် ပြဿနာကိုပဲ ပိုချစ်သူများ လောကမှာ အခက်အခဲကြုံရင် ရင်ဖွင့်တာက သဘာဝပါ။ ဒါပေမယ့် တချို့က ပြဿနာကို ဖြေရှင်းဖို့ထက် အဲဒီပြဿနာကို ပိုက်ပြီး ညည်းညူနေရတာကို ပိုသဘောကျနေတတ်ပါတယ်။ သူတို့ကို ဘယ်လိုပဲ ကူညီကူညီ၊ ဘယ်လိုပဲ လမ်းပြပြ နောက်ဆုံးတော့ မူလနေရာမှာပဲ ရပ်နေပြီး ဆက်ညည်းနေဦးမှာပါပဲ။ ဒီလိုလူတွေဟာ ကိုယ့်ရဲ့ အချိန်နဲ့ စေတနာတွေကို သဲထဲရေသွန်သလို ဖြစ်စေပါတယ်။ သူတို့လိုချင်တာ အဖြေမဟုတ်ဘူး၊ သူတို့ခံစားချက်ကို မြှောက်ပင့်ပေးမယ့် လူတစ်ယောက် သက်သက်ပါပဲ။ 📌 ၂။ သူများအပြစ်ကို အမြဲရှာဖွေနေသူများ သူတို့ရဲ့ စကားဝိုင်းတိုင်းဟာ သူတစ်ပါးရဲ့ အတင်းအဖျင်း၊ မကောင်းကြောင်းတွေနဲ့ပဲ ပြည့်နေတတ်ပါတယ်။ သူတစ်ပါးရဲ့ အမှားကို အမြဲရှာဖွေနေသူဟာ ကိုယ့်ဘဝကိုယ် တိုးတက်အောင် လုပ်ဖို့ အချိန်မရှိပါဘူး။ ကိုယ်တွေဘဝထဲမှာလည်း ဒီလိုလူတွေနဲ့ ပေါင်းသင်းမိရင် အချိန်ကြာလာတာနဲ့အမျှ ကိုယ်တိုင်ပါ အကောင်းမမြင်တတ်တဲ့ အကျင့်ဆိုးကြီး ကပ်ပါလာတတ်ပါတယ်။ ကိုယ်မရှိတဲ့အချိန်မှာလည်း ကိုယ့်အကြောင်း သူများကို သွားပြောနေဦးမှာ အသေအချာပါပဲ။ အမြဲတမ်း သူများအပြစ်ကို မြင်နေတဲ့ သူဟာ ကိုယ့်ရဲ့ ကောင်းကွက်ကိုလည်း ဘယ်တော့မှ မြင်ပေးမှာ မဟုတ်ပါဘူး။ 📌 ၃။ မိမိကိုယ်ကို အမြဲသားကောင် (Victim) ဟု ခံယူထားသူများ သူတို့ဘဝမှာ ဘာပဲဖြစ်ဖြစ် သူတို့အမှား လုံးဝမပါပါဘူး။ အခြေအနေကြောင့်၊ ပတ်ဝန်းကျင်ကြောင့်၊ တခြားသူတွေကြောင့်ဆိုပြီး အမြဲတမ်း အပြစ်ပုံချတတ်ပါတယ်။ မိမိကိုယ်ကို တာဝန်ယူစိတ် မရှိတဲ့အတွက် သူတို့ဘဝဟာ ဘယ်တော့မှ တိုးတက်လာမှာ မဟုတ်ပါဘူး။ သူတို့နဲ့ နီးနီးကပ်ကပ် နေမိရင် ကိုယ်ပါ သူတို့ရဲ့ အပြစ်တင်ခြင်းကို ခံရမယ့် နေ့တစ်နေ့ ရောက်လာပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အတွက် လောကကြီးတစ်ခုလုံးက သူတို့ကို အနိုင်ကျင့်နေတဲ့ နေရာကြီး ဖြစ်နေလို့ပါပဲ။ တချို့အခြေအနေတွေမှာ ကိုယ်က ဘယ်လောက်ပဲ ကယ်တင်ချင်စိတ် ရှိရှိ၊ တစ်ဖက်လူက ပြောင်းလဲဖို့ ဆန္ဒမရှိရင် ကိုယ်ပါ ရေနစ်သွားတတ်ပါတယ်။ 🔳 ဒီတော့ ကိုယ့်ဘဝကို အေးချမ်းချင်ရင် ပတ်ဝန်းကျင်ကို ရွေးချယ်တတ်ဖို့ လိုတယ်။ လောကမှာ လူတိုင်းကို ကိုယ်က လိုက်ပြီး မကယ်တင်နိုင်ပါဘူး။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ်တော့ မီးမလောင်အောင် ကာကွယ်ခွင့် ရှိပါတယ်။ ကိုယ့်ရဲ့ အေးချမ်းမှုနဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို လောင်ကျွမ်းဖို့သာ ရည်ရွယ်ထားတဲ့သူတွေဆီမှာ သွားပြီး မဖြုန်းတီးလိုက်ပါနဲ့။ ❤️ #ဉာဏ #victim #fyp #crd

About