@kaung77954: မင်းကို ဆက်ချစ်ဖို့ပဲ ရွေးဖြစ်မှာပါ ... နာကျင်စေဦးတော့ ... မင်းကို လက်လွှတ်ဖို့ ဘယ်တော့မှ ရွေးမှာမဟုတ်ဘူး ။ ဘာကြောင့်ဆို ... ငါ့မှာ မင်းပဲ ရှိတာလေ မင်းကို လက်လွှတ်လိုက်ရင် မင်းကို အစပြုပြီး မှတ်ထားတဲ့ အိပ်မက်တွေကအစ ဟိုး ... မင်းပါတဲ့ အနာဂတ်တွေ အဆုံး အရာရာက ဇောက်ထိုးမိုးမျှော်တွေ ဖြစ်သွားမှာပေါ့ ။ မင်းကို ရင်နှင့်ရင်းပြီး ချစ်ခဲ့ရတာ ဘ၀နဲ့ရင်းပြီး မျှော်လင့်ခဲ့မိတာ ပြီးတော့ အရာရာနဲ့ လဲပြီး ချစ်ခဲ့ရတာမျိုးမို့ ... လွယ်လွယ်လေးနဲ့ လက်လွှတ်လိုက်ဖို့ ဘယ်တော့မှ မတွေးဘူး ။ ပစ်ထားဦးနော် ... အတင်းကြီးမဟုတ်တောင် မရမက ကိုယ့်ဖက်က ဆက်သွယ်နေမိမှာ သေချာပါ ... ပြီးတော့ ကိုယ်မမှားလဲ မင်းကို တောင်းပန်နေမိမှာ သေချာပါတယ် ။ နာတတ်တဲ့ စိတ်တွေဟာ ချစ်တတ်တဲ့ စိတ်တွေကိုမှ ကျော်မှ မကျော်နိုင်ပဲဟာ မာနဆိုတာလဲ မင်းနဲ့တွေ့ရင် အရည်ပျော်ကျသွားရတဲ့ အရာလေးပဲလေ ။ ဘာမှ ထူးဆန်းမနေပါဘူး ပြီးတော့ မင်းကို ချစ်လို့ ဖြစ်တဲ့ အရာတိုင်းက အမှားမဟုတ်ဘူးလေ ... ကိုယ်ကျေနပ်တဲ့ ပေးဆပ်မှုတစ်ခုပါပဲ ။ နောင်တဆိုပြီး ဘယ်တော့မှ ရှိလာမှာမဟုတ်သလို မင်းကို လက်လွှတ်လိုက်ဖို့လဲ ဘယ်တော့မှ တွေးမှာမဟုတ်ဘူး ။ အဲ့တာတော့ အသေအချာပါပဲ ။ ဘယ်လောက်ပဲ ခက်ခဲနေပါစေ မင်းကို ဆက်ချစ်ဖို့ပဲ ရွေးနေဦးမှာ ။ ထားသွားတော့မယ်လို့ တွေးမိရင်လေ ... အတိတ်ကို ခဏလောက် ပြန်ငေးကြည့်ပေးနော် ... အရင်တုန်းက ငါ နဲ့ အခုလက်ရှိ မင်းဘေးနားမှာ ရပ်နေတဲ့ ငါ ဘာများကွာခြားသွားလဲ တစ်ချက်ပြန်တွေးကြည့်ပေးနော် ... အပေါင်းအသင်းတွေ အများကြီး ရှိခဲ့တဲ့ ကိုယ်ကလေ ... အခု မင်းကလွဲပြီး တခြား ဘယ်အရာမှ ရှိမနေတော့ဘူး ။ အိပ်မက်တွေ အများကြီး မက်တတ်တဲ့ ကိုယ်က မင်းမပါပဲ ဘယ်အိပ်မက်မှ မမက်တတ်တော့ဘူး ။ မျှော်လင့်ချက်တွေ အများကြီး ရှိခဲ့ဖူးတဲ့ ကိုယ်က မင်းမှ မရှိတော့ရင် ဘယ်အရာကိုမှ မျှော်လင့်တတ်တော့မှာ မဟုတ်ဘူး ။ ငါရဲ့ ကမ္ဘာဟာ မင်းကိုပဲ ဗဟိုပြုပြီး လည်ပတ်နေတာနေတာမျိုးမို့ မင်းမှ မရှိတော့ရင် ... အရာရာဟာ ကမောက်ကမ ဖြစ်သွားခဲ့မှာ ။ ဒါကို နားလည်ထားရင် ရပါတယ် ။ အများပြီး မချုပ်ခြယ်ဘူး အများကြီး မကန့်သတ်ထားဘူး ငါနဲ့ ဝေးရမယ့်လမ်းကို မရွေးရုံနဲ့တင် အဆင်ပြေပါတယ် ။ ကတိတွေ အများကြီးလဲမတောင်းချင်ဘူး တောင်းလဲ မတောင်းဖြစ်ပါဘူး ... ဒါပေမယ့် ငါ့ကို ဘယ်တော့မှ ခွဲမသွားဘူးဆိုတဲ့ ကတိလေးတစ်ခုတော့ တည်စေချင်တယ် ။ နာကျင်ပါစေ ပြီးတော့ မျက်ရည်တွေ အများကြီးကျစေပါစေ ... လမ်းခွဲရအောင်ဆိုတဲ့ စကားဟာ ဒီနှုတ်ဖျားက ဘယ်တော့မှ ထွက်ကျလာမှာမဟုတ်သလို နောက်ဆုံးအချိန်ထိ မင်းကိုပဲ ဆက်ချစ်ဖို့ ရွေးဖြစ်မှာပါ ... #fyp #foryou #fypシ #fypシ゚viral #fyppppppppppppppppppppppp

