@uthantsinwin: “မပြောလိုက်နဲ့ နောက်ဆုံး” Derek Millar ရဲ့ သီချင်းအားလုံးအထဲမှာ “မပြောလိုက်နဲ့ နောက်ဆုံး” သီချင်းကတော့ အကြိုက်တကာ့အကြိုက်ဆုံး တစ်ပုဒ်ပေါ့ဗျာ။ ဒီသီချင်းက Derek Millar ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ ကချလာမာတိကာ Music Album ထဲက သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ Intro စဝင်လာကတည်းက ကြည်နူးလန်းဆန်းခြင်းနဲ့အတူ စိတ်လွတ်လပ်ပေါ့ပါးစေတဲ့ ခံစားမှုကို ရရှိစေမှာပါ။သီချင်း စာသားစကားလုံး အသုံးအနှုန်းတွေကလည်း အရိုးရှင်းဆုံး စကားလုံးတွေနဲ့ အဓိပ္ပါယ်ကို ပေါ်လွင်အောင် ထူးခြားကွဲထွက်နေတဲ့ အရေးအဖွဲ့ပုံစံနဲ့ ခံစားပြီးရေးစပ်ထားတာ တွေ့ရပါတယ်။သီဆိုဟန်ရော ဖန်တီးမှုရော အားလုံးပဲ ပြီးပြည့်စုံတဲ့ သီချင်းတစ်ပုဒ်ပဲလို့ မြင်မိပါတယ်။ ဒီသီချင်းနားထောင်လိုက်တိုင်း ရိုးအီမသွားစေမယ့် ခံစားမှုဂီတအမျိုးအစားမျိုးကို ခံစားရမှာပါ။ စစ်မှန်တဲ့ ဂီတဖန်တီးမှုက တန်ဖိုးရှိတဲ့ ပန်းချီကားချပ်တွေလိုပါပဲ။ ဘယ်တော့မှ ပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။ တန်ဖိုးရှိတဲ့အရာကို တန်ဖိုးထားမှ တန်ဖိုးသိမှာပါ။ သီချင်းကို နားထောင်လိုက်တိုင်းမှာ အတွေးစိတ် အတွင်းတံခါး ဖွင့်လာပြီး မျက်လုံးထဲမှာ စည်းချက်ညီညီနဲ့ ပုံပေါ်လာအောင် စကားလုံးအသုံးအနှုန်း၊သီဆိုဟန်၊ဖန်တီးမှုသံဇဉ် တို့ကြောင့် လွတ်လပ်ခြင်း၊ကြည်နူးခြင်း၊လွမ်းမောခြင်းနဲ့အတူ တမ်းတတွေးတောခြင်းကိုပါ ခံစားရစေတဲ့ သီချင်းကောင်း တစ်ပုဒ်ပါပဲဗျာ။ “မပြောလိုက်နဲ့ နောက်ဆုံး” စိမ်းမြတဲ့ရှုခင်း သာယာ အဝေးက မီးရထား မိုးသား ဂွမ်းတိမ်ဖွေး ဖြူပြာ လေယာဉ်တွေလည်း ဆင်းသက်ရာ လွမ်းမောစရာနယ့် အပန်းဖြေရာ ဆွေးရိပ်တို့ လွင့်ပါး တို့နှစ်ယောက်ရဲ့ အယဉ်ဆုံး၊အလိမ္မာ ဆင်ခြင်စွာပဲ ပြီးဆုံးရာ သူ့သဘောတွေ ဘာလို့များ ပြောင်းလဲသွား သိနှောင်းခွင့်က ဪ.....ခုမှ ပြီးပြည့်လူတွေလို အရာရာ ဖြည့်စွမ်းသ၍တော့ ကိုယ်ဟာ ပြေးထွက်လိုက်ချင်ရဲ့ တစ်နေရာ ကိုယ့်စိတ်သာငြား အတွေးလည်းတစ်ခြား လူလည်း တစ်နေရာ ရင်ခုန်သံထဲ တိုးတိတ်စွာ ရှည်ဝေးစွာ ကိုယ်လေစဉ်းစားခဲ့ရ သူ့သဘောတရားနဲ့ သူ့အပိုင်းခြား ချစ်ရလေသူတို့မည်စွာ ရင်ထဲက အရှိကိုသာ နှလုံးသားနဲ့ လူနဲ့ တူမကွာ အနီးနွေးဝေးသော်ငြား မပြောလိုက်နဲ့ နောက်ဆုံးဆိုတာ ကိုယ်စီသည်တင် သည်းဦးညှာ.....။ #မပြောလိုက်နဲ့နောက်ဆုံး #DerekMillarSongs #TSW_SharingMusic
