@sweetoneeight: အဲ့ဒီလူကို ငါတစ်သက်လုံး ဆုံးရှုံးရတော့မှာပါလား ဆိုတဲ့ အသိစိတ်က ဘယ်လောက်အထိလောင်မြိုက် ခဲ့တယ် ထင်သလဲ။ မငိုဘဲ ကျတဲ့ မျက်ရည်တွေ.. ဆို့နင့်နေတဲ့ အသံတွေ.. ပြောမထွက်နိုင်တဲ့ စကားလုံးတွေ.. သူပျော်ပါစေ သူပျော်ရင်ပြီးရော သူစိတ်ချမ်းသာသလိုနေပါစေ သူအဆင်ပြေရင်ပြီးရော ဆိုပြီး ဆက်သွယ်ချင်တဲ့စိတ်ကို ထိန်းချုပ်ရတာ အရူးတစ်ယောက်လိုပဲ ။ ကျွန်မတို့က သေကွဲမဟုတ်ဘူး ရှင်ကွဲ.. ရှင်ကွဲကိုမှ တဖက်လူဆီကို ရက်ရက်ရောရော ထိုးပေးလိုက်ရတဲ့ ပွဲ ။ သေတာကမှ ပန်းစည်းယူ အုတ်ဂူနားသွားပြီး အားရပါးရ ငိုချလိုက်လို့ရသေးတယ်။ ရှင်ကွဲဆိုတာ.. မြင်နေပါလျက် မမြင်သလိုနေပြရတာမျိုး ကြားနေပါလျက် မကြားသလိုနေပြရတာမျိုး လွမ်းပါတယ် သတိရပါတယ်ဆိုပြီး တရားဝင်ငိုပြလို့ ရတာမဟုတ်ဘူး။ နာကျင်လည်း တစ်ယောက်တည်း ငိုချင်လည်း တစ်ယောက်တည်း စိတ်ဓာတ်တွေကျနေလည်း တစ်ယောက်တည်း အဆုံးစီရင်လိုက်ဖို့ ဖိအားတွေထဲမှာ.. ဒီအချိန်အထိ အပြိုပြိုအလဲလဲနဲ့ ရပ်တည်နေပြရတယ်။ ကိုယ့်အပြုအမူ ကိုယ့်စကားလုံး ကိုယ့်နေထိုင်မှု ပုံစံတွေက သူတို့ Relationship ကို မထိခိုက်ဖို့ ဟန်ဆောင်နေရတာက နေရင်းထိုင်ရင်း အသက်ထွက်မတတ် နာကျင်ရတယ်ဆိုရင် လှောင်မရယ်ကြပါနဲ့ ။ ခင်ဗျားတို့သိတဲ့အတိုင်း.. ကျွန်မက ရဲဝံ့စွာ လွမ်းခွင့်မရှိတော့တဲ့ လူတစ်ယောက်။ #foryou #credit #fyp #foryoupage #viralvideo
Shein
Region: MM
Sunday 03 May 2026 11:58:26 GMT
Music
Download
Comments
DawYuYuHtwe ထားဝယ်သူလေးပါရှင် :
ကိုယ်မြတ်နိုးတဲ့ ဘယ်အရာမဆို ကိုယ်နားမှာကြာကြာမနေရဘူးလေ အရမ်ဝမ်းနည်းရပါတယ်🥹🥹🥹
2026-05-14 03:44:19
6
May Myint Thu :
အင်း ထပ်တူထပ်မျှ ဒီခံစားချက်ကို ကြုံခဲ့ဘူးပါတယ် မသိသလို
မကြားသလို
မမြင်သလို
သိဏ္ခ ရှိရှိ လမ်းခွဲပေးခဲ့ပါတယ်
2026-05-20 07:02:00
3
🍀 K🍀 :
😭😭😭မသေရုံတမယ်ပါဘဲ
2026-05-06 12:02:21
8
WarWarSoe :
စာလေးဖတ်ရတာလွန်ခဲ့တဲ့၅နှစ်ကကိုယ့်ကိုကိုယ်ပြန်မြင်နေရသလိုပဲ
