@shun.lai23: သူငယ်ချင်း မကောင်းရင် မပေါင်းနဲ့ မိတ်ဆွေ မစစ်ရင် မချစ်ခင်နဲ့ ကိုယ်ကမကောင်းလို့ သူက ရှောင်သွားတာမျိုးလည်း မဖြစ်စေနဲ့ ကိုယ်က တည့်နေရဲ့သားနဲ့ သူက စောင်းနေတာမျိုးလည်း အဖြစ်မခံနဲ့ လောကကြီးမှာ ပြင်လို့မရတဲ့ အမှားတွေရှိသလို ပြင်လို့မရတဲ့ လူတွေ ရှိတယ်ဆိုတာကိုလည်း မင်းကို မမေ့စေချင်ဘူး အိုးရွဲ့ရင် စလောင်းရွဲ့နဲ့ဖုံးမယ်ဆိုတဲ့ စကားဟာ စကားအဖြစ်ပဲပြောလို့ကောင်းတာ သူငယ်ချင်း တစ်ကယ့်လက်တွေ့ဘဝမှာကျ ထင်သလောက်အသုံးမဝင်ဘူး သူတစ်ပါးကို ကူညီဆောင်ရွက်ပေးခြင်းဟာ မေတ္တာကရုဏာတရားကနေ ပေါင်းဖွားလာတဲ့ စစ်မှန်သောစေတနာတွေဖြစ်လို့ မင်္ဂလာရှိတဲ့လုပ်ရပ်တခုပါပဲ ဒါပေမဲ့ မင်္ဂလာမရှိတဲ့ လူတချို့ကို ကူညီမိတဲ့အခါ စေတနာတွေကလည်း ဝေဒနာတွေဖြစ်သွားတက်သလို မေတ္တာတွေကလည်း တန်ဖိုးမဲ့သွားတက်တယ်ဆိုတာကို သတိပြုစေချင်တယ်လေ ဒါကြောင့် တချို့သော အရွဲ့ တွေကို အရွဲ့တိုင်းပဲ ထားလိုက် တချို့သော အစောင်းတွေကိုလည်း အစောင်းတိုင်းပဲထားလိုက် မတူညီတဲ့ ချိုင့်တွေဟာ ဆင့်လို့မရသလိုမျိုးပေါ့ မတူညီတဲ့ ဘဝတွေ စိတ်တွေကလည်း ဘယ်လိုမှ ပေါင်းစပ်လို့မရနိုင်ဘူး #စာတို #fypシ゚viral🖤tiktok #လူငယ်များဆီသို့ #ရောက်ချင်တဲ့နေရာရောက်ကွာ

Shun Lai
Shun Lai
Open In TikTok:
Region: TH
Friday 01 May 2026 01:06:29 GMT
426
20
1
0

Music

Download

Comments

answer392
❤️Phÿõ🌹 :
🥰🥰🥰
2026-05-01 01:12:12
1
To see more videos from user @shun.lai23, please go to the Tikwm homepage.

Other Videos


About