@nang_onn_lyan22: ၂ နှစ်နီးပါးလောက်တွဲပြီး လမ်းခွဲပြီးတဲ့နောက်မှာ အရာရာဟာ ယောင်ချာချာပါဘဲ ။ ဘာမှမဖြစ်ဘူးအဆင်ပြေသွားလိမ့်မယ်လို့ သူငယ်ချင်းတွေ က ၀ိုင်းအားပေးကြတယ်။ ကျနော်လည်း ငိုမနေခဲ့ပါဘူး။ ဒါပေမယ့် စကားလည်းမပြောနိုင်ခဲ့ဘူး။ မနက်ဖြန်တွေကို ဘယ်လိုအင်အားမျိုးနဲ့ ရင်ဆိုင်ရမလဲဆိုတာကိုပဲ တွေးနေခဲ့တယ်။ အိမ်ပြန်နောက်ကျတဲ့နေ့တွေမှာ ပုံမှန်၀င်နေကျစာဟာရောက်မနေခဲ့ဘူး။ ဖုန်းကိုခဏခဏစစ်နေမိတယ်။ မျှော်လင့်ချက်ကတော့သေနေခဲ့တယ်။ အဲနေ့က ပထမဆုံးအနေနဲ့ လစာရလာတဲ့အကြောင်း ပြောပြစရာလူမရှိခဲ့ဘူး။ အထွေအထူး ပြောင်းလဲသွားတာမျိုး မဟုတ်ပေမဲ့.... ကိုယ့်ရှေ့ရေး ကိုယ်တွေးမိတိုင်း သုံးဖြစ်ခဲ့တဲ့ ကိုယ်တို့ - ဆိုတဲ့ နာမ်စားလေးထဲမှာ မင်းနဲ့ကိုယ် အရင်လို အတူတူ ရှိမနေနိုင်တော့တာကလွဲရင် အရာရာဟာ ပုံမှန်ပါဘဲ ။ သူမရှိတော့ဘူး သူမရှိတော့ဘူး .... ကိုယ့်ဘဝထဲမှာ သူမရှိတော့ဘူး ဆိုတဲ့ အတွေးဟာ ဦးနောက်ကနေ နှလုံးသားကို ကျယ်ကျယ်လောင်လောင်နဲ့ နှိပ်စက်တယ် ။ ရှိုက်ကြီးတငင် ငိုချလိုက်ဖို့ တော်တော်ခက်ခဲတယ် ။ မျက်ရည်ဟာ နာကျင်လွန်းတဲ့အခါမှာ ထွက်မလာတော့ဘူး။ အဲ့ဒီအစား ရင်ဘက်တစ်ခုလုံးဟာ တဖြေးဖြေးနဲ့ လောင်မြိုက်ပေးရတယ် ။ ဒီလိုဖြတ်သန်းရတဲ့နေ့မှန်သမျှဟာ ကိုယ့်အတွက်တော့ ငရဲပဲ။ အဆင်ပြေလားတဲ့။ ဗရမ်းဗတာပါပဲ ဒါပေမယ့် လိမ်လိုက်တယ်။ ဘယ်သူကပိုခံစားရတဲ့သူဖြစ်ချင်ပါ့မလဲ။ ချစ်ပေးခဲ့ပြီပဲ လုံလောက်ပြီလို့ကိုယ့်ဘာသာ နှစ်သိမ့်ပေးကြည့်တယ်။ ကျနော် ငိုနေမိလားမသိ။ ညတွေ အိပ်ပျော်ဖို့ကြိုးစားရတယ်။ မနက်ဆိုထနိုင်ဖို့ ကြိုးစားရတယ်။ အချိန်မှန်စားသောက်ဖို့ကြိုးစားရတယ်။ လူတွေကြားထဲ အဆင်ပြေဖို့ကြိုးစားရတယ်။ အရှုံးပေးပြီးထွက်သွားချင်စိတ်ကိုကြိုးစားပြီးတားရတယ် ။ ဒါမှကိုယ်ချစ်တဲ့သူကိုရေရှည်သတိရနေနိုင်မယ်မဟုတ်လား။ #အရမ်းသဘောကျမိလို့စာအချို့ကိုပြန်လည်ကွန့်မြူးရေးသားထားခြင်းဖြစ်ပါတယ် #မူရင်းရေးသားသူများအားcreditပေးပါတယ်

