@bonehlaing26: (၁) အခုနောက်ပိုင်း သီချင်းလေးတပုဒ်ကို မကြာမကြာ နားထောင်ဖြစ်လာတယ်။ ကိုမောင်မောင်ဇော်လတ်ရေးသားခဲ့ပြီး ကိုအငဲဆိုခဲ့တဲ့ "အိမ်" ဆိုတဲ့ သီချင်းလေး။ ဒီသီချင်းလေးကို အရင်က ကြိုက်တယ်လို့ မခံစားခဲ့ရဘူး။ ဒါပေမယ့် ဘဝတခုကို ထူထောင်နိုင်ဖို့ ကြိုးစားလာရချိန် ဒီသီချင်းလေးက ဘဝနဲ့ရော ရင်ဘတ်နဲ့ပါ ထပ်တူကျသွားတယ်။ အမှတ်တမဲ့ ကြားလိုက်ရာကနေ ရင်ထဲမှာ တော်တော်ကြိုက်သွားခဲ့တာ။ (၂) "Home Sweet Home" တဲ့။ ဟုတ်တယ်။ ကျွန်တော် အိမ်လေးတလုံး လိုချင်တယ်။ ကြိုးစားနေတယ်။ ရာသီဥတုလည်း မျှတမယ်၊ တောင်တန်းလေးတွေလည်း ရှိမယ်။ အပင်လေးတွေလည်း စိုက်ပျိုးလို့ရမယ့် နေရာလေးမှာ အိမ်ကလေးတလုံး လိုချင်တယ်။ အိမ်ကလေးတလုံး ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားနေကြသူတိုင်းလည်း ဒီသီချင်းလေးက ရင်ဘတ်ထဲ ရောက်နေမယ်လို့ ခံစားရပါတယ်။ "တနေ့တော့ တနေ့ပေါ့ ဘယ်တော့လည်း မမေးလိုက်နဲ့ကွယ်..... ဘယ်တော့မှ မဖြစ်လာတော့ဘူးလို့ အားမလျှော့လိုက်ပါနဲ့" ကိုယ်စီကိုယ်စီ အိမ်ကလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ..... ဘုန်းလှိုင် (၃.၅.၂၀၂၆) ဓာတ်ပုံ။ ။ ခရက်ဒစ်

Bone Hlaing
Bone Hlaing
Open In TikTok:
Region: KR
Sunday 03 May 2026 03:35:05 GMT
2276
133
10
2

Music

Download

Comments

sawsatmoe124133
Saw Sat Moe :
broရေးထားသလိုဘဲ အိမ်သီချင်းက အကြိုက်ကြီးတော့မဟုတ်ဘူး ဒါပေမယ့် သူစားသားတွေက စိတ်ထဲ ဆွဲနေတယ် အသက်၂၀ ကျော် ၃၀ဝန်းကျင်မှာ နိုင်ငံခြားမှာ ကြိုးစားနေရတဲ့လူမို့လိုထင်တယ်
2026-05-15 14:26:48
1
et40293
ET :
အသက် 20 မှာ အိမ်ကလေးတစ်လုံးပိုင်ခဲ့တယ် ကိုယ်ကြိုးစားရင် မရနိုင်ပေမယ့် အဘိုးပေးခဲ့တဲ့ ကိုယ်ပိုင်အိမ်ကလေးမို့ ကိုယ့်အိမ်လေးကို အရမ်းချစ်တယ် အဘိုးကိုလဲချစ်တယ် ကျေးဇူးတင်တယ်
2026-05-31 09:24:18
1
may.oo3499
May Oo :
🥰🥰🥰
2026-05-03 06:37:08
1
jadehunter169
Naing Naing :
❤️❤️❤️
2026-05-03 04:00:07
1
aunginhtut0
Kyaw lin :
🥰🥰🥰
2026-05-03 13:39:47
0
ayemintun446
MohMoh :
🥰🥰🥰
2026-05-09 00:22:38
0
To see more videos from user @bonehlaing26, please go to the Tikwm homepage.

Other Videos


About