@ac_n2009: ချစ်တော့ ချစ်နေပါသေးတယ် ... သို့သော် ကျွန်တော်ကလေ အရင်ကလို မဟုတ်တော့ဘူး ။ အရင်ကဆို မင်းကို ချစ်တယ်ဆိုတဲ့ စကားလုံးတွေရဲ့အနောက်မှာ မျှော်လင့်ချက်တွေကော ပိုင်ဆိုင်ချင်တာတွေကော အများကြီးပဲ ရှိတယ် ဒါပေမယ့် အခုကျတော့ အဲ့လောက် သေသေချာချာကြီး မျှော်လင့်မထားတော့ဘူး ပိုင်ဆိုင်ခွင့်ရှိမယ်ဆိုရင် ပိုင်ဆိုင်ချင်တယ် ဆုံးရှုံးသွားရမယ်ဆိုရင် ခံနိုင်ရည်ရှိချင်တယ် ဒီလောက်ပါပဲ ။ အရင်ကလို လူတစ်ယောက်ဖြစ်လာဖို့ ကျေးဇူးပြုပြီးတော့ မတောင်းဆိုပါနဲ့တော့ ။ အေးစက်သွားတာ မဟုတ်ဘူး ပြီးတော့ မချစ်တော့တာလဲ မဟုတ်ဘူး ။ မျှော်လင့်ပြီးဖြစ်မလာရင် အများကြီးမျှော်လင့်ခဲ့မိတဲ့ ကိုယ်ပဲ သေမတတ် ထိခိုက်နာကျင်ရတာလေ ။ အဲ့ဒီနာကျင်မှုတွေက တစ်ခါလဲ မဟုတ်တော့သလို မျှော်လင့်မိတဲ့အခါတိုင်း ဖြစ်ပျက်နေတဲ့အရာလေ ။ ပြီးတော့ ... မင်းကိုပိုင်ဆိုင်ချင်တယ် ဒါပေမယ့် အရင်တုန်းကလိုတော့ မင်းမှ မရှိရင် သေမှာဆိုပြီး မတွေးတော့ဘူး မင်းမရှိတော့ရင်တော့ တော်တော်လေး ပြိုလဲနေဦးမှာပါ ဒါပေမယ့် မပိုင်ဆိုင်ခဲ့ရရင်ဆိုပြီး ကြိုတွေးထားတတ်ရတာပေါ့ ။ မင်းမှ မင်း တစိုက်မတ်မတ် ဂရုစိုက်ခဲ့တုန်းက မျက်နှာလေး ပျက်သွားတာကအစ ငါ့မှာ စိတ်တွေ ပူခဲ့ရတယ် ။ အသံလေးမာသွားတာကအစ ၀မ်းနည်းခဲ့ရတာ နည်းနည်းလေး ဂရုမစိုက်တာနဲ့ မချစ်တော့ဘူးလားဆိုတဲ့ အတွေးနဲ့ မျက်ရည်တွေ ကျခဲ့ရတာ ။ မချစ်တော့တာ မဟုတ်ဘူးနော် ။ အရင်လိုပဲ အရင်အတိုင်းပဲ မင်းမှမင်းဆိုပြီး ချစ်နေဆဲပါပဲ ။ ဒါပေမယ့် အရင်တုန်းကလို မင်းဆီက အရာတွေ အများကြီး မျှော်လင့်မထားမိတော့တာ ။ မဖြစ်နိုင်တဲ့ ကတိတွေ မတောင်းချင်တော့တာ ။ ပစ်ထားတဲ့အချိန်တွေ ကမ္ဘာပျက်မလို မနာကျင်ချင်တော့တာ ။ မင်းပြန်လာမယ်ဆိုရင် ဒီနေရာပဲ ရပ်နေဦးမှာ ။ တံခါးခေါက်နေရရင် လက်နာမှာစိုးလို့ တံခါးဖွင့်ပြီး မင်းကို ပြုံးပြုံးလေး ကြိုပါတယ် ။ ပြန်ထွက်သွားတဲ့အခါ မင်းကျောပြင်ကို ငေးဖို့ ခံနိုင်ရည်ရှိချင်တယ် ။ ချစ်တော့ ချစ်နေသေးပါတယ် ....သို့သော် #ကျေးကို (ရင်နှင့်ရင်း၍ ရေးသည်)
ɪᴛ's ɴᴀɪɴɢ 🐉
Region: MM
Wednesday 13 May 2026 04:53:42 GMT
Music
Download
Comments
🍁May Myo🍁 :
copyယူခွင့်ပြုပါရှင့်
2026-05-13 07:44:16
18
Saw Law Kaw :
copyယူမယ်နော်
2026-05-16 08:05:31
6
💐Dear🌸My Angel🧚🏻♀️ :
copy လေးရချင်းမိ
2026-06-08 00:30:51
0
Han Hpone Hlaing🍁 :
Copy ပြီဗျာ
2026-06-09 08:30:10
0
HtetInzali ♋ :
crbတယ်ရှင့်
2026-06-09 12:13:50
0
. :
စာသားနဲ့တထက်ထဲဘဲ🥺🥀
2026-06-09 12:15:43
0
Ñïçk :
ပိုင်ဆိုင်ခွင့်ရမှအချစ်လိုခေါ်တာမဟုတ်ပါဘူးတစ်ခါတစ်လေကျရင်ချစ်နေလျက်နေ
လမ်းခွဲပေးလိုက်ရတာတွေကလည်းတကယ်တော့ အချစ်ပါဘဲ🥹🥹
2026-06-08 16:58:17
1
KhineHnin ThuZar👶 :
copyယူခွင့်ပြုပါနော်
2026-06-06 06:09:27
1
🌿🌿 :
စာသားcopyယူမယ်နော်🥺
2026-06-08 23:24:27
0
K :
copy လေးယူပါရစေ ကိုကြီး 🥰🤗
2026-06-08 14:38:32
0
silent_🥺boy :
မလိုအပ်တော့ပျက်သားယုံပေါ့❤️🔥
2026-05-30 09:21:29
2
🌪Nway Oo 🌅 :
copy ယူပြီး ပြန်တင်ခွင့်ပြုပါလားဗျ
2026-06-08 15:13:32
0
zinko😊😊😊 :
ယူပရစေဗျာ
2026-06-08 15:02:18
0
Khaing Thazin Htwe :
စာသားလေး ယူသုံးပါရစေရှင့်
2026-06-08 15:23:59
0
良良 (Liáng Liáng)🍒 :
စာသားလေး copyယူမယ်နော်🥰
2026-05-26 05:24:17
1
ゆき♎️ :
Copyကူးခွင့်ပါနော်😊
2026-05-13 12:27:49
1
車修理学生 :
copyယူမယ် နော် bro
2026-05-14 11:33:55
0
ka lay :
copyယူမယ်နော်
2026-05-13 12:23:26
0
💃💅အိမ့်ခြူးဟန်💅💃 :
အဲလိုကြီးကတော့မခံစားနိုင်ဘူး
2026-06-08 14:07:16
0
Kaung Lay Kaung Lay🇲🇾 :
အရမ်းထိတယ်
2026-06-08 12:56:42
0
🧸Thet🎀 :
😭😭နာကျင်စရာတွေက ပျောက်မသွားတဲ့အတွက် ပြောင်းလဲသွားတာ မဟုသလို မချစ်တော့တာလဲမဟုတ်ဘူး သိမ်ငယ်စေတဲ့ရပ်ဝန်းတွေ နာကျင်ရတဲ့ ခံစားချက်တွေက ဟာသမဟုတ်ခဲ့ဘူးလေ
2026-06-08 15:12:45
0
မင်းချစ်ရင်မင်းကောင်လေး😍😍 :
ယူသုံးခွင့်ပေးပါ🥰🥰🥰
2026-06-08 14:19:57
0
Aung lwin :
copyမယ်နော်
2026-05-13 20:26:21
0
''မောင်တွတ်ပီ''💣💥 :
copy ယူမယ်နော်🙁
2026-06-08 13:34:05
0
🇲🇲𝒯𝓎𝓅𝒾𝓃ℊ...🇹🇭 :
copy ယူမယ်နော် crd🥺
2026-05-14 14:21:08
0
To see more videos from user @ac_n2009, please go to the Tikwm
homepage.