@zawlover2004: ဟုတ်ပါတယ် ကျွန်တော်ဟာ ခေတ်ရေစီးကြောင်းနောက်ကိုလိုက်ရင်း နောက်ကျကျန်နေခဲ့တဲ့လူငယ်တစ်ယောက်ဆိုလည်း မမှားပါဘူး။ ၁၉ရာစုက သီချင်းတွေ၊ နေထိုင်မှုပုံစံတွေ၊ ဆက်ဆံရေးတွေနဲ့ စိတ်ထားတွေကို သိပ်အားကျမိပါတယ်။ တစ်ပါးသူရဲ့ ကိုယ်ရေးကိုယ်တာမှာ စွက်ဖက်မှုတွေမရှိကြပါဘူး။ ဒီနေ့ခေတ်လူနေမှုဘဝလို ပျားပန်းခတ် နေ့စဥ်နဲ့အမျှ စိတ်ရှုပ်စရာတွေပြည့်နေတာမဟုတ်ဘဲ လူတိုင်းဟာ ကိုယ့်အလုပ်ကိုယ်စီနဲ့ မအားလပ်တာက လွဲလို့ ၁၉ရာစုရဲ့ လူနေမှုဘဝဟာသိပ်ရိုးရှင်းပါတယ်။ လူတစ်ဦးနဲ့တစ်ဦးဟာလည်း ရိုင်းပင်းကြပြီး အလုပ်တစ်ခုမှာလည်း တွဲဘက်အပေါ် သစ္စာရှိကြပါတယ်။ ဒီနေ့ခေတ်လို လုပ်ငန်းတစ်ခုအတွက် စကားတစ်ခွန်းကို လေလို တန်ဖိုးမထား ကိုယ့်ပါးစပ်ထဲကထွက်တဲ့စကားဟာ စကားပဲဆိုတာမျိုး မဟုတ်ကြဘူး။ စကားတစ်ခွန်းအတွက်သိပ်အလေးအနက်ထားပြီး အချိန်တွေပေးပြီးမှ ဖြစ်နိုင်တာကိုပြောကြပါတယ်။ ပြောထားတာကိုလည်း ဘယ်ကာလပဲဖြစ်ပါစေ အကျုံးဝင်ပါတယ်။ နေ့စဥ်ဘဝဟာ နေထိုင်ရတာ သိပ်အေးဆေးပါတယ်။ လူငယ်တွေ ဘဝဟာလည်း သီချင်းတွေ၊ စာအုပ်တွေ၊ လက်ဖက်ရည်ဆိုင်/အအေးဆိုင်တွေဟာလည်း အက္ခရာဖြစ်ခဲ့ပါတယ်။ ဟော့ဟော့ရမ်းရမ်းမဟုတ်ဘဲ သေသပ်ပြီး အမြင်တင့်တဲ့အဝတ်တွေကို ကျွန်တော် သိပ်သဘောကျပါတယ်။ အချစ်ရေးမှာဆိုလည်း ချစ်ရသူကို အလေးအနက်ထားတာပေါ်လွင်ဖို့ ညလုံးပေါက် သေချာစဥ်းစားပြီးမှ စာတစ်စောင်ကို သေသပ်ရှင်းလင်းစွာ အချောသပ်ကြပါတယ်။ ရည်းစားစာပေးတယ်ဆိုတာ ၁၉ရာစုအတွက် သိပ်လွယ်ကူမနေပါဘူး။ ကိုယ်သိပ်ချစ်ရတဲ့သူအတွက် စွန့်စားပြီးမှ ပေးရတဲ့ခေတ်ကိုးဗျ။ အဲ့ဒီစာတစ်စောင်နဲ့ အဖြေတစ်ခုအတွက် အိပ်မပျော်နိုင်ရင်ခုန်စွာ စောင့်ရတဲ့ အဲ့ဒီခေတ်ရဲ့ အချစ်ကို သိပ်သဘောကျမိပါတယ်။ (ဒီအရွယ်နဲ့ လူကြီးပုံစံသိပ်ဖမ်းတယ်လို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ကျွန်တော်ဟာ အေးဆေးပြီး ရိုးရှင်းတဲ့ဘဝကို သိပ်သဘောကျတဲ့လူငယ်ပါ။) #fyp #peace #90slife
𝙱𝚞𝚍𝚍𝚢
Region: MM
Friday 08 May 2026 15:32:55 GMT
Music
Download
Comments
Lil KrisX :
အောက်လိုက်တာ မြန်မာရဲ့80s,90sခေတ်ကြီးက လက်ဖက်ရည်လေးသောက်စာအုပ်လေးဖတ် မပျင်းဘူးလား (ကိုယ့်အမြင်ကတော့စောက်ရမ်းfeelကျဲတယ်) Americanရဲ့ 80sကိုဘဲ့ပြန်ရောက်ချင်တယ် synth popတွေ rockသီချင်းတွေနဲ့ စောက်ရမ်းထကြွခဲ့တဲ့ခေတ် I just wanna be fvkin rockstar.
