@htet1236902: ဒီတစ်ကြိမ်တော့ မင်းဖက်က ပြန်လှည့်ကြည့်ခြင်းတွေကို လိုချင်လို့ ကျတဲ့ မျက်ရည်တွေ မဟုတ်ပါဘူး ဒီဆက်ဆံရေးက ကိုယ် ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဘယ်တော့မှ မနွေးထွေးနိုင်တော့ဘူးဆိုတာကို လက်ခံလိုက်တဲ့ မျက်ရည်တွေပါ စကားတွေ အရင်လို ပြောဖြစ်တော့မှာမဟုတ်ဘူး ပြီးတော့ ... မျက်ရည်တွေ အရင်ကလောက် ကျတော့မှာ မဟုတ်ဘူး ။ အခု ကိုယ်ငိုနေပါတယ် ဒါပေမယ့် မင်း ချော့ဖို့ မလိုတော့ပါဘူး ဒီမျက်ရည်တွေဟာ မင်းကြောင့် ကျတဲ့ မျက်ရည်တွေမှ မဟုတ်တော့တာ ကိုယ့်ကိုယ် မချစ်တဲ့ လူတစ်ယောက်ကို အရှက်မဲ့လောက်အောင် ကပ်တွယ်နေမိတဲ့ ကိုယ့်ကိုယ်ကိုယ်အတွက် ကျတဲ့မျက်ရည်မို့ မင်း ချော့လို့လဲ အပိုပါပဲ ။ နာကျင်လို့ ၀သွားရင် သူ့အလိုလို တိတ်သွားလိမ့်မယ် လုံလောက်တာထက် နာကျင်ပြီးသွားတဲ့အခါ မင်းကို မေ့သွားလိမ့်မယ် ။ ဒါပါပဲ ။ ။

𝐌𝐆 𝐇𝐓𝐄𝐓 𝐍𝐀𝐈𝐍𝐆
𝐌𝐆 𝐇𝐓𝐄𝐓 𝐍𝐀𝐈𝐍𝐆
Open In TikTok:
Region: MM
Thursday 30 April 2026 13:44:54 GMT
286
25
0
2

Music

Download

Comments

There are no more comments for this video.
To see more videos from user @htet1236902, please go to the Tikwm homepage.

Other Videos


About