@noungnoon38: ကိုယ်အရမ်းချစ်ရတဲ့သူနဲ့ တစ်အိမ်ထည်းအတူတူနေရရင်သိပ်မပျော်ရမှာပဲလို့ ယုံကြည်ခဲ့ဖူးတယ်….တကယ်တမ်းလက်ထပ်ပီးတဲ့အခါ ဘာဘာလို့များငါဒီအိမ်တောင်ကိုပြုခဲ့မိပါလိမ့် ဆိုတဲ့နောင်တတွေ ဘာကြောင့်ရင်ထဲမာဝင်လာရတာလဲ အပျိုတုန်းကတော့စိတ်ကူးယဉ်ခဲ့ဖူးတယ် မိုးလင်းတိုင်း သူ့မျက်နှာလေးကို အရင်ဆုံးမြင်ရမယ် အလုပ်ကပြန်လာရင်အတူတူထမင်းစားမယ် ညဘက်ကြရင် တနေကုန်အလွမ်းသည်ခဲ့သမျှ ရင်ခွင်ထဲမာပွေ့ဖက်ပြီးအိပ်ကြမယ်ပေါ့ သူနဲ့သာအတူတူရှိရင် ဘာဖြစ်ဖြစ်ရင်ဆိုင်နိုင်တယ်လို့ ရူးရူးမူးမူးယုံကြည်ခဲ့တယ် ဒါပေမယ့် တစ်မိုးအောက်ထည်း တကယ်တမ်းရောက်သွားတဲ့အခါ အချစ်ဆိုတဲ့ပန်းရောင်စုံ မျက်မှန်ကြီးကျွတ်သွားခဲ့တယ် ။ချစ်သူဆိုတဲ့နေရာကနေ အိမ်ရှင်မအနေနဲ့ အိမ်ထောင်ဦးစီး ပိုဆိုးတာက အမေနဲ့သားအကြီးဆုံးလိုဆက်ဆံရေးမျိုးပြောင်းသွားတတ်ကြတယ်။ ကိုယ်ကသူ့အတွက်မနက်စာကအစ ဝတ်စရာအင်္ကျီအလယ် ညစာအဆုံး အရာရာကိုကိုယ်စားပီး စီစဉ်ပေးရတဲ့အိမ်ဖော် တစ်ယောက်လိုဖြစ်လာတယ် သူကတော့အလုပ်ကနေပြန်လာတာနဲ့ ဆိုဖာပေါ်လှဲ ဖုန်းလေးပွတ်ပီး အဆင်သင့်ဖြစ်ဖို့ပဲ စောင့်နေတော့တယ်။ ချစ်တယ် လွမ်းတယ်ဆိုတဲ့စကားလုံးတွေ နေရာမှာ ဒီနေ့ဘာဟင်းလဲ ငါ့အင်္ကျီဘယ်နားထားလဲ မင်းကနဋးပူတယ်ဆိုတဲ့အမိန့်ပေးသံတွေ ညည်းတွားသံတွေက အစားထိုးဝင်ရောက်လာတယ်။ ကိုပီးနာကြင်ရတာက ကိုယ့်ရဲ့လွတ်လပ်ခွင့်တွေ သူငယ်ချင်းတွေ ကိုယ့်အလှပတွေကို ဒီမိသားစုအတွင်စတေးလိုက်ရပေမယ့် သူကတော့ လူပျိုဘဝတုန်းကလိုပဲဘာတစ်ခုမှအထိမခံပဲ နေနိုင်လွန်းတာပဲ။ သူသွားချင်တဲ့ချိန်အပြင်သွားတယ် သူဝယ်ချင်တာဝယ်တယ် ကိုယ်ကတော့မီးဖိုချောင်ထဲချွေးတလုံးလုံးနဲ့ကျန်နေခဲ့တယ် အတူတူနေရရင်ပျော်မယ်ထင်ခဲ့တာ တကယ်တမ်းကျတော့ ကိုယ့်ကိုယ်ကိုဂရုမစိုက်တော့တဲ့ ကိုယ့်ပန်းပင်မှုကိုမစာနာတော့တဲ့ ဖုန်းတလုံးနဲ့ကမ္ဘာပတ်နေ ကျောပြင်ကြီးတခုနဲ့ တစ်ကုတင်ထည်းအတူအိပ်နေရတာကနေ တစ်ယောက်တည်း အထီးကျန်နေရတာထက် အဆတစ်ရာပိုပီး ဆို့နင့်ဖို့ ကောင်းပါတယ် ညီမလေးတို့ရေ အချစ်ဆိုတာ မျက်နှာချင်းဆိုင်ပီး ထိုင်ကြည့်နေရုံနဲ့မပီးပါဘူး အိမ်ထောင်ရေးတိုတာ အဝတ်လျှော်စက်ထဲက အဝတ်တွေကို အတူတူကူလှမ်းပေးတာ ပင်ပန်းနေတဲ့ညတွေမှာ မင်းနားလိုက်လေ ငါလုပ်မယ်ဆိုတဲ့ လက်တွေ့ကျတဲ့ ပံ့ပိုးမှုတွေနဲ့မှ အသက်ဆက်နိုင်တာပါ ငါရှာကျွေးနေတာပဲဆိုတဲ့စကားတခွန်းနဲ့ မိန်းမတွေရဲ့ခံစားချက်ကို လျစ်လျူရှုတတ်တဲ့ယောကျာ်းနဲ့ အတူမေရတာဟာ နတ်ပြည်လို့ထင်ခဲ့ရတဲ့အိမ်လေးကနေ လှောင်ပိတ်မွန်းကြပ်နေတဲ့ငရဲအဖြစ်ပြောင်းလဲသွားခြင်းပါပဲ အဲ့ဒီအချိန်ကြမှ ရလာတဲ့နောင်တက ဘာနဲ့မှကုစားလို့မရတော့ဘူး🥹🥹#tiktok #fyp #猛拉🇲🇲 #
