@.video26: လူတစ်ချို့က မင်း တော်လာရင် ချီးကျူးမယ် မင်း ညံ့ဖျင်းနေရင်ကဲ့ရဲ့မယ် ဒါကလည်း သဘာဝပါ နေတတ်သလို နေပြီး လုပ်စရာရှိတာ ဆက်လုပ်ပါ..... လူတစ်ချို့က မင်း ဆင်းရဲနေတာကို သဘောကျမယ် မင်း ချမ်းသာကြွယ်ဝလာရင် မကြိုက်ကြဘူး ဒါကလည်း မထူးဆန်းတော့ပါဘူး လုပ်စရာရှိတာသာ ဆက်လုပ်ပါ...... လူတစ်ချို့က ငိုနေရင် သနားသလိုဟန်ဆောင်ပြီး မင်းပျော်ရွှင် ရယ်မောနေရင် ကြိတ်ပြီးဒေါသဖြစ်နေမယ် ဒါကလည်း မနာလိုသူတွေရဲ့လုပ်ရပ်ပါ နေတတ်သလို နေလိုက်ပါ.... ပတ်ဝန်းကျင်ဆိုတာမျိုးက မရှိ မကောင်း.....ရှိ မကောင်းပါ... ကင်းကွာလို့မရရင်တော့ သူတို့ရဲ့အားနဲ့ ကိုယ့်ဘဝကို အမြင့်ဆုံးရောက်အောင် ကြိုးစားရမှာက ကိုယ့်ရဲ့အရည်အချင်းပါ...... ခွေးဟောင်တိုင်း ထကြည့်ပြီး ဟောင်နေတဲ့ခွေးတွေကို ခဲနဲ့လိုက်ပစ်နေရင်တော့ မင်းအတွက် တန်ဖိုးရှိတဲ့အချိန်တွေကို ဖြုန်းတီးမိသလို ဖြစ်နေပါလိမ့်မယ်..... လူတစ်ချို့က မျက်နှာကြီးရာ ဟင်းဖတ်ပါပြီး မြေနှိမ့်ရာ လှံစိုက်ကြတယ် ဒါကလည်း ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝပါ...... မြေနှိမ့်ရာလှံစိုက်တာ မခံချင်ရင် တောင်ကြီးတစ်တောင်ဖြစ်အောင် ကြိုးစားရမှာက မင်းတာဝန်ပါ...... လုပ်စရာရှိတာ ဆက်လုပ်ပါ..... လူတစ်ချို့က မင်း ထိုင်နေနေ ထ နေနေ အဆိုးမြင်တဲ့သူက အဆိုးပဲမြင်နေဦးမှာပါ...... ဘယ်လိုနေနေ အပြာခံရတာချင်း အတူတူ ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ပါ..... ဘာကြောင့်လဲဆိုတော့ လူတစ်ချို့ရဲ့ အတွေးအခေါ်တွေက လှောင်ချိုင့်ထဲက ငှက်လိုပဲ..... ဖားခြေရာကွက်ထဲ လ-သာနေတတ်ကြတယ်...... တချို့ကတော့ အထင်နဲ့ အမြင်ကြားမှာ ကိုယ်လိုရာဆွဲတွေးပြီး စိတ်ခံစားမှုနဲ့ အတွေးအခေါ် ရောထွေးနေတတ်ကြတော့ ချစ်တဲ့အခါ အပြစ်စင်ပြီး မချစ်တဲ့အခါ အပြစ်တင်လာတတ်ကြတယ်...... ပတ်ဝန်းကျင်ရဲ့ဖိအားကိုမခံနိုင်ဘဲ အသုံးမချနိုင်သရွေ့တော့..... သူတို့ပြောသလို မင်းရဲ့သမိုင်းက အမည်းရောင်က အဖြူရောင်ဖြစ်လာမှာ မဟုတ်ပါဘူး နွားနို့က ရေရောလို့ရပေမဲ့ ထောပတ်ကို ရေရောလို့ရမှာ မဟုတ်ပါဘူး ထောပတ်ဘဝ မရောက်ခင် နွားနို့ဘဝမှာကတည်းက ရေဘယ်လောက်ရောရော နွားနို့ အရောင်မပြောင်းအောင် နေတတ်ဖို့က ကိုယ့်လက်ထဲမှာပဲ ရှိတာပါ နေတတ်အောင် နေပြီး လုပ်စရာရှိတာ ဆက်လုပ်သွားရင် မင်းကို ပါးစပ်သေနတ်ပစ်နေတဲ့ လူတွေကိုယ်တိုင် မင်းရှေ့မှာ ဒူးထောက်လာရမှာ အသေအချာပါပဲ ဒါကြောင့် တိုက်ခိုက် ပြစ်တင်မှုများကို မကြားသလိုနေကာ တည်ငြိမ်စွာဖြင့် လုပ်စရာရှိတာသာ ဆက်လုပ်ပါ အတွေးအခေါ်တိမ်တဲ့ လှောင်ချိုင့်ထဲကနေ မင်းဘဝကို ရုန်းထွက်လိုက်ပါ #ဆရာအောင်သင်း #crd #ဘဝစာပေ #ခွန်အားရှိသောစာတ်ိုများ💙 #foryoupageシforyou @DM Songs @Apple🍎

