@thitsar9696: =========================== သံသရာမှာ ဘယ်တော့မှ ပြန်ဆုံမှာမဟုတ်တော့တဲ့ သူနှစ်ယောက်ရဲ့ ============================== နောက်ဆုံးနှုတ်ဆက်စကား ================== ဟောဒီဘဒ္ဒကမ္ဘာမှာ ... အချစ်တတ်ဆုံးအမျိုးသမီး ၊ ရိုမန်တစ်အဆန်ဆုံးအမျိုးသမီးက ... ဘုရားအလောင်းတော် သိဒ္ဓထ္ထမင်းသားရဲ့ ကြင်ယာတော် ... ယသော်ဓယာဒေဝီပဲ ။ ဒီပင်္ကရာဘုရားရှင်လက်ထက်မတိုင်မီ ရှေ့ဘုရားရှင်တစ်ဆူလက်ထက်မှာကထဲက ... ပါရမီဖြည့်ဖက်အဖြစ် ဆုတောင်းခဲ့တယ် ။ ဒီပင်္ကရာဘုရားရှင်လက်ထက်မှာ ဗျာဒိတ်ပေးတော့လည်း ... သုမေဓာရသေ့လေးကို ချစ်ခင်မြတ်နိုးလွန်းလို့ ... ပါရမီဖြည့်ဖက်ဖြစ်ဖို့ ဆုတောင်းခဲ့တယ် ။ တကယ့် Platonic Love ပဲ ။ နောက်ဆုံးဘဝမှာ ... ကြင်ယာတော်သိဒ္ဓထ္ထမင်းသားတောထွက်တော်မူတဲ့အခါ ... အထောက်တော်တွေကို လွှတ်ပြီး ... သိဒ္ဓထ္ထမင်းသားက တစ်နပ်ပဲစားတော့တယ်ဆိုရင် တစ်နပ်ပဲစားတယ် သိဒ္ဓထ္ထမင်းသားက သစ်သီးကိုပဲ သုံးဆောင်တော့တယ်ဆိုရင် သစ်သီးကိုပဲ စားတော့တယ်။ မြေမှာအိပ်တယ်လို့ သိရရင် ... သူလည်းသလွန်ပေါ်ကဆင်းပြီး မြေမှာအိပ်တယ် ။ ပါရမီဖြည့်ဖက်ပီသစွာ ... နေထိုင်ခဲ့တယ် ။ ပထမဆုံးအကြိမ် ... ဘုရားရှင်က ကပ္ပိလဝထ္ထုကို ကြွတော်မူလာတော့ ... ဘုရားရှင်ရဲ့ ခြေတော်စုံကို ဆံပင်နဲ့ပွတ်ပြီး သည်းထန်စွာငိုကြွေးတယ် ။ ခွဲခွာခဲ့ရတာ ၈ နှစ်လောက်ကြာခဲ့ပြီကိုး ။ သားတော်ရာဟုလာကို ဒါမင့်အဖေပဲ အမွေသွားတောင်းချေလို့ ထည့်ပေးလိုက်တယ် ။ တကယ်က အဖေနဲ့သားကို အတူဆုံစေချင်တဲ့စေတနာလို့ထင်တယ် ။ ဒီလိုနဲ့ သူကိုယ်တိုင်လည်း မြတ်စွာဘုရားရဲ့ တရားတွေကိုနာကြားပြီး ရဟန္တာဖြစ်တော်မူတယ် ။ ယသော်ဓယာထေရီမဟာ ပရိနိဗ္ဗာန်ပြုမယ့်ဆိုတာသိပြီဆိုတာနဲ့ တရားအားထုတ်ဖော် ထေရီမတစ်ထောင်ကို ခေါ်ပြီးဘုရားဆီကိုလာတယ် ။ " ဒီနေ့ တပည့်တော် ပရိနိဗ္ဗာန် ပြုပါတော့မယ်ဘုရား " လို့ လျောက်တယ် ။ ပြီးတော့ တစ်ဆယ့်ခြောက်သင်္ချေနဲ့ ကမ္ဘာတစ်သိန်းပတ်လုံး ဘဝပေါင်း များစွာ ... များစွာ ချစ်သူအဖြစ် လင်ယောကျာ်းအဖြစ် ချစ်မြတ်နိုးခဲ့ရတဲ့ ပါရမီဖြည့်ခဲ့ရတဲ့သူကို ... နောက်ဆုံးကြည့်ခြင်းနဲ့ ... ခုနှစ်ကြိမ်ပတ်ပြီး မမှိတ်မသုန်ကြည့်တယ် ။ ပြီးတော့ ... နောက်ဆုံးစကား... သံသရာမှာ ဘယ်တော့မှ ပြန်ဆုံမှာမဟုတ်တော့တဲ့ သူနှစ်ယောက်ရဲ့ နောက်ဆုံးနှုတ်ဆက်စကား ( ဥဒါန်း) ကိုဆိုတယ် ... " အရှင်ဘုရား ... တပည့်တော်မ ဟာ ... အရှင်ဘုရားကို ဘဝအဆက်ဆက် ပါရမီဖြည့်ဖက်အဖြစ် အမြဲအတူရှိနေခဲ့ပါတယ်ဘုရား ကြီးကျယ်မြင့်မြတ်တဲ့ဘဝတွေကို အတူခံစားစံစားခဲ့သလို ... ဆင်းရဲဒုက္ခတွေကို အတူခံစားခဲ့ပါတယ်ဘုရား ချမ်းသာခြင်းကို အတူခံစားခဲ့သလို ... ဆင်းရဲဒုက္ခကြုံရတဲ့အခါမှာလည်း မငြိုငြင်ခဲ့ပါဘုရား ... " လျောက်တယ် ။ ပြီးတော့ ကောင်းကင်ကိုစျာန်နဲ့ပျံကြွပြီး ... ဆင်ရုပ် ၊မြင်းရုပ် ၊သိကြားမင်းရုပ်၊နဂါးရုပ်၊ ဂဠုန်ရုပ်စတဲ့ ... နာနာရုပ်တွေကို တန်ခိုးနဲ့ဖန်ဆင်းပြီးပူဇော်တယ် ။ ကောင်းကင်မှာပဲ ပရိနိဗ္ဗာန်ပြုပြီး တေဇောဓာတ်လောင်တယ် ။ ယသော်ဓယာဒေဝီဟာ ကြီးကျယ်ခမ်းနားတဲ့ ချစ်ခြင်းများနဲ့ သံသရာတစ်လျောက်လုံး ချစ်ခဲ့တဲ့သူ ... ကိုယ်ချစ်တဲ့သူကို နောင်ဘဝထိ သံသရာထိ ကောင်းစေလိုတဲ့ စေတနာနဲ့ မငြီးမငြူပါရမီဖြည့်ခဲ့တဲ့ ... အချစ်တတ်ဆုံး ပုဂ္ဂိုလ်ကြီးပါ ။ ကလျာဏမိတ္တတစ်ယောက်ရဲ့ ဖြည့်ဆည်းမှုတွေနဲ့ ကိုယ့်ချစ်သူကို သံသရာတစ်လျောက်လုံး အရှုံးအမြတ်မတွက်ပဲ ချစ်သွားခဲ့တဲ့ ... အချစ်တတ်ဆုံး မိန်းမပါ ။ CRD........ဆရာကြီးငွေဥဒေါင်း၏ ဗုဒ္ဓစာပန်းချီ
@feel 1500
Region: MM
Saturday 02 May 2026 01:02:28 GMT
Music
Download
Comments
soenaingoo171 :
စာဖတ်ပြီး ယောင်္ကျားတန်မဲ့မျက်ရည်ဝဲမိတယ်🥰🥰🥰
2026-05-02 14:20:13
252
ဘာလဲ :
သံသရာအပူတွေကိုတွေးရင်းကြောက်ရွံ့မျက်ရည်ကျရပါသည်ဘုရားဒီဘဝဒီခန္တာသည်နောက်ဆုံးဖြစ်၍ နိဗ္ဗန်သို့မျက်မှောက်ပြုရပါလို၏ဘုရား
2026-05-04 03:27:49
72
Kaung Kaung 🎸(The Right Band) :
"ယသော်ဓရာ" လို့ကြားတိုင်း သိဒတ္တမင်းသားတစ်ယောက်ထဲကသာ သူ့ကိုချစ်စနိုးခေါ်တဲ့ "ဂိုလ်ပါး" ဆိုတဲ့ချစ်စရာနာမည်လေးကိုပါ အတူတူကြားယောင်မိတယ်🥰🥰🥰
သိပ်ကိုမွန်မြတ်တဲ့အမျိုးသမီး
