@thinwai085: 🌷🍀ရောင့်ရဲတတ်တဲ့ စိတ်လေးနဲ့နေပါ🍀🌷 ကိုယ်လိုချင်တိုင်း မရတတ်ဘူးဆိုတာကို မမေ့ပါနဲ့ ။ လိုချင်တာတွေရနေရင်လည်း ရလေလိုလေဖြစ်ပြီး အလိုမပြည့်တတ်ဖြစ်တတ်ပါတယ် ။လုပ်တိုင်းမဖြစ် စိတ်မညစ်လိုက်ပါနဲ့ ။ ဖြစ်လာတဲ့အရာကိုပဲ လက်ခံနိုင်အောင်း ကြိုးစားရမယ် ။ ကိုယ်လိုချင်တာ မရခဲ့ရင်လည်း ရတာလေးနဲ့ နေတတ်အောင် လေ့ကျင့်ထားရမယ် ။ လူတစ်ယောက်ဟာ ရတာထက်ပိုလိုချင်လာပြီဆိုရင် အမှားအမှန် အကောင်းအဆိုးကို မခွဲခြားတတ်တော့ဘူး ။ စိတ်တွေအမှောင်ဖုံးပြီး အမှားကို အမှန်ထင်ပြီး တလွဲတွေပြုလုပ်လာကြတယ် ။ ဒါတွေဟာ ကောင်းတဲ့ အကျင့် ကောင်းတဲ့စရိုက်လက္ခဏာတော့ မဟုတ်ပါဘူး ။ ကိုယ့်ဒုက္ခ ကိုယ်ရှာတာနဲ့ အတူတူပါပဲ ။ ကိုယ့်ရဲ့ရောင့်ရဲလိုစိတ်မရှိခြင်းတွေ ဖြစ်တည်မှုတွေကို လက်မခံနိုင်ခြင်းတွေ ရလိုမှုတွေ များနေခြင်းဟာ ကိုယ်ဘဝကို ဒုက္ခတောထဲ ဆွဲချလိုက်တာပါပဲ ။ ဒါတွေဟာ တကယ်တော့ ကိုယ့်စိတ်ကိုမနိုင်လို့ ခုလိုကြုံတွေ့ရတာပါ ။ ကိုယ့်ရဲ့ဘဝ ကိုယ့်ရဲ့စိတ်လေး အေးအေးချမ်းချမ်းလေးနဲ့ ဖြတ်သန်းသွားချင်တယ်ဆိုရင် ရောင့်ရဲတတ်တဲ့စိတ်လေးနဲ့ နေနိုင်အောင်ကြိုးစားပါ ။ အဲဒီစိတ်လေးကို နှလုံးသွင်းနိုင်ရင် လူရောစိတ်ရော အေးချမ်းစွာ နေထိုင်ရမှာ အမှန်ပါ ။🌷🌷🌷 ✍️အရှင်ဇဝန (ရွှေကုန်းမြေ)✍️
💞Thinwai💞မကွေးသူလေး💞✅
Region: MM
Saturday 09 May 2026 02:25:23 GMT
Music
Download
Comments
Zaw Wan :
❤️❤️❤️
2026-05-10 08:10:56
0
best Mobileအညာမြေ :
🥰🥰🥰
2026-05-09 05:57:47
0
တေလေ :
🤯🤯🤯🤯🤯🤯🤯🤯🤯🤯
2026-05-09 05:50:56
0
May Myat Thu :
🥰🥰🥰
2026-05-09 04:38:00
0
M M Z :
🥰🥰🥰🥰🥰
2026-05-09 03:32:32
0
hlaing :
❤️❤️❤️
2026-05-09 03:00:12
0
Minn Thu Ta :
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏👍🙏🙏🙏
2026-05-09 02:30:18
0
Moon Venus :
❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️
2026-05-09 02:28:24
0
U Wanaaung :
♥️♥️♥️
2026-05-20 14:00:13
0
To see more videos from user @thinwai085, please go to the Tikwm
homepage.