@bluebird5033: #အနေသန (၂၁)ပါး ********************** အနေသန(၂၁)ပါးဆိုတာ ဦးဇင်း ရဟန်း ဒကာ ဒကာမ ဖြစ်တဲ့သူ နှစ်ဦးနှစ်ဖက်နဲ့ ဆိုင်ပါတယ်၊ အဲ့ဒါကြောင့် သာသနာကို တန်ဖိုးထားတဲ့ ဦးဇင်း ရဟန်း ဖြစ်တဲ့သူ ဒကာ ဒကာမ ဖြစ်တဲ့သူတို့သည် အနေသန(၂၁)ပါးကို သတိထားရမယ်။ ၀၁။ ဝေဠုဒါနံ- ဦးဇင်း ရဟန်း ဖြစ်တဲ့သူက ဒကာ ဒကာမတို့ကို ဝါး ဝါးခြမ်း မပေးရဘူး၊ ဒကာ ဒကာမတွေကလဲ မတောင်းရဘူး၊ ၀၂။ ပတ္တဒါနံ- ဦးဇင်း ရဟန်း ဖြစ်တဲ့သူက ဒကာ ဒကာမတို့ကို သစ်ရွက် မပေးရဘူး ဒကာ ဒကာမတွေကလဲ မတောင်းရဘူး၊ ၀၃။ ပုပ္ဖဒါနံ- ဦးဇင်း ရဟန်း ဖြစ်တဲ့သူက ဒကာ ဒကာမတို့ကို ပန်း မပေးရဘူး ဒကာ ဒကာမတွေကလဲ မတောင်းရဘူး၊ ၀၄။ ဖလဒါနံ- ဦးဇင်း ရဟန်း ဖြစ်တဲ့သူက ဒကာ ဒကာမတို့ကို သစ်သီး မပေးရဘူး ဒကာ ဒကာမတွေကလဲ မတောင်းရဘူး၊ ၀၅။ ဒန္တကဋ္ဌဒါနံ- ဦးဇင်း ရဟန်း ဖြစ်တဲ့သူက ဒကာ ဒကာမတို့ကို သွားတိုက်ဆေး သွားတိုက်တံ မပေးရဘူး ဒကာ ဒကာမတွေကလဲ မတောင်းရဘူး၊ ၀၆။ မုခေါဒကဒါနံ- ဦးဇင်း ရဟန်း ဖြစ်တဲ့သူက ဒကာ ဒကာမတို့ကို မျက်နှာသစ်ရေ မပေးရဘူး ဒကာ ဒကာမတွေကလဲ မတောင်းရဘူး၊ ၀၇။ သိနာနဒါနံ- ဦးဇင်း ရဟန်း ဖြစ်တဲ့သူက ဒကာ ဒကာမတို့ကို ဆပ်ပြာခဲ မပေးရဘူး ဒကာ ဒကာမတွေကလဲ မတောင်းရဘူး၊ ၀၈။ စုဏ္ဏဒါနံ- ဦးဇင်း ရဟန်း ဖြစ်တဲ့သူက ဒကာ ဒကာမတို့ကို ဆပ်ပြာမှုန့် မပေးရဘူး ဒကာ ဒကာမတွေကလဲ မတောင်းရဘူး၊ ၀၉။ မတ္တိကာဒါနံ- ဦးဇင်း ရဟန်း ဖြစ်တဲ့သူက ဒကာ ဒကာမတို့ကို မြေညက် မပေးရဘူး ဒကာ ဒကာမတွေကလဲ မတောင်းရဘူး၊ ၁၀။ စာဋုကမျတံ- ဦးဇင်း ရဟန်း ဖြစ်တဲ့သူက ကိုယ့်ကို နှိမ်ချပြီး ပြောဆိုခြင်း ဒကာ ဒကာမတို့ကို မြှောက်ပင့်ပြောခြင်း ဒကာ ဒကာမတို့၏ အကြိုက်ကို လိုက်ဆောင်၍ စကား မပြောရဘူး၊ ၁၁။ မုဂ္ဂသူပျတံ- ဦးဇင်း ရဟန်း ဖြစ်တဲ့သူက ဒကာ ဒကာမတို့နှင့် အမှန်နည်းပြီး အမှားများတဲ့ စကားတွေကို မပြောရဘူး၊ ၁၂။ ပါရိဘဋျတံ ဦးဇင်း ရဟန်း ဖြစ်တဲ့သူက ဒကာ ဒကာမတို့၏ သား သမီး ဖြစ်တဲ့ ကလေးငယ်ကို ပွေ့ချီခြင်း ထိန်းပေးခြင်း မလုပ်ရဘူး ၁၃။ ဇင်္ဃပေသနိယံ- ဦးဇင်း ရဟန်း ဖြစ်တဲ့သူက ဒကာ ဒကာမတို့၏ အထံမှာ သွားလာ၍ အစေခံ ကျွန်ခံ မလုပ်ရဘူး ၁၄။ ဝေဇ္ဇကမ္မံ- ဦးဇင်း ရဟန်း ဖြစ်တဲ့သူက အနာ ရောဂါဖြစ်နေတဲ့ ဒကာ ဒကာမတို့ကို ဆေးကုပေးခြင်း မလုပ်ရဘူး ၁၅။ ဒူတကမ္မံ- ဦးဇင်း ရဟန်း ဖြစ်တဲ့သူက ဒကာ ဒကာမတို့၏အထံမှာ သတင်းစကား ပြောပေးခြင်း မလုပ်ရဘူး ၁၆။ ပဟိဏဂမနံ- ဦးဇင်း ရဟန်း ဖြစ်တဲ့သူက ဒကာ ဒကာမတို့၏ ခိုင်းတဲ့ အလုပ်ကိစ္စတွေကို မလုပ်ရဘူး ဒကာ ဒကာမတွေကလဲ ဦးဇင်း ရဟန်းတွေကို မခိုင်းရဘူး၊ ၁၇။ ပိဏ္ဍပဋိပိဏ္ဍကေန ဒါနာနုပ္ပဒါနံ- ဦးဇင်း ရဟန်း ဖြစ်တဲ့သူက ကျောင်းမှာရှိတဲ့ ဆွမ်းတွေ ဟင်းတွေကို ဒကာ ဒကာမတွေအတွက် မပေးရဘူး၊ ဒကာ ဒကာမတွေကလဲ ကျောင်းမှာရှိတဲ့ ဆွမ်းတွေ ဟင်းတွေကို အိမ်ကို မယူရဘူး၊ ၁၈။ ဝတ္ထုဝိဇ္ဇံ- ဦးဇင်း ရဟန်း ဖြစ်တဲ့သူက လယ်ယာ မြေ အတတ် ပညာကို သင်ယူခြင်း သင်ပေးခြင်း မလုပ်ရဘူး၊ ၁၉။ နက္ခတ္တဝိဇ္ဇံ- ဦးဇင်း ရဟန်း ဖြစ်တဲ့သူက နက္ခတ် အတတ် ပညာကို သင်ယူခြင်း သင်ပေးခြင်း မလုပ်ရဘူး၊ ၂၀။ အင်္ဂဝိဇ္ဇံ- ဦးဇင်း ရဟန်း ဖြစ်တဲ့သူက အင်္ဂ ဝိဇ္ဇာ အတတ် ပညာကို သင်ယူခြင်း သင်ပေးခြင်း မလုပ်ရဘူး၊ ၂၁။ ဆဗ္ဗိဓေ စ အဂေါစရေ စရတိ- ဦးဇင်း ရဟန်း ဖြစ်တဲ့သူက မသွားသင့် မလာသင့်တဲ့ နေရာ(၆)ခုတို့ကို သွားမှု လာမှု မလုပ်ရဘူး။ အနေသန(၂၁)ပါးကို ဝါရိတ္တသီလလို့ မြတ်စွာဘုရား ဟောထားခဲ့ပါတယ်၊ မကျင့်နိုင်တာ ကျင့်နိုင်တာ နောက်ပိုင်း ပဋိပတ္တိကိစ္စ ဖြစ်ပါတယ်၊ လက်ရှိ ပစ္စုပ္ပန် အချိန်ကာလမှာ သာသနာကို တန်ဖိုးထားတဲ့ ရဟန်း ဦးဇင်း ဖြစ်တဲ့သူရော ဒကာ ဒကာမ ဖြစ်တဲ့သူရော ဓမ္မဗဟုသုတ ရှိအောင်လို့ ဖော်ပြလိုက်ပါတယ်။ ================================= သုတ္တန်ပိဋကတ်၊ ခုဒ္ဒကနိကာယ၊ သုတ္တနိပါတအဋ္ဌကထာ၊ မေတ္တသုတ်။
အရှင်နန္ဒိယ{ပညာဘူမိ တက္ကသိုလ်}
Region: MM
Friday 01 May 2026 06:58:52 GMT
Music
Download
Comments
thet thetthetkyu :
မပေးရကြောင်းကုိလည်းသိခွင့်ရပါသလား?ဘုရား
2026-05-01 11:51:28
13
Moe Khayae :
shal ခွင့်ပြုပ့ါဘုရား
2026-05-11 04:01:54
3
khun sanlwin :
အနေသနက ဘာအာပါတ်သင့်ပါသလဲဘုရားဖြေကြားတော်မူပါဘုရား🙏🙏🙏
2026-05-01 23:05:15
3
Sodium :
