@mw.len: ကျွန်မ မရှိရင် ရှင့်အတွက်ပိုပြီးတော့ အဆင်ပြေမယ်ထင်ပါတယ် ။ လူပိုကြီးတစ်ယောက်လို ရပ်နေရတဲ့အဖြစ်တွေက ရပ်တန့်လိုက်ချင်ပြီ... ဘာပြောပြော ဘာလုပ်လုပ် ရှင့်အတွက် အနှောင့်အယှက်ဖြစ်နေတဲ့ ဘဝကနေ လွတ်မြောက်ချင်ပြီလေ ။ ဘယ်နေရာမှာမဆို အချစ်ကိုပဲ ရှေ့တန်းတင်ခဲ့မိသလို ရှင်မလိုချင်တဲ့ စေတနာတွေ တအားပိုနေမိတာလေ ။ လွမ်းလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုင်ချင်မှန်းမသိ မကိုင်ချင်မှန်း ဆက်မိနေတဲ့ ဖုန်းတွေကြောင့်လဲ အားနာမိပါတယ် အတန်တန် ကိုယ့်ကိုယ်ကိုယ်တားနေတဲ့ ကြားထဲကမှ... တစ်ခါခါအဲ့လိုပဲ စိတ်ကို အလိုလိုက်နေမိတာလေ ။ အကြောင်းပြချက်ကတော့ တစ်ခုတည်းပါ ကိုယ်သိပ်လွမ်းနေတဲ့အချိန် မင်းအသံလေး ဟယ်လို လောက်ပဲ ဖြစ်ဖြစ် ကြားချင်မိရုံလေးပါပဲ... ဒီလောက်လေးနဲ့ လုံလောက်တဲ့ ကိုယ့်အတွက်တောင် ပေးစရာအချိန်မရှိလောက်အောင် မင်းက အလုပ်တွေများတယ်လေ ။ အဆင်ပြေရဲ့လား... နေကောင်းရဲ့လား.. ဘာစားပြီးပြီးလဲ... အိပ်ရေးကော ဝရဲ့လား ဒီမေးခွန်းတွေကလေ ရှင့်အတွက် အပိုဆိုပေမယ့် အဲ့ဒီဘာမဟုတ်တာလေးကအစ ကျွန်မမှာ စိတ်တွေ ပူနေမိတာ ရှင်သိရဲ့လားလို့တော့ မေးမနေတော့ပါဘူး အာရုံနောက်ရုံသက်သက် အပိုစာသားတွေ ကျွန်မက လိုက်မေးနေတယ်လို့ပဲ ထားပါ ။ ကျွန်မက ဘာမဟုတ်တာလေးကအစ လိုက်ပြီး သဝန်တိုတတ်တာ ပြီးတော့ လိုက်ပြီး စိတ်ပူနေတတ်တာ ။ တွေးချင်ရာတွေးပြီး ငိုချင်ငိုနေတတ်တဲ့ ရှင့်ကို ချစ်ဖို့ကလွဲပြီး ဘာမှ မသိတဲ့ ကောင်မလေးလေ ။ ရှင်ပြောသလိုပါပဲ ကျွန်မက အလိုက်လဲ မသိဘူး ပြီးတော့ အငိုကလဲ သန်သေးတယ် မေးခွန်းတွေ အများကြီးလဲ မေးတတ်သေးတယ် ဒါပေမယ့် ဒါတွေအားလုံးဟာ ရှင့်ကို ချစ်လို့ ပြီးတော့ ရှင့်ကို ဆုံးရှုံးလိုက်ရမှာကြောက်လို့ သွေးရူးသွေးတမ်းနဲ့ လျှောက်လုပ်မိခဲ့တာတွေချည်းပါ ။ အခုတော့... ဒီအရာတွေ အားလုံးကို ရပ်တန့်ပစ်လိုက်ဖို့ ဆုံးဖြတ်လိုက်သလို... ကိုယ့်ကို မျှော်မနေတဲ့ ဖုန်းနံပါတ်လေးကိုလဲ မဆက်ဖြစ်အောင်နေမယ် ကိုယ့်အတွက်မဟုတ်တဲ့ မီးစိမ်းလေးကိုလဲ မငေးဖြစ်အောင်နေမယ် ။ ကျွန်မ မရှိတာက ရှင့်အတွက် ပိုပြီးတော့ အဆင်ပြေမယ်ထင်ပါတယ် ။ #ကျေးကို (ရင်နှင့်ရင်း၍ရေးသည်)

Mwē🌷1/💭
Mwē🌷1/💭
Open In TikTok:
Region: MM
Sunday 10 May 2026 14:28:05 GMT
12338
485
0
91

Music

Download

Comments

There are no more comments for this video.
To see more videos from user @mw.len, please go to the Tikwm homepage.

Other Videos


About