@aungaung.myint: ဖတ်ဖြစ်အောင်ဖတ်ပါ အရမ်းကောင်းလို့ {မသွားမှီက_ရောက်နှင့်သည်} ဘုန်းဘုန်းကြီးဘုရား ... တပည့်တော် ဝတ္ထုငွေ ဆက်ကပ်လှူဒါန်းချင် လို့ပါဘုရား ။ အေး - သာဓု သာဓု သာဓု ဗျား ။ ဘာကိုများ ရည်မှန်းပြီး လှူဒါန်းသလဲ ဒကာမကြီး ။ မှန်လှပါ ။ နိဗ္ဗာန်ကို ရည်မှန်းပြီး လှူဒါန်းတာပါဘုရား ။ နိဗ္ဗာန် ရချင် ရောက်ချင်ပါတယ်ဘုရား ။ ကောင်းပါပြီ ဒကာမကြီး ။ ဆုတောင်းတာတော့ဟုတ်ပြီ ။ နိဗ္ဗာန် ဘယ်တော့ရောက်မှာလဲ ။ အဲဒါတော့ မသိပါဘုရား ။ အေး - နိဗ္ဗာန်က နောက်နောက် ဘဝတွေမှ ရောက်မှာ မဟုတ်ဘူး ။ အခုလှူရင် အခုရောက်နေတာ ဒကာမကြီး မသိလို့ ။ လှူရင် နိဗ္ဗာန်ရောက်တယ်လို့ ကြားဘူးတယ်မဟုတ်လား ။ ကြားဘူးပါတယ်ဘုရား ။ လှူရင်လှူတဲ့အခိုက်မှာ လှူတဲ့စိတ်ကလေး နိဗ္ဗာန်ရောက်နေကြတာကို မသိကြတာ ။ မသိလို့ မရောက်တာ ။ သိရင် ရောက်ပါတယ် ။ သိအောင်ကတော့ သိတဲ့သူက ဟောပြော ညွှန်ပြရင် မသိနိုင်ဘူးလား ။ သိနိုင်ပါတယ်ဘုရား ။ နိဗ္ဗာန် ရတယ် ရောက်တယ်ဆိုတဲ့ နေရာမှာ နိဗ္ဗာန်ကို အထည်ဒြပ်နဲ့ သူ့အနေ ငါ့အနေနဲ့ ရောက်ရတာမျိုး မဟုတ်ဘူး ။ အေးငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်နဲ့ အေးငြိမ်းတဲ့စိတ်ကလေး အာရုံ အာရမ္မနိက အားဖြင့် တွေ့တွေ့နေတာကိုပဲ နိဗ္ဗာန် ရတယ် ရောက်တယ်လို့ ပြောဆိုသုံးနှုန်းရတာပါ ။ ဒကာမကြီး ဒီဝတ္ထုပစ္စည်းတွေကိုလှူတာ ဘာကုန်သွားသလဲ ။ ငွေကုန်ပါတယ်ဘုရား ။ ဒကာမကြီး သေသေချာချာ စဉ်းစားနော် ။ ငွေက ကုန်တာမဟုတ်ဘူး ။ နေရာရွှေ့သွားတာ ။ ဒကာမကြီးလက်ထဲကနေ ဘုန်းကြီးလက်ထဲ ရွှေ့သွားတာ ။ ကုန်သွားတာမဟုတ်ဘူး ။ ကုန်တာက လောဘ ။ လောဘကုန်သွားတာ ။ ဒကာမကြီး - ဒီဝတ္ထုပစ္စည်းတွေရဲ့အပေါ်မှာ တပ်မက်နေတဲ့ လောဘ ရှိနေရင် ဒကာမကြီး လှူလို့ ရပါ့မလား ။ မရပါဘူးဘုရား ။ အေး - လောဘစွန့်ထားလို့သာ လှူနိုင်တာနော် ။ လောဘမစွန့်ရင် မလှူနိုင်ဘူး ။ ဒါဖြင့် လောဘတော့မရှိဘူး ။ ဒေါသရှိနေရင်ကော လှူလို့ရပါ့မလား ။ မရပါဘူးဘုရား ။ ဘုန်းကြီးအပေါ်မှာ ဒေါသဖြစ်နေမယ် ဆိုရင်လည်း လှူလို့မရဘူး ။ လောဘ ဒေါသကို စွန့်ထားလို့ လှူလို့ရတာ ။ "ဒါနံ စဇနလကခွဏံ" ဒါန - အလှူသည် စဇနလက္ခဏံ - စွန့်လွှတ်ခြင်းလက္ခဏာရှိ၏ တဲ့ ။ ဘာကိုစွန့်တာလဲ ။ ပစ္စည်းစွန့်တာ အားလုံးမြင်တယ်နော် ။ လောဘစွန့်တာကိုကျတော့ မြင်နိုင်ခဲကြတယ် ။ လောဘ မစွန့်ဘဲနဲ့ ပစ္စည်းမစွန့်နိုင်ဘူး ။ ဒါနဆိုတာ ပေးလှူခြင်းလို့ အဓိပ်ပါယျရတယျ ။ ဒါနံ - အလှူကို , ဒါတဗ ္ဘမေဝ - ပေးလှူအပ်သည်သာလျှင်တည်း ။ ဒါနံ - အလှူသည် ်ဘောဂသမ ္ဘဒါ - စည်းစိမ်ဥစ္စာ ပြည့်စုံခြင်းကို အဝါဟတိ - ဆောင်ရွက်တတ်၏ တဲ့ ။ လှူတယ်ဆိုတာ ကုသိုလ်တရား ။ ဒီကုသိုလ်ရဲ့အကျိုးက စည်းစိမ်ဥစ္စာ ပြည့်စုံခြင်း ဆိုတဲ့ အကျိုးကျေးဇူးရှိတယ် ။ ဒကာမကြီး တောင်းတောင်း မတောင်းတောင်း ဒီအကျိုး ကျေးဇူးကတော့ ပေးမှာပဲ ။ ဒီလိုမသိကြတော့ ဒီအလှူကိုလှူတာ ဘယ်သူလဲ ဆိုတော့ ငါ လှူတယ်လို့ ယူလိုက်တယ်။ (ဒိဋ္ဌိ - ငါ) ပေါ့ ။ ဒီအလှူရဲ့အကျိုးကို ငါ ခံစားရလိမ့်မယ်ဆိုတော့ (တဏှာ- ငါ) ပေါ့ ။ ဒီအလှူကို ငါမို့ လှူနိုင်တာဆိုတော့ (မာန - ငါ) ပေါ့ ။ လှူတာဟာ - ငါ , ငါ့အလှူရဲ့အကျိုးကို ငါ ခံစားရလိမ့်မယ် , ငါ မို့ လှူနိုင်တာ ဆိုတဲ့ အထင်မှား အမြင်မှားတဲ့ - ဒိဋ္ဌိ ငါ - ကြောင့် နတ်ပြည်ရောက်လိုက်၊ လူ့ချမ်းသာ ခံစားလိုက် ၊ အပါယ် ပြန်ဆွဲချခံရလိုက်နဲ့ ဒုက္ခသံသရာ ထဲက လွတ်မထွက်နိုင်ဘဲ ဖြစ်နေကြတယ် ။ သံသရာဝဋ်ကို လွတ်လွတ်ကျွတ်ကျွတ် ခြေနဲ့ကန် ၊ အလှူခံပုဂ္ဂိုလ်အပေါ်မှာ ချစ်ခြင်းမေတ္တာ , သနားခြင်း ဂရုဏာ , ပြည့်စုံပါစေဆိုတဲ့ စေတနာ သန့်သန့်လေးထားပြီး , နိဗ္ဗာန်ကို ရည်မှန်းပြီး လှူဒါန်းလိုက်မယ်ဆိုရင် သံသရာ မရှည်တော့ပါဘူး ။ ဒါနက သံသရာ မရှည်ပါဘူး ။ ဒီဒါနနောက်က မသိမှု ဆိုတဲ့ အဝိဇ္ဇာကြောင့် တဏှာပါပြီး ဆုတောင်းလွဲကြလို့ သံသရာ ရှည်တာပါ ။ ဒါကြောင့် - သံသရာဝဋ်မှ လွတ်ထွက်နိုင်တဲ့ ဒါန ကုသိုလ်ဖြစ်အောင် ဘုန်းကြီးက ညွှန်ပြပေးရမှာပေါ့ ။ ဒီတော့ ဒကာကြီးတို့ရဲ့ စိတ်ကို ပြန်ကြည့်ရအောင်..။ အခုလှူနေတဲ့ အခိုက်မှာ လောဘကို စွန့်ထားတဲ့အတွက် လောဘမရှိဘူး။ လောဘမရှိတော့ လောဘတွေက ခယ ဓမ္မာ ကုန်နေတယ် ၊ ဝယဓမ္မာ ပျောက်နေတယ်၊ နိရောဓ ဓမ္မာ ချုပ်နေတယ်၊ ဝိရာဂဓမ္မာ ကင်းနေတယ်။ ဒီတော့ ဒီစိတ် ဘာနဲ့နေသလဲ။ လောဘငြိမ်းတဲ့စိတ်က လောဘငြိမ်းရာကြီးနဲ့ တွေ့နေတယ်။ လောဘကုန်တဲ့စိတ်က