@phaung502: ၂ နှစ်နီးပါးလောက်တွဲပြီး လမ်းခွဲပြီးတဲ့နောက်မှာ အရာရာဟာ ယောင်ချာချာပါဘဲ ။ ဘာမှမဖြစ်ဘူးအဆင်ပြေသွားလိမ့်မယ်လို့ သူငယ်ချင်းတွေ က ဝိုင်းအားပေးကြတယ်။ ကျနော်လည်း ငိုမနေခဲ့ပါဘူး။ ဒါပေမယ့် စကားလည်းမပြောနိုင်ခဲ့ဘူး။ မနက်ဖြန်တွေကို ဘယ်လိုအင်အားမျိုးနဲ့ ရင်ဆိုင်ရမလဲဆိုတာကိုပဲ တွေးနေခဲ့တယ်။ အိမ်ပြန်နောက်ကျတဲ့နေ့တွေမှာ ပုံမှန်၀င်နေကျစာဟာရောက်မနေခဲ့ဘူး။ ဖုန်းကိုခဏခဏစစ်နေမိတယ်။ မျှော်လင့်ချက်ကတော့သေနေခဲ့တယ်။ ကိုယ့်ရဲ့တစ်နေ့တာဖြစ်ပျက်ခဲ့တဲ့အကြောင်း တွေကိုလဲပြောပြစရာလူမရှိခဲ့ဘူး အထွေအထူး ပြောင်းလဲသွားတာမျိုး မဟုတ်ပေမဲ့.... ကိုယ့်ရှေ့ရေး ကိုယ်တွေးမိတိုင်း သုံးဖြစ်ခဲ့တဲ့ ကိုယ်တို့ - ဆိုတဲ့ နာမ်စားလေးထဲမှာ မင်းနဲ့ကိုယ် အရင်လို အတူတူ ရှိမနေနိုင်တော့တာကလွဲရင် အရာရာဟာ ပုံမှန်ပါဘဲ ။ သူမရှိတော့ဘူး သူမရှိတော့ဘူး .... ကိုယ့်ဘဝထဲမှာ သူမရှိတော့ဘူး ဆိုတဲ့ အတွေးဟာ ဦးနှောက်ကနေ နှလုံးသားကို ကျယ်ကျယ်လောင်လောင်နဲ့ နှိပ်စက်တယ် ။ ရှိုက်ကြီးတငင် ငိုချလိုက်ဖို့ တော်တော်ခက်ခဲတယ် ။ မျက်ရည်ဟာ နာကျင်လွန်းတဲ့အခါမှာ ထွက်မလာတော့ဘူး။ အဲ့ဒီအစား ရင်ဘက်တစ်ခုလုံးဟာ တဖြေးဖြေးနဲ့ လောင်မြိုက်ပေးရတယ် ။ ဒီလိုဖြတ်သန်းရတဲ့နေ့မှန်သမျှဟာ ကိုယ့်အတွက်တော့ ငရဲပဲ။ အဆင်ပြေလားတဲ့။ ဗရမ်းဗတာပါပဲ ဒါပေမယ့် လိမ်လိုက်တယ်။ ဘယ်သူကပိုခံစားရတဲ့သူဖြစ်ချင်ပါ့မလဲ။ ချစ်ပေးခဲ့ပြီပဲ လုံလောက်ပြီလို့ကိုယ့်ဘာသာ နှစ်သိမ့်ပေးကြည့်တယ်။ ကျနော် ငိုနေမိလားမသိ။ ညတွေ အိပ်ပျော်ဖို့ကြိုးစားရတယ်။ မနက်ဆိုထနိုင်ဖို့ ကြိုးစားရတယ်။ အချိန်မှန်စားသောက်ဖို့ကြိုးစားရတယ်။ လူတွေကြားထဲ အဆင်ပြေဖို့ကြိုးစားရတယ်။ အရှုံးပေးပြီးထွက်သွားချင်စိတ်ကိုကြိုးစားပြီးတားရတယ် ။ #အရမ်းသဘောကျမိလို့စာအချို့ကိုပြန်လည်ကွန့်မြူးရေးသားထားခြင်းဖြစ်ပါတယ် #မူရင်းရေးသားသူများအားcreditပေးပါတယ်
睡不着🍂
Region: MM
Monday 04 May 2026 15:32:26 GMT
Music
Download
Comments
Aung Moe Myint :
10နှစ်ချစ်ထဲအထိချစ်ခဲ့ကြပါတယ်ဗျာ
2026-06-13 13:07:08
0
H :
ပြန်တင်မယ်နော်🥺
2026-06-13 11:02:00
0
war shwe :
စာသားလေး ချပေးပ့လား
2026-06-05 09:53:07
0
Akari Aung :
4နှစ်ကျော်ပါပြီ အဆက်သွယ်လဲမလုပ်ဖစ်ကြပူး 💔🥺
2026-05-06 12:45:49
0
Yi🌷 :
၄နှစ်ပြည့်ဖို့၁လပဲလိုခဲ့တယ်😔😥
2026-05-30 21:30:09
0
Ñway >နွေး💔 :
စာသားပေးပါလား
2026-05-27 02:29:13
0
Toe ♎ :
2နှစ်ကျော်ခဲ့ပီပြန်မဆုံတော့တာသေချာသွားတော့ကိုယ်လဲတိတ်ဆိတ်သွားပီသူလဲနေနိုင်သွားပီပေါ့💔သူ့ဘက်က3ခါတိတိပြန်လက်ခံပေးခဲ့တာကိုကိုယ်ကအလေးမထားခဲ့မိဘူး😭💔
2026-06-04 13:11:20
0
Tow Win :
🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-06-02 15:13:06
0
Aung :
🥺🥺🥺
2026-05-04 16:45:11
0
🌳Enjine Mhwe🌳🇲🇲🇨🇳 :
😔😔😔
2026-06-07 08:07:28
0
To see more videos from user @phaung502, please go to the Tikwm
homepage.