သိပ်ချစ်တတ်လွန်းတဲ့အမျိုးသမီး
သိပ်ကိုလေးစားအားကျအတုယူရတဲ့အမျိုးသမီး
မြတ်စွာဘုရားရှင်ကို ကျွန်ုပ် ချစ်ခင်ရိုသေမြတ်နိုးသလိုပဲ
သူ့ကိုလဲထပ်တူထပ်မျှပါပဲ🙏🙏🙏
2026-05-03 15:39:13
110
ရှင်ဝိဝေကဆာရ 🙏🏻🙏🏻🙏🏻 :
အရှင်ဘုရားဘုရားတပည့်တော်ကိုပြန်လည်မျှဝေခွင့်လေးပြုပါဘုရားစာသားလေးအရမ်းသဘောကြလို့ပါဘုရား🙏🏻🙏🏻🙏🏻🙏🏻🙏🏻
2026-05-02 13:09:23
42
Aung Phyo Paing :
စာသားရဲ့နောက်ကတီးလုံးသံကိုကြားမိတော့ စိတ်ထဲမှာပဲလွမ်းသလိုလို အရင်ဘဝတွေကိုပဲပြန်မြင်ယောင်သလိုလို သြော်ဘဝဘဝတွေက နောက်ဆုံးတော့လည်းခွဲခွာကြရတာပဲလေ ကောင်းသောခွဲ ခြင်း မကောင်းသောခွဲခြင်း နှစ်မျိုးပဲရှိပါတယ်် သံသရာအဆက်ဆက်တွေ တရားမရသေးသ၍တော့ ပင်ပန်းနေကြရအုံးမယ်🙏🙏🙏🙏🙏
2026-05-04 07:05:22
19
Myo Htet Zaw :
ဒီတရားနားတုန်းက မျက်ရည်တွေကျ အခုလဲစာဖတ်ပြီး ယောင်္ကျားတန်မဲ့မျက်ရည်ဝဲမိတယ်
2026-05-04 01:02:00
7
kyaw thu :
ပါရမီဖြည့်ဖက်ကောင်းဆိုတာအို...ငါဘာလို့ယောက်ကျားကြီးတန်မဲ့မျက်ရည်တွေကျနေပါလိမ့်ကွယ်🥺🥺🥺🙏🙏🙏
2026-05-04 13:16:19
12
ujoe@6996 :
ပါရမီဖြည်ဘက်တဲ့ဗျာ🙏
🙏ဘ၀အဆက်ဆက်🙏ဖြည်နိုင်လွန်းတယ်ဗျာ🙏🙏🙏
2026-05-04 08:55:20
11
Su :
🙏🙏🙏သာဓုသာဓုသာဓုပါယသော်ဓရာထေရီမယ်တော်ကြီးရေ၊ရင်ထဲမှာတော့ကြည်နူးချင်း၊ချမ်းမြေ့ချင်း၊လွမ်းဆွတ်ချင်းတွေကိုပါခံစားရပါတယ်၊
2026-05-04 09:44:44
14
Mee Nge(ဗန်းမော်သူလေး) :
🙏🙏🙏သာသနာ့မိခင်ကြီးပါရှင့်
2026-05-02 01:07:35
17
win myaing :
ဘာလို့လည်းမသိ ဖတ်နေရင်း တီးလုံးသံနားထောင်ရင်း မျက်လုံးထဲမြင် ပီး မျက်ရည် ဝဲမိတယ် ကြည်နူးပီတန မျက်ရည်တွေပဲဖြစ်မှာပါ
2026-05-04 16:12:04
7
Phoe Aye :
တပည့်တော်လည်းဘဝဆက်တိုင်းပါရမီဖြည့်ဖက်ဆန္ဒတွေနဲ့နိဗ္ဗာန်အရောက်ကျင့်ကြံအားထုတ်နေပါတယ်ဘုရား
2026-05-03 04:20:09
9
Phoe Thar :
အဒီလိုပို့လေးတွေဖတ်ရတာအရသာရှိလိုက်တာဒါမျိုး ေတွေအမြဲတင်ပေးပါ
2026-05-04 11:12:23
8
May✨💫🌟 :
တကယ့်ကို ဗုဒ္ဓဘုရားရှင်နဲ့ ယသော်ဓယာကို လွမ်းသလိုခံစားမိပါတယ် 🥰🥰🥰
2026-05-04 15:21:08
7