လောဘကုန်ရာနဲ့ တွေ့နေတယ်။ အဲဒီ လောဘကုန်ရာကို ဘာခေါ်မလဲ။ (နိဗ္ဗာန်ပါဘုရား) လောဘက္ခယောတိနိဗ္ဗာနံ ဆိုတဲ ပုဒ်အရ လောဘကုန်ရာ နိဗ္ဗာန်လို့ဆိုထားတယ် ။ လောဘစွန့် ထားတဲ့အချိန်မှာ လောဘကုန်နေ လို့ တဒင်္ဂအားဖြင့် နိဗ္ဗာန်ရောက်နေတယ် အဲဒါကိုမသိကွတာ။ ဒီတော့လှူရင် နိဗ္ဗာန်ရောက်တယ်ဆိုတာမ မှန်ဘူးလား။ (မှန်ပါတယ်ဘုရား) အခု ဒကာမကြီး ဒီဝတ္ထုပစ္စည်းတွေ လှူလိုက်ပြီ ။ လှူတာက ပစ္စည်း ။ စွန့်တာက ဘာကို စွန့်တာလဲ ။ (လောဘပါ ဘုရား) ရောက်တာက ဘယ်ကိုရောက်တာလဲ ။ (နိဗ္ဗာန်ပါ ဘုရား) လှူတာကပစ္စည်း ၊ စွန့်တာကလောဘ ၊ ရောက်တာက နိဗ္ဗာန် ။ ဒါဖြင့် လှူတာနဲ့ နိဗ္ဗာန်ရောက်တာ ဘယ်ဟာက အရင်လဲ။ (လှူတာက အရင် ပါ ဘုရား) ဒကာမကြီး သေသေချာချာ ပြန်စဉ်းစားနော် ပစ္စည်းကိုစွန့်တာ ဘယ်အချိန် စွန့်တာလဲ ။ ဘုန်းကြီးလက်ထဲကို ထည့်တဲ့အချိန်ကျမှ ပစ္စည်းကိုစွန့်တာ။ လောဘကို စွန့်တာကျတော့ ဘယ်အချိန် ကတည်းက စွန့်ထားတာ
Aungaung Myint
Region: MM
Tuesday 12 May 2026 15:17:07 GMT
Music
Download
Comments
U Aye Min :
သက်တော်ရှည်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ. နန္ဒိယ မဟာထေရ်မြတ် မန္တလေး တောင်ပြင်ငါးစို့ကျောင်းတိုက် ငြိမ်းချမ်းရေးကျောင်း မှတရားတော်များမှရှာဖွေနာယူနိုင်ကြပါစေ
2026-05-13 05:05:42
78
ညွန့်ညွန့် :
ကောင်လိုက်တဲ့တရားလေးနာရတာအင်မတန်တန်းဘိုးရှိပါတယ်တင်ပေးသူးကျေးဇူးတင်ပါတယ်စတ်ချမးသာကိုယ်ကျန်းမာပါစေ
2026-05-13 03:01:41
41
user5305103726949 :
စာလေးကဖတ်ရတာကောင်းတယ်ဗျာ ဘာမဟုတ်တဲ့နောက်ကသီချင်းကကျက်သရေမရှိဘူးစိတ်ပျက်တယ် Post တင်ပေးသူတွေကိုကျေးဇူးတင်ပါတယ်ဒါပေမဲ့နောက်မှာသီချင်းတွေတီးလုံးတွေပါနေတော့စိတ်ပျက်စရာကောင်းပါတယ်
2026-05-13 08:29:55
9
Aung Lay :
ကောင်းလိုက်တာရှင်းလိုက်တာဘုရားသာဓုအကြိမ်ကြိမ်ပါ။
2026-05-13 02:29:36
9
M M H :
ကောင်းလိုက်တာဘုရား
2026-05-13 02:34:49
9
kyawswe3228 :
ကောင်းချက်၊လိုတိုရှင်းသဘောတရားမှို့ကျေးဇူးကြီးပါ့ဘုရား။
2026-05-13 02:33:04
5
Program Form :
လှူလိုက်မယ် ဆိုတဲ့အချိန်ကတည်းကပါ
2026-05-15 12:04:06
5
Su Luck :
