@zeno.daisy: လွှတ် ချ ခဲ့ ပါ တယ် .......................... ပြိုကျသွားတဲ့အရာတွေကို ပြန်ကောက်ဆက်ဖို့ မကြိုးစားချင်တော့ဘူး။ ။ ဘယ်ဖိနပ်စီးသွားသွား မနီးတော့မယ့် ခရီးတွေဆီ ဘယ်ရထားစီးသွားသွား မဆိုက်တော့မယ့်ဘူတာတွေဆီကိုလည်း ရောက်ဖို့မကြိုးစားချင်တော့ဘူး။ ။ အားငယ်ရမယ့်ရပ်ဝန်းတွေဆီကိုလည်း ခြေဦးမလှည့်ချင်တော့သလို အမြဲတစ်ဖတ်သက်ဆန်နေတဲ့ ဆက်ဆံရေးတွေကိုလည်း ကိုယ့်ဘက်စပြီး ဖြတ်တောက်သွားမှာပါ။ ။ ကိုယ်တို့အားလုံးရဲ့ဘဝမှာ မထင်မှတ်ပဲ ရလာတတ်တဲ့ပျော်စရာတွေရှိသလို မထင်မှတ်ပဲ ရလာတဲ့ဝမ်းနည်းစရာတွေလဲရှိတယ်။ ။ ခေါ်စရာမလိုပဲ ရောက်လာတတ်တဲ့သူတွေရှိသလို မနှင်ထုက်ပဲ ထွက်သွားတဲ့သူတွေလည်းရှိပါတယ်။ ။ ဒါက အဆန်းတော့မဟုတ်ပါဘူး ဆန်းတာက ဘဝထဲခဏတာ အလည်လာတဲ့ဧည့်သည်တွေကို နှလုံးသားနဲ့ဧည့်ခံ ဘဝနဲ့ရင်းပြီး ဧည့်ဝတ်ကျေချင်ခဲ့ကြတဲ့ ကိုယ်တို့လိုလူတွေကသာ ဆန်းတာပါ။ ။ စစ်မှန်မယ်ဆိုတဲ့အထင်နဲ့ အလေးအနက်တွေ ထားခဲ့ကြ နားလည်လာမှာပဲလေဆိုတဲ့ မျော်လင့်ချက်နဲ့ သည်းခံပြီး ခွင့်လွှတ်ပေးခဲ့ကြ တစ်သက်လုံးဆိုတဲ့အထင်နဲ့ ခံစားချက်တွေနဲ့ တည်ဆောက်ခဲ့ကြ။ ။ တကယ်ဆို ကိုယ့်ဘဝလေးနဲ့ကိုယ် အေးဆေးစွာနေထိုင်ခဲ့သင့်တာ သံစဥ်တစ်ကြောင်း တိမ်တစ်အုပ် ကဗျာတစ်ပုဒ် ကော်ဖီတစ်ခွက် ကိုယ့်မှာရှိနေတဲ့ ရပိုင်ခွင့်တစ်ချို့နဲ့လည်း ဘဝကို ကျေနပ်တတ်ခဲ့သင့်တာမဟုတ်လား။ ။ နောက်ဆို မြင်ကွင်းတွေကို ရွေးပါတော့မယ်။ ။ မျက်စိအောက်တင် ခဏလေးပျောက်သွားမယ့်အရာတွေဆိုရင်တော့ ဘဝနဲ့ရင်းပြီး မငေးတော့ပါဘူး။ ။ ဘဝက ဖန်ပုလင်းသေးသေးလေး တစ်လုံးပဲဆိုပါစို့။ ။ ပျော်စရာတွေအများကြီးထည့်ပြီး မစုဆောင်း မသိမ်းဆည်းနိုင်ခဲ့ပေမယ့် နာကျင်ကွဲအက်စရာတွေကိုတော့ ကိုယ်အပြီးလွှတ်ချခဲ့ပါတယ် ။ P'erson 🌸#creatorsearchinsight #Crd text စာတို#အရှင်ဇဝနသူ့စိတ်ကြိုက်စာပေများ#
That Should be me
Region: MM
Wednesday 13 May 2026 09:59:32 GMT
Music
Download
Comments
♡●𝒜𝓃𝓉ℴ𝓃𝓎♡● :
လက်မလျော့နိုင်သေးဘူးချစ်ရယ် မင်းနဲ့ဆိုပြီးကိုစိတ်ကူးယဉ်ထားတာတေအိပ်မက်သာသာဖစ်လို့မရဘူးမမရယ်
2026-06-27 13:42:59
3
baby J :
ဒီစကားလေးပြောဖို့ ရင်ဘယ်လောက်နာခဲ့ရလည်း ဘေဘီသိလား 🥺
2026-06-12 06:21:09