2026-05-21 08:05:39
2
mwelao091 :
သူသ်ိရင်သိပ်ကောင်းမာပဲ😭😭
2026-05-18 08:22:21
1
Hay Man :
ခံစားဖူးတယ်
2026-05-12 13:26:41
2
Nann Ae Phaung :
လက်ရှိခံစားရတာပါ ရူးမတတ်ပါပဲ🥺
2026-05-17 09:53:22
3
HayMan :
ဒီရက်ပိုင်းတေအရမ်းစိတ်တေကအရူးတျောက်လိုပဲ
မလွမ်းတတ်ရင် အသဲနှလုံးမပါခဲ့ရင်သိပ်ကောင်းမာ🥺
2026-05-23 00:53:17
2
❤M❤ :
အရမ်းကြိုက်တဲ့စာသားလေးမို့fbမှာပြန်တင်ချင်တာဘယ်လိုsaveရလဲ😔
2026-05-27 13:47:01
1
mary :
အဲ့ခံစားချက်ကိုကောင်းကောင်းကြီးသိတဲ့သူတစ်ယောက်ပါ🥺🥺🥺
2026-05-17 03:00:57
3
Htarwarafriend🏳️🌈🏳️🌈 :
GoodBye🥺🥺🥺👋👋👋👋👋
2026-05-12 12:21:31
1
Hkun Aung :
ဒီခံစားချက်ကြီး သိပ်သိတာပေါ့😭
2026-05-20 06:56:13
1
Angel Sandar :
ခံစားချက်ကြီးဘယ်လိုကြီးပါ့လိမ့်🥺🥺🥺
2026-05-19 07:35:53
1
labang nam :
စကားလုံးတွေပျောက်ဆုံးတဲ့ထိ ခံစားရပါတယ်ဟာ😭
2026-05-30 08:54:42
1
💈Golden Triangle 💈 :
သိတာပေါ့ကျွန်မနဲ့ သူနေတာလေ🥺
2026-05-21 16:12:39
1
မချောစုစံ👑 :
ငိုချင်လိုက်တာ
2026-05-18 06:04:48
1
🪿ဘဲဥမ🪿 :
copyယူမယ်နော်🥰
2026-05-28 12:44:29
1
Ngal Ngal :
ခံစားဖူးပါတယ်🥺🥺🥺
2026-05-20 10:29:27
1
Ei Zin Phyoe 👩⚕️💉 :
copy ယူခွင့်ပြုပါနှော်
2026-06-09 16:06:57
0
🥀💔 :
စာသားကူးယူတင်ခွင့်ပြုပါနော်🥺ခု လက်ရှိခြေနေမို့လို့🥺
2026-06-08 02:10:11
1
🇲🇲♥️Hnin♥️🇲🇾 :
🥺🥺🥺🥺🥺🥺🥺
တကယ်လွမ်းတယ်
2026-06-15 18:36:09
0
🇲🇲khin chaw su win🇲🇲 :
copyလေးယူမယ်နော်🥰
2026-06-11 01:59:27
0
🌸🍒Mee Thet 🍒🌸 :
အော် င့ကိုပြောနေတာပါလားဆိုပီ ပြန်တွေးလိုက်မိတယ် အစကတည်းက မတွေ့ခဲ့ကျရင်ကောင်းမယ် 🥺
2026-06-18 17:19:52
0
🌿🍀☘️🌱Dad Hnin Aye☘️🌿🌱 :
🥺🥺🥺🥺 ကိုယ့်ကိုယ်ကိုပြန်မြင်မိ 💔💔💔
2026-06-17 14:07:09
0
Moe Myat Thwin :
ထပ်တူကျနေတာကွယ်😢😢😢😢😢
2026-05-27 17:16:40
0
To see more videos from user @sweetoneeight, please go to the Tikwm
homepage.