@chanchann2051: အချစ်ဆိုတာ နှုတ်ခမ်းဖျားက ထွက်တဲ့ စကားလုံးသက်သက် မဟုတ်ဘဲ နှလုံးသား ချင်း ထိတွေ့မှရတဲ့ နွေးထွေးမှုမျိုး မလား။ မင်းဘက်က "ချစ်တယ်" လို့ ဘယ်လောက်ပဲ ဆိုဆို၊ ကိုယ်တကယ် အားငယ်နေတဲ့ အချိန် တွေမှာ မင်းရဲ့ဂရုစိုက်မှုတွေကို ရှာမတွေ့ခဲ့ဘူး။ ကိုယ်တို့ကြားမှာ အကွာအဝေးတွေထက်ပိုဆိုး တာက ခံစားချက်ချင်းဝေးကွာသွားတာပဲ။ မင်း ရှိနေလျက်နဲ့ ကိုယ် အထီးကျန်နေရတာဟာ အဆိုးဆုံး နာကျင်မှု တစ်ခုပါ။ ကိုယ် တမ်းတ နေတာက ပုံပြင်ဆန်တဲ့ အချစ်မျိုး မဟုတ်ပါ ဘူး၊ ကိုယ့်ရဲ့တည်ရှိမှုကို တန်ဖိုးထားပြီး "ဦးစားပေး" တစ်ယောက်အဖြစ် ခံစားရ စေမယ့် အပြုအမူလေးတွေကိုပဲ ကိုယ်က မျှော်လင့်ခဲ့တာ။ ချစ်ခြင်းမှာ အပြောထက် အလုပ်က ပိုစကားပြောတယ်ဆိုတာ မင်းသိ ခဲ့ရင် ကောင်းမှာပဲ။ မင်းရဲ့ အချစ်တွေက ကိုယ့်ဆီမရောက်လာတဲ့အခါ၊ ကိုယ်လည်း အဝေးကြီးကိုငေးကြည့်ရင်းနဲ့ပဲ တစ်ယောက် ထဲ ကျင့်သားရအောင် ကြိုးစားနေရတော့မယ် ထင်ပါရဲ့။ အချစ်ရှိနေလျက်နဲ့ အချစ်ကို ငတ်မွတ်နေရတာ တကယ်ကို ပင်ပန်းပါတယ်...။ #credit_to_owner_with_respect #fyp

ᴅᴀɪꜱʏ
ᴅᴀɪꜱʏ
Open In TikTok:
Region: MM
Sunday 10 May 2026 13:40:53 GMT
3628
197
3
44

Music

Download

Comments

aj21374
Rexx♐ :
ဘာပဲဖြစ်ဖြစ် အရမ်းချစ်ပါတယ်💛
2026-05-12 05:33:50
1
user7443532291226
Khin Aye Myint :
❤️❤️❤️❤️❤️👍👍👍👍❤️❤️👍👍❤️👍❤️👍
2026-05-11 04:01:38
1
su.a62
Lionel🇦🇷SAK🫶 :
@Pone Aie 😞
2026-05-10 16:58:09
1
To see more videos from user @chanchann2051, please go to the Tikwm homepage.

Other Videos


About