@hypean.fan: #food #foods #foodtour #foodreview

Blackrose
Blackrose
Open In TikTok:
Region: US
Saturday 09 May 2026 12:49:25 GMT
1622
23
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @hypean.fan, please go to the Tikwm homepage.

Other Videos

=========={ 🙏🙏🙏 }========== နှလုံးသားထဲမှာ အမုန်းတရား ဝင်လာတာနဲ့ တစ် ပြိုင် နက် အေးငြိမ်းတဲ့ စိတ်နှလုံးတွေဟာ ဆုံးရှုံး သွားပြီ ... အဲဒီလို ဒေါသဆိုတာ ကောင်းသလားမကောင်းဘူး လားဆိုတာ ကိုယ်တိုင်သိတာပဲ ... အမှန်နဲ့အမှားကို ဆုံးဖြတ်တဲ့အခါမှာ အားကိုး ယုံကြည် လောက်တဲ့ အကြောင်းဆိုတာဘာလဲ။ ကိုယ်တိုင် လက်တွေ့သိတဲ့ အသိဉာဏ်ပဲ ဖြစ် တယ်။ ကိုယ်တိုင်သိအောင်လုပ်၊ကိုယ်တိုင် သိတဲ့ အချက် ဟာ အသေချာဆုံးပဲ။  ဥပမာ - လောဘဆိုတဲ့ သဘောတရား၊ ဒေါသ ဆို တဲ့ သဘောတရား၊မောဟဆိုတဲ့ သဘော တရား ဟာ အပြစ်ရှိတဲ့အရာလား။ အပြစ်မရှိတဲ့ အရာလား။ မြန်မာလို ပြောမယ် ဆို ရင် ငရဲကြီးသလား။မကြီးဘူးလား။ ကိုယ့်ဟာကိုယ် စဉ်းစားကြည့်ပေ့ါ။ငရဲကြီးတာ မကြီးတာ အပြစ်ရှိတာ မရှိတာ ဘာနဲ့ တိုင်းတာ မှာ လဲ။ ထင်ရှားတာ တစ်ခုပြောမယ်။ဥပမာ ကိုယ့်စိတ် ထဲ နှလုံးသား ထဲမှာ ဒေါသဆိုတာ ဝင်လာတာနဲ့ တစ် ပြိုင် နက် စိတ်နှလုံး အေးချမ်းမှုတွေ လက်လွှတ် ဆုံးရှုံးသွားတယ်။ အဲဒါဟာ ဒေါသရဲ့ အပြစ်ပဲ။ ပင်ကိုယ်တည်ငြိမ်တဲ့ စိတ်လေးပျက်စီးသွားပြီး ပူလောင် တဲ့ စိတ်တွေ ဖြစ်ပေါ်လာတာဟာ ဒေါသ ရဲ့ ဆိုးကျိုးပဲ။ နောင်ဘဝ ငရဲရောက်တာ မရောက်တာ အသာ ထား။ ဒေါသဟာ ကောင်းသလား မကောင်းဘူးလား ဆိုတာ အခုဘဝမှာပဲ ကြည့်လို့ရတယ်။  ဒေါသ ဖြစ်လာတဲ့အချိန်မှာ ဒေါသက နှလုံးသားကို ပူလောင်တယ်။  အရာရာကို မကျေမနပ်တာတွေ ဖြစ်လာတယ်။  အတွေးကလည်း ရိုင်းစိုင်းတဲ့ အတွေးမျိုးတွေ တွေးလာတယ်။  ဒေါသ ဖြစ်လာလို့ရှိရင် ပြုံးရွှင်တဲ့မျက်နှာ ပျက်စီးသွားတယ်။ ပြင်းထန်လာလို့ရှိရင် တစ်ကိုယ်လုံး အသား ဆတ် ဆတ် တုန်လာတယ်။   ပါးစပ်က ပြောပြီ ဆိုလို့ရှိရင်လည်း