Thant Sin Win
Region: MM
Tuesday 05 May 2026 01:53:18 GMT
Music
Download
Comments
“HANSON” :
ကိုဒဲရစ်မေလာတီးတာဆိုတာတွေကိုသိပ့်အားမရပါဘူး ကျနော်တစ်ယောက်ထဲအမြင်ပါ သူစတိုင်ဟန်ပန်ကိုကလဲ ဒီစတိုင်အတိုင်းပဲသူကြိက်နှစ်သက်တာလဲဖြစ်ပါလိပ့်မယ် အထူးသဖြင့် စောလစ်ဂစ်တာပိုင်းတွေမှာ လက်စွမ်းပြမတီးခတ်ပဲ ဟော်လိုရစ်သန်ဂစ်တာကိုပုံစံရိုးရှင်းစွာနဲ့ ပဲတီးခတ်တဲ့ပုံစံပေါ့ ထဋး
2026-05-05 12:05:23
2
Khoon Thar :
ခုခေတ်ပေါ်ပြူလာလိုင်းမတူတော့တစ်မျိုးတော့ဖြစ်လိမ့်မယ် တို့စိတ်ထဲတော့ ကောင်းလိုက်တာ 🥰🥰
2026-05-05 15:39:31
2
JUST M :
Intro ဝင်လာလိုက်တာနဲ့လေ လေအေးတစ်ချက်ဝှေ့တိုက်သွားသလို ကြက်သီးတွေပါထသွားတယ် ဂီတဆိုတာ ဇိမ်ခံပစ္စည်းတစ်မျိုးဆိုတာ ဒါမျိုးသီချင်းတွေကြောင့်ပြောတာနေမှာ သဘောကျတယ်ဗျာ
2026-05-09 06:22:34
1
💓🇲🇲💓💥Deva💥💘🇮🇳💘 :
ဆရာချစ်တောင် ဦးဒဲရစ်ဆီမှာ လေ့လာခဲ့ဖူးရတယ်လို့ကြားသိပါတယ်
2026-05-06 06:03:56
3
Thant Zin Oo :
ဆေးလိပ်လေးဖွာပီး feel ကြည့်လိုက်ရှယ်ပဲသီချင်းက
2026-05-06 11:38:13
2
. :
တော်"ကြာပြီး ကချလာမာတိကာမှာမှပါလာတာ
2026-05-05 01:58:27
1
Thaw :
Legend ကြီးပါကွာ
2026-06-07 18:07:26
0
Mr meng :
တစ်ခုခုလိုနေသလိုပဲ
2026-05-05 12:49:47
0
တပင်ရွှေထီး :
2026-05-05 23:59:57
0
pyae phyoaung :
လိုချင်လိုက်တာ အဲ့လက်ချောင်းလေးတွေ🥰
2026-05-07 14:28:41
0
Ko zaw Gyi :
ကြိုက်တယ်...
2026-05-15 00:09:20
1
“HANSON” :
ဟုတ်ပါတယ် Jazz တေးဂီတ စစ်စစ်ကိုတော့သိပ်ပြီးခံစားလို့မရဘူး Jazz Rock ဘာညာလိုမျိုးပေါင်းစပ့်တီးခတ်တာမျိုးကိုပိုကြိုက်ပါတယ်
2026-05-06 01:22:42
0
Tik Toker :
🥰🥰🥰
2026-05-08 03:02:17
0
သွားကြားထိုးတံ😏 :
🥰🥰🥰
2026-05-07 14:00:04
0
👽🌪️RAM PAGE👽🌪️ :
🥰🤟
2026-05-05 16:27:21
0
minhtetkoko03 :
💞🎸💞🎤💞🎸💞👍
2026-05-05 15:04:55
0
..... :
🥰🥰🥰
2026-05-05 07:00:43
0
New Light 🕯️ :
💓💓💓
2026-05-12 04:09:50
0
To see more videos from user @uthantsinwin, please go to the Tikwm
homepage.