14
void :
ညရောက်ရင် ဘာလို့ ဒါတေ ပဲတတ်တာ လဲ ကွာ
2026-06-24 18:45:05
2
Ei Shwe Zin Hein :
စာသားလေးပေးပါလား
2026-05-14 06:07:49
1
Yati👸🏻🌹 :
storyတင်မယ်နော်❤️
2026-06-15 18:14:46
1
𝐿𝒾𝓉𝓉𝓁𝑒 𝑜𝓃𝑒 ^•^🍒🫧 :
ပင်ပန်းနေပီ မင်းလဲမင်းသဘောနဲ့မင်း ငါလဲငါ့ကိုယ်ငါ ပြန်ချစ်တော့မယ်
2026-06-14 16:27:06
3
Aung Myo Khant :
တစ်ကယ်လက်လျော့လိုက်ပါပီ အရာရာအားလုံးကို အကိုယှဉ်နိုင်ဖို့ ဘယ်လောက်ပဲသန်မာတယ်ဘဲပြောပြော ညီမက သူ့ဘက်မှာဘဲရှိနေမှာဆိုတော့ အကိုက ရှုံးနေပီးသားပါ ညီမရယ်💔
2026-06-09 09:17:38
4
Wai Lin Htet :
အကို့ fan ပါဗျ
2026-05-15 02:23:33
0
𝐃𝐞𝐞𝐩 𝐕𝐢𝐛𝐞𝐬🍂 :
အများကြီး ပင်ပန်းနေပီ ဒါပေမယ့် လွှတ်ချဖို့အင်အားမရှိဘူး 💔
2026-05-30 17:10:08
4
Amwe :
ပြန်တင်မယ်နော်🥰
2026-06-21 02:26:47
1
Y🎸♐ :
2:45
2026-06-17 08:15:11
1
Neo Lor :
ဒိစကားကသေချာတယ်အချစ်
2026-06-01 07:29:44
1
🌬Empty💨 Nights🌪 :
ပြန်တင်မယ်နော်🥰🥰
2026-06-14 15:25:31
0
HaRaberry 💭 :
ဟုတ်တယ် စိတ်ရော ကိုယ်ရော လျှော့လိုက်ပါပြီရှင်
2026-05-18 18:51:19
2
C’s :
ပင်ပန်းတယ် အရာရာက
2026-06-05 01:46:48
1
💦A Mi Ko💦🐚(မီမီ) :
storyပြန်တင်မယ်
2026-06-08 13:37:49
0
Myint Myint(hair stylist💇♀️) :
အရမ်းပင်ပန်းနေပီ😔💔
2026-05-27 13:11:04
1
Naing Lin Aung :
စာသားလေးယူမယ်နော်
2026-06-26 17:10:42
1
NJ :
အတက်နိုင်ဆုံးတော့ တောင်းပန်ခဲ့ပါတယ် ဒါမဲ့လဲ သူဘက်က ပြတ်သားလွန်းတော့လဲ လက်လျော့ခဲ့ရတာဘဲ💔
2026-06-02 01:56:52
2
Kar Yan :
ဒီတစ်ခါလွဲတာ တစ်သက်လုံးပဲထင်တယ်
2026-06-14 14:45:40
1
🧛☀PALM💫🐧 :
တကယ်သေချာသွားပြီ
2026-06-05 22:24:34
1
Am Main :
4 years တဲ့ ကိုရုန်းထွက်လိုက်တယ်
စိတ်မချနိုင်ခဲ့ဘူးအချစ်ရယ်
2026-06-01 12:57:54
1
🅿🅷🆈🅾🤍 :
သိမ်ငယ်ရတဲ့ ရပ်ဝန်းတွေကို မုန်းလာပြီ😞
2026-05-17 08:21:00
2
“贰零零伍🧿 :
သေချာပိ ဒီတစ်ခါ
2026-05-22 11:18:19
1
Nan Maw Kham🌸 :
၂၈ရက်နေ့ကို့မွေးနေ့မှာ သူကိူ့လွှတ်ချခဲ့တယ် စကားတွေကိုမမေ့ခဲ့ဘူး
2026-05-28 06:42:26
1
To see more videos from user @zeno.daisy, please go to the Tikwm
homepage.