ANoon(阿丽)🇯🇵
Region: MM
Monday 11 May 2026 05:54:37 GMT
Music
Download
Comments
user99523266700005 :
စက်ပိတ်ပြီktvစော်နဲသွားနပ်နေတာပါ
2026-05-11 11:53:08
169
Yin Lwin Oo :
ယုံကြည်မှုနည်းပါးသွားပြီ
2026-07-06 05:35:44
1
🍒Daw Myint :
အော်ငါတယောက်ထဲအာ့လိုခံစားနေရတယ်ထင်တာဘဝတူတေရှိသေးတာပဲနော်🥺
2026-07-03 00:35:21
2
🩷HTET👸🏻🇲🇲🇸🇬(official) :
ယောင်္ကျားမယူသေးတာအပ်တာတွေလဲပါတယ်အခု့28 30ပြည့်တော့မယ် ယောင်္ကျားရကံမကောင်းတာနဲ့ဆိုင်ရင် မယူတာပိုကောင်းမယ်ဆိုတဲ့အတွေးကများနေ
2026-05-12 14:23:42
68
小星 :
ဟိုနေ့လဲ ktvမာတွေ့တယ် မရေ🥺
2026-05-12 05:58:56
18
ANoon(阿丽)🇯🇵 :
ဒီခံစားချက်က သိပ်မွန်းကြပ်လွန်းတယ်နော်🥺
2026-05-11 06:19:38
155
yi mon :
ကြုံဖူးတယ်😳
2026-07-03 04:29:58
1
Aye Myat Hsu 🌿(official) ❤️ :
နောက်ဆိုနေသားကျသွားမှာ ပါပေါ့ပေါ့ပါးပါးနေ သူ့ကို စိတ်အရမ်းမနှစ်နဲ့ လွတ်လပ်ခွင့်ပေးလိုက်ပါ အဆင်ပြေသွားမှာပါ သူကောင်းကောင်းမကောင်းကောင်း ကိုယ်ကကိုယ့်တာဝန်ကိုကြေပေးလိုက်ပါ ဒါဆို စိတ်သက်သာရာ ရပြီး အဆင်ပြေသွားပါလိမ့်မယ် အနည်းဆုံးတော့ အိမ်မပူပဲ ကိုယ် လည်း စိတ်သက်သာရာရစေမှာပါ 🌿
2026-05-11 15:28:40
54
A❤️S💕💕 :
ကြုံတွေ့ရပီးပီ အခုထိ နာကျင်တုန်းဘဲ🥺🥺
2026-06-25 01:38:23
1
Thon Nadi :
ဘယ်သွားသွားကိစ္စမရှိပေမဲ့Aပါလာရင်ကိစ္စရှိသွားပြီ😢😢ရောဂါပြောတာပါ
2026-05-12 16:02:05
16
🐚🪷🪸🐦🔥Gue Gue 🐦🔥🪸🪷🐚 :
ဂရုမစိုက်ပဲပစ်ထားလိုက် သူကဲကိုယ်ကဲ သူရွဲ့ကိုယ်ရွဲ့အာ့လိုနေပါ ကိုယ်ကပဲ အနစ်နာခံပြီးပြင်ဖို့မကြိုးစားပါနဲ့ မတန်ပါဘူးနော်💪💪💪 ကိုယ်ကတော့လမ်းမှားမလျှောက်နဲ့ သူကတော့သူ့လမ်းသူသွားပါစေ😊
2026-05-11 15:05:09
7
အဲလစ်မေ :
ကိုယ်ဆို မိဘနဲ့အမြဲဝေးမှာနေရတော့ သူနဲ့အတူရှိရင်အ ဆင်ပြေမှာပါဆိုပြီးယူခဲ့တာပျော်လိုက်မပျော်လိုက်နဲ့ ညီမပြောသလို့သူအတွက်ကတော့အိမ်ဖော်ရသွားသလို့ပဲ
2026-05-12 07:59:42
5
soe :