Gu Gue🦥
Gu Gue🦥
Open In TikTok:
Region: MM
Sunday 03 May 2026 15:15:32 GMT
694114
65835
519
9460

Music

Download

Comments

yviesn0
Yviesn :
၃လတောင် ၃နှစ်လောက်move onခဲ့ရတယ် ၂နှစ်ဆိုသေရချည်ရဲ့😞
2026-05-04 06:43:15
185
hla_zar3
♓️ muan.cing💜 :
4နှစ်လောက်ဆိုဘယ်လိုနေမလည်းမသိဘူး😔
2026-05-05 01:00:15
32
kate99980
^᪲᪲᪲Kᴀᴛᴇ ^᪲᪲᪲ :
10နှစ်ကွ😭
2026-05-04 03:19:20
51
htwe.nge909
Akira🦋 :
4နှစ်ပြည့်ခါနည်းကြမှ💔🥴
2026-06-13 08:52:52
9
pann10_6
𝐌𝐚𝐓𝐢𝐧𝐀𝐲𝐞❀ (𝐅𝐢𝐨𝐧𝐚) :
နှစ်လလောက်ပါပဲ ပုံမှန်ပြန်ဖြစ်သွားမှာပါ
2026-05-04 12:18:56
18
errorchou.official
🤍zar ni htun🖤 :
ငါဆို 6နှစ်နီးပါးကွ ခုဆို သားလေးနဲ့ဘဲ နှစ်ယောက်ထဲ🥺💔
2026-05-09 11:39:52
17
kixxx444
KÎXX ♎ :
အတိတ်ကမထွက်လာသေးဘူးပဲ.. ငါလဲ မထွက်သေးဘူး..
2026-05-06 02:23:38
6
jack227590
•➿Kazuki➿• :
6နှစ်ပြည့်ဖို့ရက်ပိုင်းအလိုမာပျက်တာငါကရော🥺
2026-05-12 17:00:35
5
yamyatmaung
yamyatmaung :
ယောင်ချာချာပါဘဲ့
2026-05-06 01:37:30
5
khaing..160411
𝓚𝓗𝓐𝓘𝓝𝓖 🗯 :
တစ်နှစ်ခွဲဗျာ😂😅
2026-05-06 03:52:29
7
kyalsinmoe981
Kyal Sin Moe💞 :
၄နှစ်ဆိုရင်ရော💔
2026-05-06 02:29:28
6
linzarkhing8
🍒🌸"အသေးလေး"🌸🍒 :
5နှစ်ကြီးတောင်ကွာ😫
2026-05-05 00:02:01
6
shwe.yi918
🍃S🍃 :
10နီးပါးတွဲခဲ့တဲ့ငါတို့အတွဲကရော လမ်းခွဲတဲ့ အချိန်အပြုံးတေနဲ့ပါပဲ💔🥀
2026-05-05 01:04:12
12
w_for_wang
♡ :
အဖြစ်လာတူနေတယ် ၂နှစ်ကခနလေးလိုပါဘဲ
2026-05-04 14:20:49
6
monkey_on_the_strom
“ကျောက်တုန်းထက်ကမျောက်မ”🐒 :
5နှစ်ကွ🗿
2026-05-06 03:33:53
6
khun5106
Julia :
လမ်းခွဲချင်တယ်ဆိုလဲ ပွင့်”လင်း”ပြောစေချင်တာ လမ်းမခွဲချင်ရင်လဲ healthy relationships ဖြစ်အောင်အတူကြိုးစားချင်တာ အခုတော့ ဖုန်းလဲမခေါ် စာလဲမပို့တော့ ဘာဆက်လုပ်ရမှန်းမသိတော့ဘူး 😌
