@yoon.yati.lwin29: ရင့်ကျက်သင့်ပါပြီ ---------//------- ဆရာကြီးအောင်သင်းရဲ့ စကားလေး လူတစ်ယောက် ရင့်ကျက်တယ် မရင့်ကျက်ဘူးဆိုတာ အသက်နဲ့လည်းမဆိုင်ဘူး။ ပျော်ပျော်နေတတ်တာ ခပ်တည်တည်နေတတ်တာနဲ့လည်း မဆိုင်သလို ဘွဲ့ဘယ်နှခု ရထားတယ်ဆိုတာနဲ့လည်း မပတ်သက်ဘူး။ တကယ်တော့ ရင့်ကျက်မှုဆိုတာ အတွေ့အကြုံကနေ ဖြစ်လာတဲ့ ခံယူချက်တစ်ခုပဲ။ ကျနော်အကြိုက်ဆုံးကတော့ ဆရာလင်္ကာရည်ကျော် ပြောဖူးတဲ့စကားလေး။ "ရင့်ကျက်တယ်ဆိုတာ တခြားလူဘက်က တွေးပေးတတ်တာကို ခေါ်တာ"တဲ့ ဆရာပြောမှ ရှင်းသွားတယ် ရည်းစားထားစဆို တစ်ယောက်နဲ့တစ်ယောက် သဝန်တိုကြတယ် ဟိုဟာမဝတ်နဲ့ ဒီလိုမဝတ်နဲ့ ချုပ်ချယ်ကြတယ်။ ကြီးလာတော့ သူ့ရဲ့ လွတ်လပ်ခွင့်ဆိုတာကို နားလည်ပေးနိုင်လာကြတယ်။ ငယ်ငယ်က ကိုယ်ဖြစ်ချင်တာ ကိုယ်လိုချင်တာပဲ သိတယ် မိဘကိုပူဆာတယ် မိဘနဲ့ ပြသနာတွေ ဖြစ်တယ်။ ကြီးလာတော့ ဒါတွေနည်းသွားတယ် ဘာလို့ဆိုတော့ မိဘရဲ့နေရာကို ဝင်ကြည့်တတ်လာလို့ပဲ။ အလုပ်မှာလည်း ဒီလိုပဲ မရင့်ကျက်ရင် အလုပ်မှာ အဆင်ပြေနိုင်မှာ မဟုတ်ဘူး။ ငါ ဒီလောက်လုပ်ပေးရက်နဲ့ ငါ ဒီလောက်အဆင်ပြေပြေ နေရက်နဲ့ သူတို့က ဘယ်လိုလို့ တွေးတတ်ကြတယ်။ ကိုယ့်အောက်ကလူတွေအပေါ် မညှာမတာ မာန်မဲတတ်တယ်။ ကိုယ့်အထက်လူကြီးတွေကိုလည်း ဒါတွေ ဒါတွေ မလုပ်ပေးရကောင်းလား ဆုံးဖြတ်တာကလည်း နှေးလိုက်တာ မပြတ်သားလိုက်တာ ပျော့လိုက်တာ စသဖြင့် အပြစ်တင်မိတတ်တယ်။ အဲဒါမျိုးတွေ ပြန်စဉ်းစားကြည့် ပြောင်းလဲလာတာတွေ အများကြီးရှိတယ်ဆို ဒါ ကိုယ် ရင့်ကျက်လာတာပဲပေါ့။ အဲ့လိုမဟုတ်ဘဲ အရင်ကလည်း ဒီစိတ် ခုလည်း ဒီစိတ်ဆိုရင်တော့ အချိန်တွေသာကုန်သွားတယ် ရင့်ကျက်မလာဘူးပဲ ပြောရမှာပါပဲ။ ကိုယ်ချင်းစာတယ်ဆိုတာ EQ ရဲ့ အစိတ်အပိုင်းတစ်ခုလည်းပဲ ဖြစ်တယ်။ ဒီခေတ်မှာ EQ ဟာ အောင်မြင်ဖို့အတွက် အရေးကြီးကြောင်း တော်တော်လေး ပြောလာကြပြီ။ ဒါကြောင့် ကိုယ် ဘယ်လောက်ရင့်ကျက်သလဲ တစ်နည်းအားဖြင့် ကိုယ်ဘယ်လောက် ကိုယ်ချင်းစာတတ်သလဲ ကိုယ်ဘယ်လောက် တခြားလူဖက်က လှည့်တွေးပေးနိုင်သလဲဆိုတာက မယုံမရှိပါနဲ့။ တချိန်မှာ ကိုယ့်အနာဂတ်အတွက် အရေးပါလာပါလိမ့်မယ်။ "ဒါဆို သင် ရင့်ကျက်လာပြီ" ******* ငယ်ငယ်တုန်း ကတော့ ကြိုးစားရင် ဘာမဆို ဖြစ်နိုင်တယ် လို့ ယုံကြည် ခဲ့ ဖူးပါတယ် လက်တွေ့ ဘဝ မှာတော့ ဘာတွေကို ကြိုးစား ရမယ်၊ ဘာတွေကို လျစ်လျူရှု တတ်ရမယ် ဆိုတာ သဘောပေါက် သွားခဲ့ပြီ ဒါဆို သင် ရင့်ကျက်လာပြီ။ အရွုံး ဆိုတာ နာကျင် စရာ မဟုတ်သလို၊ အဆုံးသတ်လည်း မဟုတ်ဘူးဆိုတာ သိသွားပြီ အရှုံးတွေနဲ့ မကြာခဏ ဆိုသလို ရင်းနှီး လာရ ပေမယ့် အရှုံးသမားဆိုတဲ့ တံဆိပ်ကပ် မခံရအောင် သင်ခန်းစာတွေ ယူတတ်လာခဲ့ပြီ ဒါဆို သင် ရင့်ကျက်လာပါပြီ။ ဟိုးတုန်းက သင်ယူတယ် ဆိုတာ ဂုဏ်ယူနိုင်ဖို့ ဆိုတဲ့ ဦးတည်ချက်ပဲ ရှိခဲ့ပါ တယ် နောက်