Kaung Min Htet
Kaung Min Htet
Open In TikTok:
Region: TH
Thursday 30 April 2026 06:15:57 GMT
127972
11491
139
2776

Music

Download

Comments

luu.gyi001
BÜ BÜ✔ :
ခင်ဗျားတို့ကြုံဖူးကြလားမသိဘူး ဆိုးသမျှအ မြဲသည်းခံခွင့်လွတ်ပေးတဲ့ရင်ခွင်တစ်ခုဟာ နောင်တနဲ့အမှတ်တရတွေကြားထဲက ကျွန်တော့်ကိုတစ်ချက်လေးတောင်လှဲ့မကြည့်ပဲ ထွက်သွားခဲ့ပြီ
2026-05-23 11:17:02
8
phyo.wai.zin339
@phyo.capsule :
ငိုနေရပြီbro🥺🥺🥺😭😭
2026-06-18 16:50:04
1
true44319
True ♊ :
မင်းပြန်မလာတော့မှန်းလည်းသိတယ် ဝဋ်ကြွေးကြီး စွာဖြင့်ကျွန်တော်မျော်လင့်တောင်းတမိတုန်း🥺
2026-06-30 16:33:24
2
myo.lin.khant32
🇲🇲Ko khant🇰🇷 :
စာသား လေးချ ပေးပါလား
2026-07-04 10:18:35
1
user581871934
အညာသားလေး (Myo Min )🥰🥰 :
အချစ်ဆိုတာနှလုံးသားကလက်ခံမှချစ်လို့ရတယ်ဆိုတာကိုသူမနဲ့တွေ့pသူထားခဲ့တော့မှနားလည်သွားတယ်ဗျာ🥺🥺😌😌
2026-07-15 03:12:52
1
m.k.b327
𝓜Ⓐ¥𝓴𝐚ᗷ¥α𝐑 :
မင်းကိုဘယ်တော့မှလက်လွတ်မှာမဟုဝူး😊 ကောင်းသည်ဖြစ်စေ,ဆိုးသည်ဖြစ်စေမင်းကိုဆက်ချစ်ဖို့ပဲရွေးဖြစ်မှပါအချစ်ရယ်🥺😊
2026-06-28 10:08:02
4
84984win
koko :
ကြိုက်လို့ကူယူပါရစေ❤️❤️❤️
2026-06-18 12:14:54
1
fightergyi58
🌎Ko🌝Kyaw🌞Thu💫 :
ဘယ်လောက်ပဲနာကျင်ပါစေအူးတော့ မရမကတော့ ဖက်တွယ်မိမှာပဲလေ ဘာလို့ဆို မင်းမပါပဲမက်တဲ့အိမ်မက်ဆိုတာ ဘယ်ဟာမှမရှိ့ခဲ့တာမလို့ ကိုဘက်ကတော့ ဘယ်အချိန်ပဲဖြစ်ဖြစ် မင်းမှမင်းပဲဆိုတဲ့အတွေးလေးပဲ ဆက်ချစ်နေအူးမယ်လေ မင်းမှမဟုက်ရင်ဘယ်သူ့မှလဲ မလိုချင်တော့သလိုဘယ်သူ့မှလဲချစ်တယ်ဆိုတဲ့စကားကိုထပ်မပြောတော့ဘူး တစ်နေ့ပြန်လာမယ်ဆိုတဲ့အတွေးလေးနဲ့ပဲ ကိုစောင့်နေပါ့မယ်နော် ဟိုခလေးလေး🥺🥺🥺
2026-05-17 06:06:54
7
dawsoe291
soe :
ကျွန်မလဲတူတူပါဘဲ ဘယ်လောက်ပဲနာကျင်ပါစေဆက်ချစ်နေအုန်းမှာ