twar🍓🍒 :
စာဖတ်ပြီးငိုချင်စိတ်ကိုမနည်းထိန်းထားရပါတယ်ဘုရား🙏🙏🙏
2026-05-04 09:00:06
5
nanwai7474 :
သံသရာ မှာဘယ်တော့မှမဆုံတော့ဘူးဆိုတဲ့စာသားလေးဖတ်မိပြီး ရင်ထဲအောင့်ပြီးမျက်ရည် ဖြိုင်ဖြိုင်ကျမိပါတယ် 😭😭😭😭
2026-06-02 19:38:52
5
Mya Thet Htar :
စာအရေးအသားလေးကကောင်တော့စိတ်ထဲမှာမကောင်းဘူး၀မ်းနဲ့လို့စိတ်မကောင်းလို့ငိုမိတယ်😭😭😭😭😭
2026-05-03 05:01:19
8
Kyaw Kyaw Myo :
သာဓု သဓု သာဓု ပါ ယသော်ဓရာ ထေရီ မကြီး
2026-05-04 03:20:59
5
Nay Chi Oo 🇲🇲Office အိမ်ပြေး :
ဘာကြောင့်မှန်းမသိ ရင်ထဲဝမ်းနည်းလာတယ်
2026-05-03 05:05:08
7
မုန်း :
ငိုချင်လာပြီ
တီးလုံးလေးနဲ့ စာသားလေးနဲ့
မျက်ရည်တွေနဲ့(အဆင်ကိုပြေနေတာ)😭😭😭
2026-05-03 03:54:42
15
U PHAY :
ပါရမိဖြည့်ဖက်ဆိုတာဒါမျိ့းပေါ့
2026-05-02 08:03:47
7
ulaygyi3213 :
မျက်ရည်ကြတာဘာလို့လည်း
2026-05-03 08:55:36
6
Daw Khin Mar Aye :
မဆုံသောလမ်းကို ရွေးခဲ့ကြပြီ သာဓု သာဓု သာဓု❤️❤️❤️❤️❤️❤️❤️
2026-05-03 04:11:54
5
🇲🇲 မောင်သုတ 🇲🇲 :
ဘုရားငါးဆူပွင့်တဲ့ကမ္ဘာဖစ်လို့ ဘဒ္ဒကမ္ဘာလို့ ခေါ်ဆိုခြင်းဖစ်တရ် ယသောဓရာ တယောက်ထဲတော့ အချစ်တတ်ဆုံးလို့ ဘဒ္ဒကမ္ဘာကို အမှိမြု့ပီ ပြောရင် မှန်နိုင်လား စဥ်းစားရမရ် ပွင့်တော်မူပီးတဲ့ ဘုရားရှင်တို့ရက် ပါဒမီဖြည့်ဘက်ကလဲ ဒိကမ္ဘာနက် ပတ်သက်နေနိုင်တရ် ဆက်စပ်နေနိူင်တရ်ပေါ့ တကယ်လို့ ဘဒ္ဒကမ္ဘာမာ ဂေါတမဘုရားရှင် တဆူထဲ ပွင့်ခဲ့တရ်ဆိုရင် အချစ်ဆုံးတတ်ဆုံးအမျိုးသမီးက ယသောဓရာတာဆိုတာ ညင်းစရာမလိုဘူး ဒါပင်မဲ့ ငါးဆူပွင့်မာဖစ်တဲ့ ကမ္ဘာကို ဘဒ္ဒကမ္ဘာလို့ နားလည်ထားသူတေလဲ ဗုဒ္ဓဘာသာမာအများကြိးပါ အ့လူတေကရော ဒိ post ကို ဘယ်လိုမြင်လဲ ဆွေးနွေးပေးပါအူးနော်☺
2026-05-04 02:08:12
7
ကောင်းကောင်း :
ပါရမီ ဖြည့်ဖက် ၏ လိုက်ဖက်မှု လူတိုင်း မလုပ်နှိင်သော တာဝန် နှင့် ဖြည့်ဆည်းပေးခြင်း လွတ်ပီ ကျွတ်ပီ ဤ သံဿရာ ဝယ် 🥰🥰🥰🥰👍👍👍👍👍👍🥰🥰🥰🥰🥰🥰
2026-05-03 02:16:27
5
To see more videos from user @thitsar9696, please go to the Tikwm
homepage.