@florathaesu: မမြဲတာကို နားလည်ပါ တရားတော် သဗ္ဗေ သင်္ခါရာ အနိစ္စာ သဗ္ဗေ - အလုံးစုံကုန်သော သင်္ခါရာ - ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့သည် အနိစ္စာ - မမြဲကြလေကုန်စွတကား။ ဣတိ - ဤကဲ့သို့ ယဒါ - အကြင်အခါကာလမှာ ပဿတိ - ဝိပဿနာဉာဏ်ဖြင့် ကောင်းစွာ ထင်ထင် ကိုယ်တိုင်သိမြင်လာပါပေ၏။ အထ - ထိုကဲ့သို့ ရုပ်နာမ်နှစ်သင်းရဲ့ ဖြစ်ခြင်းပျက်ခြင်းကိုကောင်းစွာထင်ထင် သိမြင်လာတဲ့အခါမှာ ဒုက္ခေ - ဖြစ်လိုက်ပျက်လိုက်နဲ့ နှိပ်စက်နေတဲ့ ရုပ်နာမ် ဒုက္ခသစ္စာ တရားပေါ်၌ နိဗ္ဗိန္ဒတိ - ရင်သန့်လာတဲ့ဉာဏ်က ငြီးငွေ့လာမယ်။ ဧသ/ဧသော - အဲ့ဒီလို ရုပ်နာမ်ဒုက္ခ သစ္စာတရားပေါ်မှာ ငြီးငွေ့လာခြင်းသည် ဝိသုဒ္ဓိယာ- အခုဗုဒ္ဓဘာသာဝင်တွေဆုတောင်းတဲ့ နိဗ္ဗာနဿ ပစ္စယော ဟောတု - လို့ ဆုတောင်းနေတဲ့ နိဗ္ဗာန်ချမ်းသာတရား၏ မဂ္ဂေါ - ရရာရကြောင်း လမ်းကောင်း လမ်းမှန်ကြီး ဖြစ်ပါပေတယ်လို့ သတ္ထာ - နတ်လူတို့ဆရာ ဘုရားရှင်သည် အဝေါစ - ဂရုဏာရှေးရှု ဟောပြတော်မူခဲ့ပါပေသတည်း။ #ဖိုးလမင်းဆရာတော်အရှင်စန္ဒောဘာသ #မမြဲတာကိုနားလည်ပါ
Flora
Region: MM
Thursday 30 April 2026 14:34:34 GMT
Music
Download
Comments
Oo Win :
အလှူတကါတွေထဲမှာ တရားအလှူသည်အမြတ်ဆုံး၊ လက်ဆောင်ဟူသမျှသည်တရားလက်ဆောင်သည်သာအမြတ်ဆုံးပါပဲ၊သာဓုပါနော်၊ ပြန်လည်မျှဝေပါရစေခင်ဗျာ🥰🥰🥰ဤဆရာတော်လူဝတ်လဲသွားတာသိပ်နှမြောမိပါတယ်🥰🥰🥰
2026-05-03 05:46:43
9
KATY Thuya :
ညီမကဆရာတော်တရားလေးတွေနဲ့အမြဲတင်ဖြစ်တယ်နော်
2026-05-03 11:54:40
2
Chaw Paw :
ရေးတော့အမှန် ဖတ်တော့အသံ တဲ့
က-ကြီးနဲ့ ကရုဏာ လို့ ရေးရပါတယ်
အမြဲစောင့် နာ မှတ်သားရလို့ ကျေးဇူးပါ
2026-04-30 23:40:12
5
Buddha And Dhamma :
ကျေးဇူးပါနော်
တရားနာကြားရလို့---
2026-06-08 09:35:25
1
ROCK LYNN (တိုက်ကြက်ဝါသနာရှင်) :
🙏🙏🙏သာဓုသာဓုသာဓု🙏🙏🙏
2026-05-29 05:08:29
1
ရတနာရွှေပို :
နားလည်ကြပါ
2026-06-10 23:46:35
1
ကောင်းထက် :
သာဓု၃
2026-05-22 07:55:22
1
Htaywin :
အရမ်းကောင်းတဲ့တရာတစ်ပါ🙏🙏🙏
2026-05-16 11:47:08
1
U Win :
တရားတင်ပေးလိုက်လူဟာဘယ်တော့အပါယ်မရောက်ဘူးလူနတ်အဆင့်ဆင့်မြင့်ထက်မြင့်ပြီးနိဗာန်စံပြီးနေသွားရတယ်
2026-05-21 14:00:26
1
Zaw Min Naing :
ကျေးဇူးတင်ပါ၏
ဆရာတော်တရားများ နာကြားရတာ
2026-05-21 15:37:47
1
12/laypar 199939 :
2026-05-10 22:54:36
1
Someone🥀 :
copy လေးယူထားပါတယ်🥰
2026-05-18 01:03:38
1
Ko Zaw :
2026-05-15 04:33:47
2
🍒ココチツト🍒KoKo🍒 :
မှန်ပ့ ချစ်တယ်🥰🥰🥰
2026-05-13 08:22:14
2
soeminaung :
သာဓုသာဓုသာဓုဘုရား🙏🙏🙏
2026-05-12 11:30:49
1
ဆုမြတ်ကြွယ် :
မမ ရေ သာဓု သာဓု သာဓု ပါ
2026-05-05 00:29:29
1
အညာကဦးလေး :
သာဓု သာဓု သာဓုပါ
🥰🥰🥰🥰🥰
2026-04-30 15:02:23
2
ချစ်သောဧရာဝတီ :
တရားတွေတော်တော်ရနေ🥰
2026-05-03 05:35:28
1
💥💦ယုန်ကလေး💦💥 :
အလိုမျိုးဘယ်လိုလုပ်ကတာလဲ🤔
2026-05-05 05:14:12
1
အလင်းရောင် :
မှန်လှပါဘုရား 🙏🙏🙏
2026-05-01 19:59:13
1
viswa :
မှန်လှပါ💕💕💕💕💕
2026-05-02 03:11:16
1
🇲🇲 Myint Htay Aung 🇨🇳 :
သာဓု သာဓု သာဓု တရားဓမ္မစာပေ ဗဟုသုတစာပေ ကျန်းမာစွာ မျှဝေနိုင်သူဖြစ်ပါစေ
2026-05-04 23:00:53
1
Z M T 🇲🇲 :
တရာနမည် သိပြောပြပါအုံး
2026-05-01 09:52:12
0
To see more videos from user @florathaesu, please go to the Tikwm
homepage.