ကြင်နာတဲ့ စကားလုံး တွေ မထွက်ဘူးတဲ့။  မကြားဝံ့ မနာ သာ စကားမျိုးတွေပဲ ထွက်လာ တယ်။ အဲဒီလို စကားမျိုးတွေ ပြောရဲလာတယ်။ လုပ်တဲ့ အလုပ်တွေကလည်း ကိုယ့်အတွက် နစ်နာ မယ့် အလုပ်တွေ၊ သူများအတွက် နစ်နာမယ့် အလုပ် တွေ လုပ်လာတယ်။ ယခုလို လက်တွေ့ကျကျ စဉ်းစားပြီးတော့ ကြည့် လိုက် လို့ ရှိရင် ဒေါသရဲ့အပြစ်တွေ ဆိုးကျိုး တွေ ကို ကိုယ်တိုင်သိနိုင်တယ်။ ဒေါသကြောင့် သူများကို တစ်ခုခု လုပ်တာ မလုပ် တာ အသာထား။ ကိုယ်ရဲ့နှလုံးသားထဲ ဒေါသ ဖြစ်လာတဲ့ အချိန် က စပြီး တည်ငြိမ်မှုတွေ ဆုံးရှုံးသွားတာ သေချာ တယ်။ဒါ လူတိုင်းသိတာပဲ။  ပျော်ရွှင်နေတာတွေ အားလုံး ဆုံးရှုံးသွားပြီ။ ငြိမ်း ချမ်း နေတဲ့ စိတ်လေး ဆုံးရှုံးသွားပြီ။ နောက်ဆုံး မှာ သွေးတိုး ရောဂါရှိရင် သွေးတက်သွားမယ်။ နှလုံးရောဂါ ရှိတယ် ဆိုလို့ရှိရင် heart attck ရ သွားမယ်။ ဒေါသက ချက်ချင်း ဒုက္ခပေးတယ်။ ဒါ ထင်ရှားတဲ့ သာဓက တစ်ရပ်ပဲ။ အဲဒီလို ဒေါသဆိုတာ ကောင်းသလား မကောင်း ဘူးလား ဆိုတာ ကိုယ်တိုင်သိတာပဲ။ ဒေါသ မကောင်းဘူး ဆိုတာ ကိုယ်တိုင် ဆုံးဖြတ် ချက်ချနိုင် တယ်။ မြတ်စွာဘုရားက အဲဒါကို ဟောလိုတာဖြစ် ပါ တယ်။ သဘာဝတရား ဆိုတာ သူ့သဘော သူဆောင်တာ။ ဘုရားက မကောင်းဘူးဟောလို့ မကောင်းတာ ဖြစ် ရတာ မဟုတ်ဘူး။ အေး လုပ်ချင်တာတွေလုပ်၊ ငါ့ရှေ့ ဝန်ခံလိုက်လို့ ရှိရင် အပြစ်တွေ အကုန်ပျောက်မယ်ဆိုတာ မဖြစ် နိုင်ပါဘူး။ ဖြစ်ပြီးသားအပြစ်တွေ ဘယ်လိုလုပ် ပျောက်မလဲ၊ ဒေါသကြောင့်ဖြစ်လာတဲ့ ဆုံးရှုံးမှုတွေက ဖြစ်ပြီး သွားပြီလေ။ နှလုံးသားထဲမှာ အမုန်းတရား ဝင်လာတာနဲ့ တစ်ပြိုင်နက် အေးငြိမ်းတဲ့ စိတ်နှလုံးတွေဟာ ဆုံးရှုံးသွားပြီ။ မပြောသင့်တာတွေ ပြောမိသွားပြီ။ မလုပ်သင့်တာ တွေ လုပ်မိသွားပြီ။ ပြင်လို့ ရသလား။ မရတော့ ဘူး။ (What should be done, can not be undone) လုပ်ပြီးသား တစ်ခုဟာ မလုပ်ဘူးလို့ ပြောလို့မရတော့ဘူး။ အဲဒီကတည်းက မှားယွင်းချွတ်ချော်တဲ့ အရာ တစ်ခုဖြစ် သွားတယ်။ အဲဒီတော့ ဒီ ဒေါသ ဆိုတဲ့ သဘာဝတရားဟာ အပြစ်ရှိသလား မရှိဘူးလားဆိုရင် ဒီနေရာမှာ အပြစ်ဆို ဘာတုန်း။ မကောင်းတဲ့ အကျိုးတွေပေးတာ အပြစ်ပဲ။ အပြစ်ရှိသလား မရှိဘူးလားဆိုရင် ရှိတာပေါ့။ ပညာရှိတွေက ချီးမွမ်းသလား ကဲ့ရဲ့သလားဆိုရင် ကဲ့ရဲ့တာပေ့ါ။ ဒေါသကို ဘယ်သူကမှ မချီးမွမ်းဘူး။ ဘယ် ပညာရှိ ကမှ ဟေ့ ဒေါသဆိုတာ ကောင်းတယ်။ စိတ်ဆိုးတာ ကောင်းတယ်လို့ ဘယ်သူမှ မပြော ဘူး။  ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ AD...Khin Sandar Soe Htut # 🙏🙏🙏 သုတဂဝေသီဗန်းမော် ဒုက္ခ ခပ်သိမ်း၊ ချုပ်ငြိမ်းရာမှန်၊ မြတ်နိဗ္ဗာန်၊ မြန်မြန်ရောက်ပါစေ။ Crd သုတ ဂဝေသီ ‌‌‌‌‌‌‌‌‌‌‌‌‌‌ဗန်းမော်(Facebook) #တရားတော်များ   __________________________________ •မူရင်းရေးသားသူ/ •ဖြန့်ဝေသူအားလုံးဂါရဝပြုပါသည် •
=========={ 🙏🙏🙏 }========== နှလုံးသားထဲမှာ အမုန်းတရား ဝင်လာတာနဲ့ တစ် ပြိုင် နက် အေးငြိမ်းတဲ့ စိတ်နှလုံးတွေဟာ ဆုံးရှုံး သွားပြီ ... အဲဒီလို ဒေါသဆိုတာ ကောင်းသလားမကောင်းဘူး လားဆိုတာ ကိုယ်တိုင်သိတာပဲ ... အမှန်နဲ့အမှားကို ဆုံးဖြတ်တဲ့အခါမှာ အားကိုး ယုံကြည် လောက်တဲ့ အကြောင်းဆိုတာဘာလဲ။ ကိုယ်တိုင် လက်တွေ့သိတဲ့ အသိဉာဏ်ပဲ ဖြစ် တယ်။ ကိုယ်တိုင်သိအောင်လုပ်၊ကိုယ်တိုင် သိတဲ့ အချက် ဟာ အသေချာဆုံးပဲ။ ဥပမာ - လောဘဆိုတဲ့ သဘောတရား၊ ဒေါသ ဆို တဲ့ သဘောတရား၊မောဟဆိုတဲ့ သဘော တရား ဟာ အပြစ်ရှိတဲ့အရာလား။ အပြစ်မရှိတဲ့ အရာလား။ မြန်မာလို ပြောမယ် ဆို ရင် ငရဲကြီးသလား။မကြီးဘူးလား။ ကိုယ့်ဟာကိုယ် စဉ်းစားကြည့်ပေ့ါ။ငရဲကြီးတာ မကြီးတာ အပြစ်ရှိတာ မရှိတာ ဘာနဲ့ တိုင်းတာ မှာ လဲ။ ထင်ရှားတာ တစ်ခုပြောမယ်။ဥပမာ ကိုယ့်စိတ် ထဲ နှလုံးသား ထဲမှာ ဒေါသဆိုတာ ဝင်လာတာနဲ့ တစ် ပြိုင် နက် စိတ်နှလုံး အေးချမ်းမှုတွေ လက်လွှတ် ဆုံးရှုံးသွားတယ်။ အဲဒါဟာ ဒေါသရဲ့ အပြစ်ပဲ။ ပင်ကိုယ်တည်ငြိမ်တဲ့ စိတ်လေးပျက်စီးသွားပြီး ပူလောင် တဲ့ စိတ်တွေ ဖြစ်ပေါ်လာတာဟာ ဒေါသ ရဲ့ ဆိုးကျိုးပဲ။ နောင်ဘဝ ငရဲရောက်တာ မရောက်တာ အသာ ထား။ ဒေါသဟာ ကောင်းသလား မကောင်းဘူးလား ဆိုတာ အခုဘဝမှာပဲ ကြည့်လို့ရတယ်။ ဒေါသ ဖြစ်လာတဲ့အချိန်မှာ ဒေါသက နှလုံးသားကို ပူလောင်တယ်။ အရာရာကို မကျေမနပ်တာတွေ ဖြစ်လာတယ်။ အတွေးကလည်း ရိုင်းစိုင်းတဲ့ အတွေးမျိုးတွေ တွေးလာတယ်။ ဒေါသ ဖြစ်လာလို့ရှိရင် ပြုံးရွှင်တဲ့မျက်နှာ ပျက်စီးသွားတယ်။ ပြင်းထန်လာလို့ရှိရင် တစ်ကိုယ်လုံး အသား ဆတ် ဆတ် တုန်လာတယ်။ ပါးစပ်က ပြောပြီ ဆိုလို့ရှိရင်လည်း ကြင်နာတဲ့ စကားလုံး တွေ မထွက်ဘူးတဲ့။ မကြားဝံ့ မနာ သာ စကားမျိုးတွေပဲ ထွက်လာ တယ်။ အဲဒီလို စကားမျိုးတွေ ပြောရဲလာတယ်။ လုပ်တဲ့ အလုပ်တွေကလည်း ကိုယ့်အတွက် နစ်နာ မယ့် အလုပ်တွေ၊ သူများအတွက် နစ်နာမယ့် အလုပ် တွေ လုပ်လာတယ်။ ယခုလို လက်တွေ့ကျကျ စဉ်းစားပြီးတော့ ကြည့် လိုက် လို့ ရှိရင် ဒေါသရဲ့အပြစ်တွေ ဆိုးကျိုး တွေ ကို ကိုယ်တိုင်သိနိုင်တယ်။ ဒေါသကြောင့် သူများကို တစ်ခုခု လုပ်တာ မလုပ် တာ အသာထား။ ကိုယ်ရဲ့နှလုံးသားထဲ ဒေါသ ဖြစ်လာတဲ့ အချိန် က စပြီး တည်ငြိမ်မှုတွေ ဆုံးရှုံးသွားတာ သေချာ တယ်။ဒါ လူတိုင်းသိတာပဲ။ ပျော်ရွှင်နေတာတွေ အားလုံး ဆုံးရှုံးသွားပြီ။ ငြိမ်း ချမ်း နေတဲ့ စိတ်လေး ဆုံးရှုံးသွားပြီ။ နောက်ဆုံး မှာ သွေးတိုး ရောဂါရှိရင် သွေးတက်သွားမယ်။ နှလုံးရောဂါ ရှိတယ် ဆိုလို့ရှိရင် heart attck ရ သွားမယ်။ ဒေါသက ချက်ချင်း ဒုက္ခပေးတယ်။ ဒါ ထင်ရှားတဲ့ သာဓက တစ်ရပ်ပဲ။ အဲဒီလို ဒေါသဆိုတာ ကောင်းသလား မကောင်း ဘူးလား ဆိုတာ ကိုယ်တိုင်သိတာပဲ။ ဒေါသ မကောင်းဘူး ဆိုတာ ကိုယ်တိုင် ဆုံးဖြတ် ချက်ချနိုင် တယ်။ မြတ်စွာဘုရားက အဲဒါကို ဟောလိုတာဖြစ် ပါ တယ်။ သဘာဝတရား ဆိုတာ သူ့သဘော သူဆောင်တာ။ ဘုရားက မကောင်းဘူးဟောလို့ မကောင်းတာ ဖြစ် ရတာ မဟုတ်ဘူး။ အေး လုပ်ချင်တာတွေလုပ်၊ ငါ့ရှေ့ ဝန်ခံလိုက်လို့ ရှိရင် အပြစ်တွေ အကုန်ပျောက်မယ်ဆိုတာ မဖြစ် နိုင်ပါဘူး။ ဖြစ်ပြီးသားအပြစ်တွေ ဘယ်လိုလုပ် ပျောက်မလဲ၊ ဒေါသကြောင့်ဖြစ်လာတဲ့ ဆုံးရှုံးမှုတွေက ဖြစ်ပြီး