@meenmeen677: ဒီတစ်ကြိမ်တော့ မင်းဖက်က ပြန်လှည့်ကြည့်ခြင်းတွေကို လိုချင်လို့ ကျတဲ့ မျက်ရည်တွေ မဟုတ်ပါဘူး ဒီဆက်ဆံရေးက ကိုယ် ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဘယ်တော့မှ မနွေးထွေးနိုင်တော့ဘူးဆိုတာကို လက်ခံလိုက်တဲ့ မျက်ရည်တွေပါ စကားတွေ အရင်လို ပြောဖြစ်တော့မှာမဟုတ်ဘူး ပြီးတော့ ... မျက်ရည်တွေ အရင်ကလောက် ကျတော့မှာ မဟုတ်ဘူး ။ အခု ကိုယ်ငိုနေပါတယ် ဒါပေမယ့် မင်း ချော့ဖို့ မလိုတော့ပါဘူး ဒီမျက်ရည်တွေဟာ မင်းကြောင့် ကျတဲ့ မျက်ရည်တွေမှ မဟုတ်တော့တာ ကိုယ့်ကိုယ် မချစ်တဲ့ လူတစ်ယောက်ကို အရှက်မဲ့လောက်အောင် ကပ်တွယ်နေမိတဲ့ ကိုယ့်ကိုယ်ကိုယ်အတွက် ကျတဲ့မျက်ရည်မို့ မင်း ချော့လို့လဲ အပိုပါပဲ ။ နာကျင်လို့ ၀သွားရင် သူ့အလိုလို တိတ်သွားလိမ့်မယ် လုံလောက်တာထက် နာကျင်ပြီးသွားတဲ့အခါ မင်းကို မေ့သွားလိမ့်မယ် ။ ဒါပါပဲ ။ ။

MEEN🍒
MEEN🍒
Open In TikTok:
Region: TH
Saturday 02 May 2026 16:08:29 GMT
229947
19406
90
787