2026-06-29 09:09:47
3
user907660571
^•_•^Ãüñg Lãy^•_•^ :
ယူသုံးခွင့်ပြုပါဗျ🥰
2026-06-08 00:35:54
1
htaininmaung
kaung :
ငါ့လိုဖြစ်နေပြီ😂
2026-07-01 17:57:29
1
x.e.n.o48
ZANDO :
ပြန်တင်ခွင့်ပြုနော်😔
2026-06-07 02:53:52
1
toke.gyi060
♡ ♡ htet. aung ♡ ♡ :
ပြန်တင်မယ်နော်အကို
2026-06-11 07:33:00
1
jjkknb66
jjkknb :
ပြန်တင်ခွင့်ပြုပါနော်🥰
2026-05-29 15:11:52
1
ehkyawpaing20
ကြံပါကောင်း💔 :
ပြန်တင်ခွင့်ပါဘဲရီ🥺
2026-06-07 08:29:12
1
chuephyo8
🌛🥀🌪☔🏥😔😔 :
ပြန်တင်လိုရလာဗျာ
2026-06-11 05:29:47
1
khaing1998119
𝑲𝒉𝒂𝒊𝒏𝒈(◕𝒔𝒂𝒊‿◕✿) :
ခွဲမသွားဘူး ဆိုတဲ့ ဂတိလေး တစ်ခုတော့ တောင်းခွင့်ရရင် တောင်ချင်ပါသေးတယ်....💔🥀🥺
2026-06-30 20:04:58
1
yan.gyi5974
Yan Gyi :
copy ယူပီးပြန်တင်ခွင့်ပြုပါ🥺
2026-06-08 14:46:19
1
.htet114
🏳️‍🌈Øø Øø Htet👻🚬🏳️‍🌈 :
စာသားလေးပေးပါလား ဗျာ🥺
2026-06-17 15:06:56
1
chitmg1846
{𝐂𝐇𝐈𝐓//𝐌𝐆}©®💔ဟင်္သာတသား :
bro..စာသားလေးရင်ထဲ့ထိတယ်ဗျ🥺ကျနော်စိတ်နဲ့လဲတူတယ်ဗျာ😢😖ပြန်တင်မယ်..crdပေးပါတယ်ဗျာ🥰
2026-06-12 15:11:20
1
a.p.h285
(Ãüñg Pyï Hëìñ)🌻❤️‍🩹🌻 :
စိတ်မချလို့သဝန်တိုမိတာတေရောအပစ်လားဗျာ🥺🥺
2026-06-01 12:51:55
1
user7520532834381
user7520532834381 :
❤️❤️👍ကောင်းလိုက်တဲ့စားစားလေး❤️
2026-05-20 15:02:14
1
umgko85
ကိုကိုႀကီး :
@ခ်စ္ရေသာညိမၾကမ္မာပါေဇေ်ား😳😳😳😳😳😳😳😳😳😳😳😳😳😳😳😳😳😳😳😳😳😂😂😂😂😂😂😂😂😂😂😂😂😂🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-05-19 09:34:52
2
kyal.zin.phyo928
😎😎အိမ်မက်ထဲကလင်🤭🤎🤍👻💐💐 :
အဲ့ဒါရှင်သိလား🥺
2026-06-22 09:50:35
1
To see more videos from user @kaung77954, please go to the Tikwm homepage.

Other Videos


About