၂၁ မသွားသင့်မလာသင့်တဲ့နေရာ၆ခုကိုပြောပြပေးပါ
2026-05-23 10:04:21
2
Wathun🌧️ :
ရှယ်ခွင့်ပေးတော်မူပါအရှင်ဘုရား
2026-05-17 05:02:50
1
su gyi pan :
ဝိနည်းတော်တွေသိခွင့်ရလို့ကျေးဇူးကြီးလှပါ၏ဘုရား
2026-05-01 09:20:28
11
Daw Khaing Malar Aung :
သိခွင့်ရပါသဖြင့်အထူးကျေးဇူးတင်ပါသည်၊ဦးတင်ရှိခိုးကန်တော့ပါ၏အရှင်ဘုရား
2026-05-17 04:07:19
2
🧡m.k.l.🧡 :
မှန်လှပါဘုရားခုလိုလေးတွေတင်ပေးပါဘုရား ဗဟုသုတလေးရပါတယ်🙏🙏🙏
2026-05-11 15:48:04
3
𝖂𝖆𝖎 𝖑𝖎𝖓𝖓 𝖆𝖚𝖓𝖌 :
ဘာပဲဖြစ်ဖြစ်ဒီစာကိုတင်တဲ့ဦးဇင်းအားဦးတင်ပါတယ်ဘုရား...လောကီလောက္ကုတ်နဲ့အများသိစေနိုင်ရန်မျှဝေခြင်းအတွက်အရှင်အားလေးစားဂုဏ်ယူပါတယ်ဘုရား
2026-05-02 17:03:13
7
Kyaw Swar Lin :
မသွားမလာ သင့်တဲ့နေရာ (6)ခု ကို အဆင်ပြေရင် ညွှန်ပြပေးပါဘုရား ။
ကျေးဇူးတင်ပါတယ် ဘုရား။
2026-06-04 15:57:20
3
❣ရွှေသခင်❣ :
သိခွင့်ရလို့ ကျေးဇူးကြီးမားလှပါသည်ဘုရား လိုက်နာပါမည်ဘုရား🙏🙏🙏🙏🙏
2026-05-16 07:53:37
3
ahngehtwe :
သာဓုသာဓုသာဓုပါဘုရား
2026-05-18 06:11:45
2
Chill Capsule 💫 :
မှတ်သားထားပါ့မယ်ဘုရား🙏🙏🙏
2026-05-21 12:10:50
1
mgmg :
သာဓုသာဓုသာဓုပါ
2026-05-13 08:55:41
2
Daw Cho :
ကျေးဇူးပါဘုရားသိရ တာဗဟုသုတရပါတယ်ဘုရား
2026-05-16 12:56:58
1
ဂျီပု :
ကျေးဇူးပါ
2026-05-15 01:45:43
1
luthatthitsar :
သာဓု သာဓု သာဓုပါဘုရား
2026-06-07 13:48:03
1
Daw Cherry :
သာဓုသာဓုသာဓုပါဘုရား
2026-05-03 08:21:12
1
Khin Swe Oo :
🙏🙏🙏မှန်လှပါဘုရား
2026-05-08 23:07:51
1
A Winn :
အတတ်နိုင်ဆုံးရှောင်ကျဥ်ပါတယ်ဘုရား🙏🙏🙏
2026-05-11 02:25:34
1
U Cho Win :
သာဓု သာဓု သာဓု
2026-05-09 11:27:20
1
tnwe :
ကျေးဇူးကြီးလှပါတယ်ဘုရားသိသင့်တာတွေတင်ပေးပါဘုရား
2026-05-10 10:22:34
1
U Zinn :
သာဓုသာဓုသာဓုပါ
2026-05-13 01:35:55
1
ဂျီပု :
ဗဟုသုတရရှိပါသည်
2026-05-15 01:46:31
1
tcAungsoelinn Thailand :
သာဓု သာဓု သာဓု
2026-05-03 13:52:19
1
To see more videos from user @bluebird5033, please go to the Tikwm
homepage.