Yoon Yati Lwin
Yoon Yati Lwin
Open In TikTok:
Region: MY
Tuesday 12 May 2026 22:42:50 GMT
47833
3490
13
140

Music

Download

Comments

shine.thu.mg1
shine Thu mg :
🥰🥰🥰🥰🥰🥰🥰🥰🥰ဟုတယ်
2026-05-12 23:43:16
1
zawlinhtut695
🇨🇳@Leo(လီယွန်)🇨🇳(20.5K) :
သရုပ်ဆောင်မင်းသမီး ယွန်းယွန်းလား ထင်မိ💗🥰
2026-05-18 11:44:53
0
hnin.thazin.soe38
Hnin Thazin Soe :
အဲ့အတိုင်းလေးနေနေပြီ🥰
2026-05-29 02:35:07
0
naythu1312
🇲🇲Steven N7(Hinthada thar) :
ပထမပုံထဲက စာသားလေးတွေကြိုက်လို့ ဒုတိယကပုံလေးပ Save လိုက်တယ် ✌
2026-05-13 13:51:07
1
khaing.khaing.wai1145
𝓚 🍀 :
စာလေးပေးပါလားဟင်
2026-06-04 14:08:17
0
ah.bv6
Ah Bv :
2026-05-13 00:10:49
0
phyosandartun45
phyosandartun45 :
စာသားပုံ လေးsaveခွင့်ပြုပါရှင့်
2026-06-06 04:17:27
0
hein.hein3903
Hein.Hein🇲🇾(ကလေးမြို့သား) :
🥰🥰🥰🥰
2026-05-13 11:27:11
0
oo.naing.aung
Oo Naing Aung :
2026-05-13 02:56:58
0
khantphyohlaing1
Ko Nyein Maung :
🥰😍☺️🥰😍
2026-05-13 02:51:59
0
user4vuw71qjvf
Zwe Pyae Mann :
❤️❤️❤️❤️❤️❤️❤️❤️❤️❤️
2026-05-13 00:20:32
0
myoaung1818
🇲🇲Myo gyi🇲🇾 :
❤️
2026-05-12 23:59:48
0
lin.myo52
Yurina :
🥰🥰🥰
2026-06-19 16:22:22
0
To see more videos from user @yoon.yati.lwin29, please go to the Tikwm homepage.

Other Videos


About