2026-05-13 18:00:06
70
Mark grayson :
နေချင်တာပေါ့ ဒါပေမဲ့လဲ မွေးမှမမွေးသေးတာ 💔
2026-06-08 05:51:52
2
Ko Gyi :
ပုဂံခေတ်ပဲကြိုက်တယ်
2026-05-13 14:48:39
20
TBsx :
20ရာစုပါ
19ရာစုဆိုတာက1800နှင့်1917လောက်ထိပါ
2026-05-09 11:32:57
20
T :
storyတင်တာခွင့်မတောင်းမိလို့sorryပါဗျာ
2026-05-25 15:06:51
2
Mg Nyat Ka4 :
ပြန်တင်မယ် brother crd ပေးပါမယ်
2026-05-29 11:15:11
1
၁၂/mg mg♋ :
အမှန်ပဲ့bro
2026-05-17 16:32:17
1
Lazy boy :
သဘာဝကျတဲ့ ဘဝနဲ့ဘဲရှင်သန်ချင်တော့တယ်
2026-05-18 04:20:38
1
Liam :
ဖုန်းမရှိဘဲ အရင်နေကြည့်
2026-06-04 09:22:57
0
Aung Aung :
သချင်နမည်
2026-05-19 13:34:12
2
🤗🤗 :
19ရာစုနဲ့ပဲအဆင်ပြေတယ်
2026-05-16 13:04:00
0
@K Kyaw Gyi :
2026-05-14 00:39:38
1
Ye Min Aung(စနေအောင်အောင်) :
ဆိုရှယ်လစ်ခေတ်ကိုလွမ်းတယ်🖤
2026-05-31 01:31:29
0
H2O (K) :
2026-05-24 07:15:12
1
Htüt~~ :
ငါလဲနေချင်တယ် ရိုးရှင်းတဲ့ဘဝကအကောင်းဆုံးဘဲ
2026-05-19 05:33:23
4
ᥫ᭡ྀི 𝓟𝓪𝓷𝓷𝓲𝓮ˣⁱⁿʰᵘᵃ ❀🦋 :
အခုခေတ်ကို အမှီလိုက်ရင်းနဲ့ ဘယ်နားမှာ ကျကျန်ခဲ့လဲမသိဘူး🤧
2026-06-08 05:08:02
1
Yin Thu Zar Win :
ကိုယ်လည်းအဲ့ခေတ်ကိုသဘောကျတယ်
2026-06-03 11:26:43
1
ဝေဖြို :
နောက်မှာပဲ့ပျော်နေမိပါတယ်ဗျာ🥰🥰
2026-06-02 14:00:53
1
T :
အမှန်ပေါ့ဗျာအဲ့တုံးကလို့ပြန်ဖြစ်စေချင်တယ်
2026-05-25 08:19:43
1
To see more videos from user @zawlover2004, please go to the Tikwm
homepage.