@icstthbilhaihhlms: 🧪 Grade 12 Chemistry (Chapter 8 – Organic Chemistry) ကဲ… Organic Chemistry ဆိုတာကြားလိုက်တာနဲ့ “များလိုက်တာ…” “နာမည်တွေရော structure တွေရောရှုပ်တယ်…” လို့ထင်နေတဲ့သူတွေရှိမယ် 😅 ဒါပေမယ့် တကယ်တော့ Organic Chemistry ကို အပိုင်းလိုက်ခွဲကြည့်လိုက်ရင် အရမ်းမခက်တော့ဘူးနော်… 💥 Part 1 – Organic Molecules ပထမပိုင်းမှာ အဓိကသင်ရမှာက Organic compounds 8 မျိုး ဥပမာ * Alcohol * Ether * Aldehyde * Ketone * Carboxylic acid * Ester * Amine * Amide ဒီအပိုင်းမှာ အဓိက,လုပ်ရမှာက ✔ Functional groups မှတ် ✔ Naming (Common/IUPAC) ✔ Properties ✔ Preparation ✔ Uses တစ်မျိုးချင်းစီကို family တစ်ခုလိုစဉ်းစားရင် ပိုလွယ်တယ် ။ 💥 Part 2 – Analysis of Organic Compounds ဒီအပိုင်းကျတော့ Unknown molecule တစ်ခုရလာရင် ဘယ်လိုခွဲမလဲ?ဆိုတာသင်တာ၊ လွယ်လွယ်ပြောရရင် “Molecule detective work” လုပ်တာပေါ့ 😄 ဒီမှာ method နှစ်မျိုးအဓိကပါတာ 1.Chemical Tests Reagents သုံးပြီး test လုပ် Colour change / precipitate / smell ကြည့် Functional group ခွဲ ဥပမာ * 2,4-DNP test * Fehling’s test 2.Spectroscopic Tests စက်နဲ့ analysis လုပ်တာ ဥပမာ * IR Spectroscopy Peak တွေကြည့်ပြီး functional groups ရှာ “Peak တွေကြည့် → Group တွေသိ → Structure ခန့်မှန်း” 💥 Part 3 – Macromolecules & Applications ဒီအပိုင်းမှာတော့ Organic molecules လေးတွေ chain ချိတ်သွားရင် ဘာဖြစ်လာလဲဆိုတာသင်မယ် ➡️ Polymer / Macromolecule ဥပမာ * Plastics * Nylon * Polyester * Biodegradable plastics 🌍 ဒီမှာ chemistry ကို လက်တွေ့နေ့စဉ်ဘဝနဲ့ ချိတ်ဆက်ပြီးသင်တာများတယ် ။ “Organic chemistry ကိုသုံးပြီး လူ့ဘဝမှာ ဘာပစ္စည်းတွေထုတ်နိုင်လဲ?” ဆိုတာပါ မြင်လာပါလိမ့်မယ် ။ 🎯 အရေးကြီးတဲ့အချက် Organic chemistry ကို “Chapter အကြီးကြီးတစ်ခု” လို့မမြင်နဲ့ ။ ဒီလိုလေးခွဲကြည့် Molecules သိ ၊ Molecules ခွဲတတ် ၊ Molecules ကိုအသုံးချ ➡️ ဒီ flow နဲ့သွားတာပဲ ။ ***Organic chemistry က ကျက်စာသက်သက်မဟုတ်ဘူး Functional groups နားလည်ရင် Naming လွယ်လာမယ် ။ Naming ရရင် Structure မြင်လာမယ် ။ Structure မြင်ရင် Properties နဲ့ reactions တွေ ဆက်နားလည်လာမယ် ။ Organic Chemistry က အကုန်ချိတ်ဆက်ထားတာမိုလို့ တစ်ပိုင်းနားလည်သွားတာနဲ့ နောက်ပိုင်းတွေပါ လိုက်လွယ်လာမယ် ။ #Grade12 #Chemistry #Chapter8 #Organic

mtk
mtk
Open In TikTok:
Region: MM
Thursday 07 May 2026 12:13:54 GMT
4035
305
0
27

Music

Download

Comments

There are no more comments for this video.
To see more videos from user @icstthbilhaihhlms, please go to the Tikwm homepage.

Other Videos


About