Music

Download

Comments

wai.gyi5068
Wai Gyi :
@🫶Chan🫶:ငါက... မင်းမျက်ဝန်းထဲမှာ ဘယ်တုန်းကမှ နေရာမရခဲ့တဲ့ငါက... ဘာကြောင့်များ အမြဲတမ်း မင်းကိုပဲ တစိုက်မတ်မတ် ရွေးချယ်နေခဲ့မိလဲ ကိုယ့်ကိုယ်ကိုယ်လည်း မေးမရတော့တဲ့ ပုစ္ဆာတစ်ခုပါ။ လောကကြီးမှာ ရွေးချယ်စရာ လမ်းတွေ အများကြီးရှိနေခဲ့တာတောင်၊ ငါ့ခြေလှမ်းတွေက မင်းဆီဦးတည်တဲ့ လမ်းတစ်လမ်းတည်းကိုပဲ မျက်စိမှိတ်ပြီး လျှောက်ခဲ့မိတယ်။ မင်းက ငါ့ကို ကျောခိုင်းဖို့ အကြိမ်ကြိမ် ရွေးချယ်ခဲ့ချိန်မှာတောင်၊ ငါက မင်းနောက်ကွယ်ကနေ အရိပ်လို လိုက်ပါဖို့ပဲ ထပ်ခါတလဲလဲ ရွေးချယ်ခဲ့မိတာ။ မင်းစွန့်ပစ်ခဲ့တဲ့ ငါက... မင်းအတွက် အသုံးမဝင်တော့လို့ ဘေးဖယ်ထုတ်ခြင်း ခံခဲ့ရတဲ့ငါက... မင်းအတွက်နဲ့ဆိုပြီး အရာရာကို စွန့်လွှတ်ခဲ့တာ။ ငါ့ရဲ့ မာနတွေ၊ ငါ့ရဲ့ အတ္တတွေ၊ နောက်ဆုံး... မင်းမရှိရင် မရှင်သန်နိုင်တော့မယ့် ငါ့ရဲ့ ပျော်ရွှင်မှုတွေကိုပါ မင်းအတွက်ဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ အလွယ်တကူ စွန့်လွှတ်အနစ်နာခံခဲ့တာပါ။ မင်းကတော့ ငါ့ကို စွန့်ပစ်လိုက်ရတာ အမှိုက်တစ်ခုကို လွှင့်ပစ်လိုက်ရသလောက်ပဲ လွယ်ကူခဲ့ပုံရရဲ့။ "ချစ်ခြင်းမေတ္တာမှာ အသွားအပြန်မရှိဘူးဆိုတာ ဒါမျိုးကိုပြောတာ ထင်ပါရဲ့။" ငါပေးဆပ်သလောက် မင်းဆီက ပြန်မရနိုင်မှန်း သိပါတယ်။ ဒါပေမဲ့ အနည်းဆုံးတော့ ငါပေးခဲ့တဲ့ အချစ်တွေရဲ့ တန်ဖိုးကို မင်းနားလည်ပေးလိမ့်မယ်လို့ မျှော်လင့်ခဲ့ဖူးတယ်။ အခုတော့လည်း ချစ်ခြင်းမေတ္တာဆိုတာ ကိုယ်ပေးလိုက်တဲ့အရာက တစ်ဖက်လူဆီ ရောက်သွားတာနဲ့တင် ပြီးဆုံးသွားတဲ့ လမ်းဆုံးတစ်ခုမှန်း သဘောပေါက်သွားခဲ့ပါပြီ။ အပြန်အလှန်ဆိုတာ မရှိဘဲ အသွားသက်သက်ပဲရှိတဲ့ ဒီအချစ်စစ်အချစ်မှန်ကြီးက ငါ့ကိုပဲ တဖြည်းဖြည်း ဝါးမြိုပြီး နာကျင်မှုတွေပဲ ကျန်ရစ်စေခဲ့တာပေါ့။ မင်းကို စိတ်နာဖို့ ကြိုးစားတိုင်းလည်း မင်းပြုံးပြခဲ့ဖူးတဲ့ အချိန်လေးတွေကိုပဲ ပြန်သတိရနေမိပြန်ရော။ မင်းမရွေးချယ်ခဲ့လို့ တစ်ယောက်တည်း ကျန်ခဲ့ရတဲ့ ဒီကမ္ဘာထဲမှာ... မင်းအတွက် စွန့်လွှတ်ခဲ့ရသမျှတွေကို ရေတွက်ရင်း၊ ဘယ်တော့မှ ပြန်မလာတော့မယ့် မင်းရဲ့ အချစ်တွေကို မျှော်လင့်နေရတာဟာ ငါ့ရဲ့ ကံကြမ္မာပဲ ဖြစ်လိမ့်မယ် ထင်ပါတယ်။
2026-06-29 10:25:40
23
hnin35379
Hñîn💗 :
🥺စာသားလေးcopyလေးပေးပါလားညီမ🥺
2026-05-03 14:17:01
4
winthazin491
Thazin :
🥺စာသားလေးcopyလေးပေးပါလားရှင်
2026-06-04 02:48:09
1
hnin.thet155
🌼Hnin Thet🌼 :
copyယူမယ်နော်🥺
2026-06-30 11:22:54
1
n9254766n5u
ကိုကိုရဲ့ထာဝရချစ်သဲ :
copy ယူပါရစေရှင့်🥰
2026-06-29 08:57:16
1
user3817053021053a
Khin May Thu🐰👬 :
မျက်ရည်မကျတတ်တော့တာ
2026-06-30 16:14:31
1
kikilay6789
kiki :
ပြန်တင်ခွင့်ပြုပါရှင်🥰🥰
2026-06-29 06:41:39
1
khinlapyaewun02
Flori 💘🎸 :
ပြန်တင်ခွငိ့ပြုပါရှင့်🥰
2026-06-29 14:00:51
1
thae.thae63285
@&&& :
ပြန်တင်မယ်နော်🥰
2026-06-30 09:12:33
1
meemeehtet8
Mêè Mêè Hțêț658 :
ယူသုံးခွင့်ပြုပါနော်🥰
2026-06-27 14:55:27
1
ahwin4607
Ahwin :
သေရော့ဗျာအလိုလိုငိုချင်နေပါတယ်ဆိုမှ😥😥😥
2026-06-29 13:23:45
1
kitkit4415
🦥ไคน์ หนิ่น เว🍂Kit🐷 :
copyယူမယ်နော်မ🥺
2026-06-06 13:31:45
1
mgkalaylay36
🌈H💕🌈 :
စာသားလေးcopyလေးပေးပါလားဗျာ့
2026-06-29 11:15:33
1
.may5580
🌻 Nann 🌻 :
ပြန်တင်ပါရစေ🥺
2026-06-26 15:29:19
1
aye213999
🌼ÂyeÂyeÂung(Official--791.2K) :
ငိုချင်လာပီ🥺
2026-06-30 01:22:09
1
user796975452
🐷ဝက်မ🐷 :
[Sticker] 🥰
2026-06-15 18:43:10
1
chitchit2000n.m.a
Monica🌻🌻(Official) :
စာလေးယူခွင့်ပြုပါရှင့်
2026-06-01 09:58:54
1
chitkoko.ckk93
Poant Poant :
စာသားလေးကြိုက်🥰🥰🥰
2026-06-29 16:07:10
1
chan13231
💭CHAN🗯🩺 :
စာသားလေးယူခွင့်ပြုပါ❤
2026-05-31 13:31:02
1
laypyay813
Nu🪼🦄 :
Copy နော်ရှင့်😞❤️
2026-06-29 03:58:32
1
mitoo308
💞Kyi Lae Lae Soe💞(ATHOK THU) :
ပြန်တင်မယ်နော် ခုမှအဲ့လိုဖြစ်နေလို့ပါနော်😢😢
2026-06-29 18:56:19
1
pwint64229
💙 Daw Wai💙 :
စာသားလေးယူခွင့်ပြုပါ
2026-05-29 22:41:34
1
s.ym.kw
🇸🇬🌻 Mâÿ Põë Lâÿ (MöM)🌻🌸 :
copyယူပြီပြန်သုံးခွင့်ပြုပါနော်
2026-06-23 06:30:46
1
nang.pay.lay
pay 🍂 :
စာသားလေးcopyလေးပေးပါလာ ညီမ
2026-05-10 05:45:27
1
nwe.nwe.hlaing683
𝕹𝖜𝖊 :
စာသားလေးပြန်တင်မယ်နော်🥰
2026-05-31 06:10:57
1
To see more videos from user @meenmeen677, please go to the Tikwm homepage.

Other Videos


About