@carnation.flower09: နည်းနည်း အဆင်မပြေမှုတွေ ကြုံရတာနဲ့ လမ်းခွဲသွားတော့မှာလား။🧐🧐🧐 စိတ်ပျက်တာနဲ့ လမ်းခွဲမယ်။😟😟😟 အလိုမကျတာနဲ့ လမ်းခွဲမယ်။🙁🙁🙁 ကတောက်ကဆတ် ဖြစ်တာနဲ့ လမ်းခွဲမယ်။☹️☹️☹️ အဘယ်မှာ အချစ်စစ်ကို ပိုင်ဆိုင်နိုင်မလဲ။😮😮😮 လက်ရှိလူကို စွန့်ပစ်တာနဲ့ ဒီထက် ပိုကောင်းတဲ့လူနဲ့ တွေ့ရတော့မှာလား။😯😯😯 လောကမှာ ကောင်းတဲ့လူအများကြီး ရှိနိုင်တယ်။ ဒါပေမဲ့ မင်းနဲ့ သင့်တော်တဲ့လူတော့ အင်မတန်မှ ရှားပါလိမ့်မယ်။ ဒါကြောင့် အတွေးမများနဲ့၊ လွယ်လွယ်စိတ်မပျက်နဲ့။ ကိုယ့်မျက်စိရှေ့ကလူသည် အကောင်းဆုံးသာ ဖြစ်တယ်။😲😲😲 ခဏတာရင်ခုန်မှုအသစ်အတွက်နဲ့ သူ့မျက်စိတစ်စုံလုံး မင်း ပုံရိပ်တွေ ပြည့်နေတဲ့လူကို မလဲလိုက်ပါနဲ့။ မလဲသင့်တဲ့အရာပါ။ အသစ်သောလူနဲ့ လဲလှယ်ဖို့ မထိုက်တန်ပါ😊😊😊 သူစိမ်းလူနှစ်ယောက် ချစ်ကြတဲ့အခါ အနည်းနဲ့အများ အဆင်မပြေမှုလေးတွေ ရှိလာနိုင်တယ်။ ကြုံလာနိုင်တယ်။ ရန်ဖြစ်စကား များနိုင်တယ်။ နားလည်မှု လွဲနိုင်တယ်။ မပြေလည်မှုတွေကို ချစ်တဲ့ နှစ်ယောက်သား ဘယ်လိုဖြေရှင်းမလဲဆိုတဲ့နည်းကို အတူတူ စဉ်းစားရမယ်။😇😇😇 ပြဿနာများကို အတူတူဖြေရှင်းရင် မပြေလည်မှုတွေ မရှိတော့ဘူးပေါ့လေ။ လမ်းခွဲစကားပြော ဇာတ်သိမ်းဖို့ပဲ တွေးရတာ မဟုတ်ပါ။ လုံးဝအဆင်မပြေတော့ရင်တော့ တစ်မျိုးပေါ့။ အချစ် ဆိုတာ စိတ်ရှည်ရတယ်။ သည်းခံရတယ်။ အချိန်ပေးရတယ်။ လက်တွေ့ ချစ်ပေးရတယ်။ သစ္စာရှိရတယ်။ လေးစားမှု ရှိရတယ်။ တန်ဖိုးထားပေးရတယ်။ ဒါကြောင့် မင်းမှမင်းဆိုတဲ့လူမျိုးကို လက်လွတ် ဆုံးရှုံးမခံရအောင် စိတ်ရှည်သည်းခံပြီး ချစ်ပါ။☺️☺️☺️ ဘဝမှာ တစ်နေကုန်ပင်ပန်းပြီး ညရောက်လာတဲ့အခါ တီတီ တာတာပြောပြီး ချွဲလို့ရတဲ့ရင်ခွင်ရှိခြင်းဟာ ဘယ်လောက်တောင် ကြည်နူးစရာကောင်းသလဲဆိုတာ သိတယ်မဟုတ်လား🥰🥰🥰 Crd နူးနူးအောင် #အချစ်ခံရသူများဆုံဆည်းရာ #နူးနူးအောင်
Carnation flower
Region: MM
Friday 01 May 2026 14:27:54 GMT
Music
Download
Comments
🧵🧵💕💕Ngwe Hinn Phyu💕 :
နေ့မပြောတော့ပါဘူးညတောင်မအားဘူးဆိုတဲ့သူကိုဘယ်လိုရှေ့ဆက်ရမလဲကွယ်
2026-05-03 13:08:12
2
chanchan :
@U Soe Min Htwe
2026-05-16 00:44:36
1
To see more videos from user @carnation.flower09, please go to the Tikwm
homepage.