2026-05-06 12:56:44
6
zinzin.8824
Wren✨(ဇင်ဇင်း)🐨🍃 :
1ရက်နေ့မှပျက်သွားတယ် အ့2နှစ်နီးပါးက🥺အပြုံးမပျက်ပဲနေနေရတယ်ဟန်ဆောင်နေနေရတယ် အဆင်မပြေနေဘူးကွာ😞
2026-05-04 14:56:10
7
zuessstefanosgmail.com
𝐙𝐮𝐞𝐬'𝐬 𝐒𝐭𝐞𝐟𝐚𝐧𝐨𝐬 :
လေ့ကျင့်ခန်း တွေလုပ်ပါ သဘာ၀တရားနဲ့ထိတွေ့ပါ ကိုယ့်ကိုကိုယ် ပြန်သုံးသပ်စကားပြောကြည့်ပါ။ အစပိုင်းတော့ ၀မ်းနည်းနာကျင်ပါလိမ့်မယ် နောက်ပိုင်းကျ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ပြီး ပိုချစ်တတ်လာပါလိမ့်မယ် ပိုပျော်လာပါလိမ့်မယ်။ အလုပ်ရှိတယ်ဆိုရင် သူ့ကိုသတိရတိုင်း အလုပ်ကိုဘဲပိုပိုစိတ်နှစ်ပြီးလုပ်ပါ။ဒီအချိန်မှာ ဆေးလိပ် အရက်တွေနဲ့ ကိုယ့်ကိုကိုယ်မဖျက်ဆီးမျပါစေနဲ့။
2026-05-05 05:28:35
7
sandar.win984
🌻🌼Sandar Win🌻💃👸 :
တို့ဆို၅နှစ်ကျော်ကွယ်...
2026-05-05 01:23:18
6
wintheingikyaw15
^Daw Theingi^ :
3နှစ် ပြတ်တာ1နှစ်ခွဲ ခုထိ move on မရသေးဘူး သတိရနေတုန်းအရိပ်တကြည့်ကြည့်စောင့်ကြည့်နေတုန်း ပြန်လာမဲ့ချိန်ကိုစောင့်နေတုန်း😔
2026-05-06 02:48:26
5
oli_via2212
爱|•ᴏʟɪᴠɪᴀᥫ᭡ :
2နှစ်ကျော်ဆိုတဲ့ အချိန်လေးမှ တင် အများကြီးအမှတ်တရတွေရှိခဲ့ဖူးတယ်။
2026-05-05 13:37:49
5
yg6599
🇲🇲🐉N W O G🍀💫🇲🇲 :
၁နှစ်ထဲတောင်ရူးပေါပေါဖြစ်သွားတာလေးဗျား🥺
2026-05-05 14:34:40
7
koutkout51
𝐊𝐨𝐮𝐭 𝐊𝐨𝐮𝐭 :
ငါးနှစ်
2026-05-04 12:44:08
16
suwaiphyo2018
𝑺𝒖𝑾𝒂𝒊𝑷𝒉𝒚𝒐🍀 :
ကိုယ်တွေဆို 3နှစ်တွဲပြီး ပြတ်သွားတာ အခုထိယောင်ချာချာပါပဲ🗿🫠
2026-05-04 17:37:36
5
maynadimoe3
maynadimoe🪻 :
ယူပြီးတာတောင် ဖောက်ပြန်နေကြတဲ့ခေတ်မှာ ဘာမှမျှော်လင့်မနေဘူး အရာအားလုံးဟာကံပါသလောက်ပဲ
2026-05-06 10:10:47
6
To see more videos from user @nang_onn_lyan22, please go to the Tikwm homepage.

Other Videos


About