@honeys5748: ကိုယ်ချစ်တဲ့သူကို ပိုင်ဆိုင်ချင်တာ လောဘလား အတ္တလား မေတ္တာလား ကိုယ်မသိဘူး။ စိုးရိမ်ခြင်းကင်းတဲ့ချစ်ခြင်းရယ်လို့ လောကမှာမရှိခဲ့ဘူးလေ။လူတစ်ယောက်ကိုချစ်မိတဲ့အချိန်မှာ သူနဲ့ပတ်သတ်တဲ့ အထိအရှသေးသေးလေးတစ်ခုမကျန်အောင် မြတ်နိုးရသလို သူစိတ်ဆိုးလို့ ကိုယ့်ကိုငြိုငြင်တဲ့စကားမျိုးတွေ သူ့နှုတ်ခမ်းဖျားက ထွက်လာတဲ့အခါတိုင်းမှာလဲ တစိမ့်စိမ့်နဲ့ကို နာကျင်ရတာပါ။သူများအတွက်တော့ ဘာမဟုတ်တာလေးပေါ့။ကိုယ်တန်ဖိုးထားမြတ်မြတ်နိုးနိုးနဲ့ ချစ်ရတဲ့သူပြောတဲ့အခါ တနင့်တပိုးခံစားရကျတာပါ။ သူနဲ့ပတ်သတ်တဲ့ အသေးအဖွဲ့လေးတွေကအစ စိတ်ပူစိုးရိမ်တတ်ခဲ့မိတာလဲ ကိုယ်ငြင်းမရတဲ့ မင်းကိုချစ်တဲ့ ချစ်ခြင်းတစ်ခုဖြစ်လာခဲ့တယ်။အထိခိုက်မခံနိုင်ဘူး။စိတ်မရှုပ်စေချင်ဘူး။အစစအရာရာ အဆင်ပြေနေတာပဲ မြင်ချင်ခဲ့တာပါ။မင်းအနားမှာအချိန်ပြည့်ရှိမနေပေမယ့် အချိန်တိုင်း နှလုံးသားထဲထည့်ပီး အမြတ်တနိုးနဲ့ချစ်ခဲ့ရတာပါ။ ဒီဘဝမှာ မင်းနဲ့ကိုယ် မင်းနဲ့မလွဲချင်ပါဘူး။ဒီသံသရာလည်နေသရွေ့ မင်းနဲ့ပဲရှိနေချင်တယ်။ ဘယ်အချိန် ဘယ်လို ကိုယ်မသိချင်ပါဘူး။ကိုယ်သိတာတစ်ခုကတော့ မင်းဘာအတွက်ပဲလိုအပ်လိုအပ်ပါ မင်းအနားမှာ ကိုယ်အမြဲရှိနေပေးချင်တာပါ။ဒီကမ္ဘာကို ကိုယ်တို့တွေ တစ်ခေါက်ပဲ ရောက်ခွင့်ရှိတာမို့ ဒီဘဝပဲအသေချာဆုံးပါ။ မင်းနဲ့အတူသွားချင်နေတဲ့ လမ်းမို့လို့ ကိုယ်ကစောင့်ပါ့မယ်။မင်းလက်ကလေးကိုဆွဲဖို့ ကိုယ် ဘယ်လောက်ကြာကြာ စောင့်ပါ့မယ် ချစ်သောရယ်။အရမ်းချစ်တယ်နော်။ နှောင်ကြိုး.........
နှောင်ကြိုး
Region: MM
Tuesday 12 May 2026 05:38:31 GMT
Music
Download
Comments
🤍🤍🤍 :
ကူးယူခွင့်ပြုပေးပါနော်copy လင့်လေးချပေးပါနော်
2026-06-08 14:25:18
0
Yu Nandar Khaing 🇲🇲🇲🇲🇲🇲 :
ပြန်တင်ခွင့်ပြုပါ🥰🥰🥰
2026-07-13 13:53:59
0
Thae Ko Ko 💕 :
အတူတူ သွားချင်တဲ့ လမ်းမို့
မြတ်နိူးရေ
အကိုစောင့်နေပါတယ်🥰
2026-06-09 02:19:15
1
WaiYanPhyo :
ပြန်တင်ခွင့်ပြုပါ
2026-07-09 08:15:33
0
K :
ဘယ်သူကဘယ်သူ့ကိုစောင့်နေရတာလဲ…..?
2026-05-12 06:31:58
0
Ya Mone :
ပြန်တင်ခွင့်ပြုပါ🥰
2026-06-14 09:37:07
0
🍀 🌟 Su Myat Aung 🌟 🍀 :
copy🥰
2026-06-11 15:16:53
0
သခင့်ရဲ့အချစ် :
🥰🥰🥰
2026-05-12 16:51:58
1
မီ(Zin) :
🥰🥰🥰
2026-06-09 06:49:58
0
Melody :
🌷😁🥰🥰
2026-06-10 15:46:44
0
💞N💞🌻 :
🥺🥺🥺🥺🥺🥺
2026-06-11 14:47:47
0
အေမီကို( Gemini♊♊♊) :
😘😘😘😘😘😘😘
2026-05-12 12:48:55
1
To see more videos from user @honeys5748, please go to the Tikwm
homepage.