အခုမှဘဲစဥ်းစားသဘောပေါက်မိလို့ကျေးဇူးပါဘုရားသာဓုသာဓုသာဓုပါမှန်ကန်သောအသိရအောင်တင်ပေးတဲ့ပိုစ့်ပိုငိရှင်လဲကျမ်းမာချမ်းသာပါစေရှင်
2026-05-14 06:28:30
8
U San Maung :
သာဓုသာဓုသာဓုကျေးဇူးကြီးလှပါတယ်ဘုရား
2026-06-08 00:57:55
3
May lay@6638 :
ပို့စ်တင်သူအားလွန်စွာကျေးဇူးအထူးတင်ပါသည်။အလွန်ကောင်းသောတရားတော်အားနာကြားရပါသဖြင့်ဝမ်းမြောက်စွာဖြစ်
သာဓု သာဓု သာဓု
2026-06-08 04:39:16
7
THIDA :
သာဓုသာဓုသာဓုပါဘုရား
2026-05-13 02:54:12
6
Daw Khin Htay Hlaing :
သာဓုသာဓုပါဘုရား
2026-06-11 02:00:04
1
Phoo pyae paingကြိမ်ခုံဆိုင် :
အသိ အမြင် ရလုိ့ ရေးသာသူကို ကျေးဇူးပါ ကြတရားဟောပေးတဲ့ ဆရာတော် ဘုန်းကြီလို့သက်တော်ရာကျော်ရှည်ပါစေ ဘုရား🙏🙏🙏
2026-05-14 02:56:20
8
mgyi6265cip :
သာဓုသာဓုသာဓု ပါဘုရား
ရင်ထဲကဝမ်းမြောက်မီပါတယ်ဘုရား
2026-06-07 09:32:14
1
Ownepwint :
သာဓု သာဓု သာဓု
2026-05-13 03:23:05
9
kyi :
သာဓု သာဓု သာဓုပါဘုရားလိုရင်းတိုရှင်းနိဗ္ဗာန်ရောက်သွားတယ် တစ်ခါမှမစဉ်းစားမိဘူး
2026-05-13 15:03:50
6
YeYe :
ဝေမျှပေးတာကျေးဇူးတင်ပါတယ်ခင်ဗျငါဆိုတဲ့အတ္တလေးကတော်တော်ကြောက်စရာပါပဲ🥰
2026-05-13 03:17:53
12
သုခုမ :
တရားနာရင်းနဲ့ ပီတိတွေဖြစ်လိုက်တာပါ
ဘုရား။ဟောတော်မူသော ဆရာတော်ဘုရားနှင့် မျှဝေသူတို့ရဲ့ ကျေးဇူး ကြီးလှ။ပါတယ်ဘုရား။သာဓု သာဓု သာဓု
2026-05-15 12:51:32
6
Ko Nyi :
ကြည်နူးလိုက်တာသာဓုသာဓုသာဓုပါဘုရား
2026-05-13 01:39:36
5
Thin :
ကောင်းလိုက်တဲ့တရားလေးအခုတင်ပေးတဲ့သူကိုကျေးဇူးတင်ပါတယ်🙏🙏🙏ပြန်လည်မျှဝေခွင့်ပြုလားရှင်
2026-06-14 13:06:05
1
一六六一 :
စာလေး ရချင်လို့ပါ ရမလားရှင့်
2026-06-19 13:33:41
1
Daw Ni Ni Aung :
🙏🙏🙏သာဓုသာဓုသာဓုပါဘုရား
2026-05-13 08:24:24
1
koaung :
2026-05-23 04:43:27
1
Theingikyaw :
သာဓု သာဓု သာဓု
2026-06-04 10:20:35
1
Strong Mother :
အသိတရားတွေ တိုးပွားစေသော 🙏🏻🙏🏻🙏🏻
2026-06-19 04:20:48
1
To see more videos from user @aungaung.myint, please go to the Tikwm
homepage.
© 2021-2026 TikWM. All rights reserved.