အချစ်ကိုရှေ့တန်းမတင်မိပါစေနဲ့ သူပိုက်ဆံ ရှာပေးတယ်မလား သူမသိအောင် စုထား 🥰🥰 ဘဝတူတွေပါ
2026-05-11 23:59:33
16
Phwe Phwe Shan :
မမမှာချစ်စရာကောင်းတဲ့သမီးလေးရှိတာပဲရေအားမငယ်နဲ့🥺
2026-05-11 07:21:28
5
Nang Cherry Phway :
အဲ့ခံစားချက်ကိုကောင်းကောင်းကြီးနားလည်တယ်
တချိန်ကကြုံဖူးခဲ့လို့
2026-05-11 13:08:28
6
天天🇱🇹🇹🇭 :
ဖောက်ပြန်တာ ကိုယ်တိုင်ကြုံဖူးလို့ သိတာ🥺
2026-05-11 17:25:31
5
𝙀𝙞 𝙅𝙪𝙡𝙮 𝙏𝙝𝙖𝙣𝙩☔ :
ချစ်သူဘဝက သာယာမှုက 100% ဆို
အိမ်ထောင်ဘဝက သာယာမှုက 10%တောင်မပြည့်ချင်ပါဘူး။သာယာရင် တောင်အများဆုံး 3နှစ်ဘဲ Social ပေါ် Ro ပြနေတာတွေ အားမကျစေချင်ဘူး🥺
2026-05-12 11:38:29
14
❤Moon❤ :
Club တို့ Ktvတို့သွားတာပါ တစ်မျိုးမထင်နဲ့နော်ပြောပြတာပါ အဲ့ခံစားချက်ကိုနားလည်တယ်🥺
2026-05-13 03:35:59
5
🖤🤍ei chaw🤍🖤 :
အိမ်ထောင်သည်တွေပဲသိတဲ့ခံစားချက်🥺🥺
2026-06-27 11:12:43
1
Wyne NaDi Maung :
ဒီလောက်လှလှလေးကို ဖိုက်တင်း ခလေးရေ 💙
2026-06-29 10:42:43
1
အိတ်ပေါက်နဲ့ဖားကောက် :
မယူခင်ကတွေးမိတယ်အဆင်ပြေပမလားပျော်ရွှင်ရပမလားလို့ သြော်သူလဲငါ့ကိုချစ်တယ်ငါလဲချစ်တယ်တူတူရှိနေဖို့ကအရေးကြီးတယ်ဆိုပြီးယူခဲ့မိတယ်😥😥😥😥ထင်ထားသလိုတစ်ခုမှဖြစ်မလာခဲ့ဘူး အဆိုးဆုံးက ထက်မပြောတော့ပါဘူး
2026-06-28 13:04:11
1
Tain Shann :
KTVသွားတာပါ ကိုယ်လဲတစ်ချိန်ကသူ့လိုပဲကြုံခဲ့ဘူးလို့ ကိုယ်ချင်းစာပါတယ်ကောင်မလေးရေ ကိုယ့်ကိုကိုယ်ချစ်ပါ အလှဆုံးနေပါ သူရှိမှဖြစ်မယ်ဆိုတဲ့စိတ်ကိုမတွေးနဲ့ ပြတ်သားနိုင်အောင်ကြိုးစား ကိုယ့်ကိုစိတ်ဒဏ်ရာပေးသူတွေနဲ့ ဝေးဝေးနေပြီး တောက်ပပြလိုက်ပါ😔😔😔
2026-07-08 14:16:52
1
Hsu^😊(စနေသမီး)🤫Bago Thu😘 :
ဘဝတူတွေပါသဲရယ်အခုတော့ကိုယ်ပျော်ရွှင်မူ့ကိုပဲကည့်တော့မယ်သူ့ကိုလဲလက်လွှတ်လိုက်ပြီး😊
2026-06-24 12:54:08
2
💃လရိပ်🌻💔 :
သေးချာဘဲညမငိုမနေနဲ့💃5တင်
2026-06-15 05:59:40
1
💋🐨 ˢ𝓞尺α ♖✎ :
ငါတို့တွေကအဲ့အချိန်မှာစဉ်းစားရအရမ်းခတ်နေတက်ကျတယ်တကယ်တော့ငါတို့လဲပျော်ပိုင်ခွင့်ရှိတယ်သူတို့နဲ့တစ်သက်လံုးနေပီးစိတ်ဆင်းရဲခံနေစရာအကြောင်းမရှိဘူးသူတို့မရှိရင်မဖြစ်ဘူးမတွေးနဲ့အချစ်ဆိုတာဆစ်ယောက်ထဲအတွက်ဆိုတာမဟုတ်ဘူးကိုယ့်ရဲ့စိတ်ပဲထွက်နိုင်ရင်ထွက်လိုက်တော့
2026-06-15 15:02:11
1
To see more videos from user @noungnoon38, please go to the Tikwm
homepage.