💡☘️📚ဘဝစာပေ📖☘️💡
💡☘️📚ဘဝစာပေ📖☘️💡
Open In TikTok:
Region: MY
Thursday 07 May 2026 14:57:28 GMT
175952
20001
167
1197

Music

Download

Comments

xiao.wu811
🥷🥷xiao🥷wu🥷🥷 :
so good Thainks🥰🥰🥰
2026-06-24 13:43:41
0
htetkhantaung335
Htet Khant Aung :
အရမ်းကောင်းတယ်
2026-07-01 14:21:12
0
ngwezin228
min@'ngwe :
ဟုတ်
2026-06-30 14:07:16
0
yannaungtunhistory1
YanNaungTun{History Stories} :
စာသားလေးတွေသဘောကျလို့ Follow လဲ့ပြီဗျာ☺️
2026-06-28 16:23:53
0
smile19402012
@𝕯𝖆𝖓𝖆 𝕮𝖍𝖆𝖓 𝕸𝖞𝖆𝖊🍀 :
စာသားလေးချပေးပါလား
2026-05-09 07:10:43
3
kosannaing63
Ko San :
ကျေးဇူးပါ🙏
2026-05-29 02:50:58
0
bgobiker
🇲🇲🏍️シBgo Biker 🏍️🇲🇲 :
ဘယ်လိုအခြေ အနေမျိုးမှာဘဲဖြစ်ဖြစ် ကိုလုပ်စရာရှိတာကိုဆက်လုပ်ပါ
2026-05-29 08:55:23
2
jab2930
W`💞 :
ဟုတ်ကဲ့ ကျေးဇူးပါ
2026-06-25 12:49:41
0
user497738641
aung aung :
လေးစားလျှက်ပါ👍👍👍
2026-06-12 09:36:23
1
kokhant6382
ko Htet🏳️‍🌈♥️ :
🙏ရမ်းမှန်တယ်ဗျာ့💞💞
2026-05-26 00:30:45
0
t.s.m3662
T.S.M🍁🌻 :
စာသားတွေကအရမ်းမိုက်တယ်
2026-06-22 02:24:56
0
every.cry.boy
Every Cry Boy :
သိပ်မှန်တာပဲ အရမ်းကောင်းတဲ့စာသားပြုစုမှုလေး သဘောကျတာထပ် ကိုယ်တိုင်ကြုံတွေ့နေရလို့ပါ.......
2026-06-01 15:58:40
0
user7393523005245
user7393523005245 :
စာသားလေး လိုချင်ပါတယ်
2026-05-08 13:25:41
1
eimon3502
@eimon 3502 :
ကျေးဇူးပါ စာလေးဖတ်လိုက်ရတာ အားအင်တွေအများကြီးပြန်ရတယ်🥰🥰🥰
2026-06-15 15:25:48
0
...hwan
🇹🇭.🇲🇪..หวาน....🌻🖤🔐❤️‍🩹 :
ဟုတ်ကဲ့ပါ အခုလဲ နေတက်သလိုနေလိုက်ပါပီး လုပ်စရာရှိတာလဲဆက်လုပ်ပ့မယ်🥺🥺🥺
2026-06-18 10:01:20
0
khin.lay.myint055
Khin Lay Myint :
ဆရာရဲ့စာပြန်ကူးပိုစ့်ပြန်တင်ပါရစေရှင့်🌹🌹🌹🌹🌹
2026-06-21 11:37:07
0
dhamma.sara5
dhamma sara :
ကောင်းတဲစာသားပဲ🥰🥰🥰🥰
2026-05-08 00:03:41
0
kumudra642
KuMuDra :
စာသားလေးကူးယူခွင့်ပြုပါရှင့်ဘဝတွက်တန်းဖိုးရှိလိုက်ဒါ🥰🥰🥰
2026-06-24 08:34:41
0
nainglay5994
Naing Lay :
good
2026-05-24 09:16:40
0
manaw812
manaw234 :
ကျမလေအရမ်းပင်ပန်းတာပဲ😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭
2026-05-14 07:28:57
0
thu.rain9024
Thu Rain 🇲🇲🤝🇹🇭 :
ကျေးဇူးပါ 🙏🙏🙏
2026-06-26 07:51:55
0
mlbb...pyaephyoaung1
သားဇိုလ်း :
Thank you 🙏
2026-05-24 14:18:58
0
ax.moon.ax.moon
MaMa Xmwe🍀🇸🇬 :
Thank you so much 👍💪
2026-05-16 03:46:08
0
nainglin05952
@Naing Lin@ :
ကော်ဖီယူခွင့်ပြုပါနော🥰🥰🥰
2026-05-14 12:37:23
0
marannawnaw93
hpakawn Naw Seng :
စာသားလိုချင်🥰🥰🥰
2026-05-08 08:17:21
0
To see more videos from user @.video26, please go to the Tikwm homepage.

Other Videos


About