သွားပြီလေ။ နှလုံးသားထဲမှာ အမုန်းတရား ဝင်လာတာနဲ့ တစ်ပြိုင်နက် အေးငြိမ်းတဲ့ စိတ်နှလုံးတွေဟာ ဆုံးရှုံးသွားပြီ။ မပြောသင့်တာတွေ ပြောမိသွားပြီ။ မလုပ်သင့်တာ တွေ လုပ်မိသွားပြီ။ ပြင်လို့ ရသလား။ မရတော့ ဘူး။ (What should be done, can not be undone) လုပ်ပြီးသား တစ်ခုဟာ မလုပ်ဘူးလို့ ပြောလို့မရတော့ဘူး။ အဲဒီကတည်းက မှားယွင်းချွတ်ချော်တဲ့ အရာ တစ်ခုဖြစ် သွားတယ်။ အဲဒီတော့ ဒီ ဒေါသ ဆိုတဲ့ သဘာဝတရားဟာ အပြစ်ရှိသလား မရှိဘူးလားဆိုရင် ဒီနေရာမှာ အပြစ်ဆို ဘာတုန်း။ မကောင်းတဲ့ အကျိုးတွေပေးတာ အပြစ်ပဲ။ အပြစ်ရှိသလား မရှိဘူးလားဆိုရင် ရှိတာပေါ့။ ပညာရှိတွေက ချီးမွမ်းသလား ကဲ့ရဲ့သလားဆိုရင် ကဲ့ရဲ့တာပေ့ါ။ ဒေါသကို ဘယ်သူကမှ မချီးမွမ်းဘူး။ ဘယ် ပညာရှိ ကမှ ဟေ့ ဒေါသဆိုတာ ကောင်းတယ်။ စိတ်ဆိုးတာ ကောင်းတယ်လို့ ဘယ်သူမှ မပြော ဘူး။ ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ AD...Khin Sandar Soe Htut # 🙏🙏🙏 သုတဂဝေသီဗန်းမော် ဒုက္ခ ခပ်သိမ်း၊ ချုပ်ငြိမ်းရာမှန်၊ မြတ်နိဗ္ဗာန်၊ မြန်မြန်ရောက်ပါစေ။ Crd သုတ ဂဝေသီ ‌‌‌‌‌‌‌‌‌‌‌‌‌‌ဗန်းမော်(Facebook) #တရားတော်များ __________________________________ •မူရင်းရေးသားသူ/ •ဖြန့်ဝေသူအားလုံးဂါရဝပြုပါသည် •"#ဓမ္မဒါန အနေဖြင့်ပြန်လည်မျှဝေပါသည်။ •"ကောင်းမူ နေ့စဉ်ပြုပါ" •Copyဖြင့်သော်၎င်း •Share ဖြင့် သော်၎င်း •ပြန် လည်မျှဝေခြင်းဖြင့်။ • အမြတ်ဆုံးတရားကုသိုလ်ပြုနိင်ပါတယ်"✅ •🙏"သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ "🙏 •🙏"အလှူ အားလုံး ထဲတွင် • တရားအလှူသည် အမြတ်ဆုံးဖြစ်၏"🙏 •ဤ(ရုပ်/နာမ်-ခန္ဓာ)မှပြုခဲ့ရသော •ကောင်းမူအစုစုအား အားလုံးကိုအမျှဝေပါ၏✅ု •🙏 နတ်/လူ သာဓုခေါ်စေသော်။.....🙏 "ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု" •“နေရက်တိုင်းမှာစိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါ‌စေ” _________________________________

About