@drsaw11: သတိပဌာန်တရား 🌻🌻🌻🌻🌻🌻 🌻"ရဟန်းတို့,ဤခရီးလမ်းသည်သတ္တဝါတို့၏၊ စိတ်စင်ကြယ်ရန်၊စိုးရိမ်ပူပန်ခြင်း၊ငိုကြွေးခြင်းတို့ကို လွတ်မြောက်ရန်၊ကိုယ်ဆင်းရဲခြင်း၊စိတ်ဆင်းရဲခြင်း တို့ကိုချုပ်ငြိမ်းရန်၊နိဗ္ဗာန်ကိုမျက်မှောက်ပြုရန်တစ်ကြောင်းတည်းသောခရီးလမ်းဖြစ်၏။ယင်းခရီးလမ်းကားဤသတိပဌာန်လေးပါးတို့ပင်တည်း" မြတ်စွာဘုရားဤသို့ဟောကြားတော်မူသောသတိပဌာန်ဟူသည် "လွန်စွာတည်သောသတိ၊ခိုင်မြဲစွာတည်သော သတိ၊"ဟုအဓိပ္ပါယ်ရပါသည်။ တရားကိုယ်အားဖြင့်"သတိစေတသိတ်၁.ပါးတည်းဖြစ် ပါသည်။ 🌻ကာယနုပဿ......နာသတိပဌာန်။ ထွက်သက်၊ဝင်သက်အစရှိသောရူပကာယ၌ခိုင်မြဲစွာတည်သော"သတိ"ဖြစ်သည်။ခန္ဓာကို၌ရှိသော၊ဆံပင်၊မွေးညှင်းစသော၃၂.ကောဌာသကိုအဖန်ဖန် ဆင်ခြင်ရှုမှတ်ခြင်းဖြစ်သည်။ ဤသို့အဖန်ဖန်ရှုခြင်းဖြင့်မတင့်မတယ်ရွံရှာဖွယ်ဟူ၍ "အသုဘ"အခြင်းအရာထင်၏။ 🌻ဝေဒနာနုပဿ......နာသတိပဌာန်။ ဝေဒနာတို့၌ခိုင်မြဲစွာတည်သော"သတိ"ဖြစ်သည်။ ဝေဒနာတို့၌အဖန်ဖန်ရှုမှတ်ဆင်ခြင်ခြင်းဖြစ်သည်။သုခဝေဒနာ၊ဒုက္ခဝေဒနာ၊ဥပေက္ခာဝေဒနာတို့ကိုအဖန်ဖန်ရှုမှတ်ခြင်းဖြစ်သည်။ ဤသို့အဖန်ဖန်ရှုခြင်းဖြင့်"ဆင်းရဲခြင်း၊ဒုက္ခ"အခြင်း အရာထင်၏။ 🌻စိတ္တာနုပဿ......နာသတိပဌာန်။ စိတ်၌ခိုင်မြဲစွာတည်သော"သတိ"ဖြစ်သည်။ စိတ်ကိုအာရုံပြု၍ဤကားမြင်စိတ်၊ဤကားကြားစိတ်၊ ဤကားရာဂစိတ်၊ဤကားရာဂကင်းသောစိတ်၊ စသည်ဖြင့်ခွဲခြားလျက်အဖန်ဖန်ရှုမှတ်ဆင်ခြင်းခြင်း ဖြစ်သည်။ ဤသို့စိတ်ကိုအဖန်ဖန်ခွဲခြား၍ရှုခြင်းဖြင့်စိတ်အမျိုးမျိုး ပြောင်းလဲနေပုံကိုသိရပြီး"မမြဲခြင်းအနိစ္စအခြင်းအရာ ထင်၏။ 🌻ဓမ္မာနုပဿ......နာသတိပဌာန်။ နိဝရဏစသောဓမ္မတို့တွင်ခိုင်မြဲစွာတည်သော"သတိ" ဖြစ်သည်။ရူပက္ခန္ဓာကိုကာယနုပဿ......နာဖြင့်၊ ဝေဒနက္ခခန္ဓာကို၊ဝေဒနာနုပဿ......နာဖြင့်၊ဝိဉာဏက္ခန္ဓာ ကိုစိတ္တာနုပဿ......နာဖြင့်ရှုပြီးဖြစ်သောကြောင့်၊ကြွင်းသော သညာက္ခန္ဓာနှင့်၊သခါင်္ရက္ခန္ဓာခန္ဓာဟူသောဓမ္မကို၊ အဖန်ဖန်ရှုသောသတိဖြစ်သည်။ ဤသို့အဖန်ဖန်ရှုသဖြင့်၊အရာရာကိစ္စများ၌ပရမတ္တ ဓမ္မများသာရွက်ဆောင်နေကြောင်း၊အတ္တ၊(အသက်၊ လိပ်ပြာ၊ဝိဉာဏ်ကောင်)မရှိဟူသော"အနတ္တအခြင်းအရာ"ထင်၏။ 🌻ဤသို့သတိပဌာန်လေးပါးကိုရှုမှတ်သဖြင့်၊ နိစ္စ၊သုခ၊အတ္တ၊အသုဘအထင်ရှိနေသမျှ၊ အနိစ္စ၊ဒုက္ခ၊အနတ္တ၊အသုဘ၊သာဖြစ်သည်ဟုအသိဉာဏ်တိုးပွာပြီး"သတိ"သည်ရှေ့ရှုထင်၏။ ခန္ဓာမှတစ်ပါး၊ဓမ္မမှတစ်ပါး၊သင်္ခါရတရားတို့မှတစ်ပါး ပုဂ္ဂိုလ်ဟူ၍မရှိ၊သတ္တဝါဟူ၍မရှိ၊အရာဝတ္ထုဟူ၍မရှိ၊ ငါ,ငါ၏ဥစ္စာဟုမစွဲလန်းတော့ချေ။ ထို့ကြောင့်အမျိုးကောင်းသားသူတော်ကောင်းတို့သည် ဤသတိပဌာန်တရားနည်းလမ်းအတိုင်ကျင့်ကြံပွားမျာ့းအားထုတ်ကြပါရန်နှိုးဆော်တိုက်တွန်းအပ်ပါသည်။ 🌻ဗုဒ္ဓဘာသာကောင်းတစ်ယောက်စာအုပ်မှ၊ မှီငြမ်းထုတ်နှုတ်ပူဇော်အပ်ပါသည်။🌻 #fyp #သစ္စာရွှေစည်ဆရာတော်အရှင်ဥတ္တမ၏တရားတော် #🙏🙏🙏🙏🙏 #DrSaw #တရားတော်ကိုနာယူခြင်းဖြင့်စိတ်နှလုံးအေးမြချမ်းသာရှိကြပါစေ🙏🙏🙏🙏🙏🙏
Dr Saw
Region: MM
Tuesday 28 April 2026 11:24:04 GMT
Music
Download
Comments
ü kÿäw wïñ🤠 :
သာဓု သာဓု သာဓု ပါဘုရား
2026-05-12 07:37:37
1
Kyaw Aung :
သာဓုသာဓုသာဓုပါဘုရား
2026-04-30 12:33:01
2
soewittyi :
တရားတော်နာမည်လေးသိပါရစေရှင့်
2026-05-01 02:10:29
1
U Zaw Myat Tun :
ပြန်တင်ပြီးကုသိုလ်ယူပါရစေ🙏🙏🙏🙏🙏
2026-05-24 15:28:57
1
ဉူးရာစိန္ဒ :
ဓမ္မဒါနကုသိုလ်အတွက်ဝမ်းမြောက်စွာဖြင့်သာဓုသာဓုသာဓုပါ ဒကာမလေးပြန်တင်ခွင့်ပြုပါ
2026-06-11 14:06:24
0
hhost :
တင်ပေးပါ
2026-05-15 02:12:16
1
Daw Htar Htar Oo :
သာဓု သာဓုသာဓုပါ
2026-05-14 13:09:01
1
Maung Naing/Naing Naing :
သာဓု သာဓု သာဓု
2026-05-04 03:50:02
1
Yi Yi Soe :
သာဓု သာဓု သာဓု ပါဘုရား 🙏🙏🙏
2026-06-06 08:29:30
1
uhlaingmyint687 :
သာဓု သာဓု သာဓုပါဘုရား
2026-05-31 02:03:06
1
Hrum lin :
🙏🙏🙏
2026-05-02 16:37:15
1
Thwin :
သာဓု သာဓု သာဓု 🙏🙏🙏
2026-04-30 20:52:20
1
saw saw :
2026-05-07 15:51:24
1
aonaon :
🙏🙏🙏
2026-05-16 05:38:22
1
အမေ့သားအကြီးကောင် :
🙏🙏🙏🙏🙏
2026-06-03 08:31:53
1
U Lin. :
🙏🙏🙏
2026-06-05 23:43:44
1
Ma Wai :
🙏🙏🙏
2026-05-10 15:25:32
1
king :
🙏🙏🙏
2026-06-05 12:29:01
1
thaethae :
🙏🙏🙏
2026-05-08 00:24:49
2
ဂျပုမလေး🤪🤪 :
🙏🙏🙏
2026-05-11 04:30:50
1
user677906873 :
🥰
2026-06-01 06:49:15
1
MOG~Taka :
🙏🙏🙏🙏🙏
2026-05-08 13:13:48
1
Cute girl :
🥰🥰🥰
2026-05-01 18:42:14
1
A.7 Myanmar Jade :
🙏🙏🙏
2026-05-01 20:48:15
1
Dawwaiwai548 :
🙏🙏🙏
2026-04-29 01:16:24
1
To see more videos from user @drsaw11, please go to the Tikwm
homepage.