@ko.ko45753: ကျွန်တော့်ကို ပစ်ထားရတာ ပျော်လား ... တစ်ခုခုဆို သိပ်ဂရုစိုက်ခံချင်တဲ့ ကျွန်တော်ကလေ ပစ်ထားတဲ့ ခင်ဗျားကိုမှ ပိုးစိုးပက်စက်ချစ်မိတယ် ။ ဒါနဲ့ တစ်ခုပဲ မေးချင်နေမိတာပါ ။ ကျွန်တော့်ကို ပစ်ထားရတာ ပျော်လား ။ မျက်ရည်တွေနဲ့ မြင်သားကျနေတဲ့ ကျွန်တော့ကို ငေးကြည့်နေရတာကော ပျော်လား ။ ကျေနပ်မှုမှ ရှိရဲ့လားလို့ တစ်ခါတစ်လေကျတော့ မျက်လုံးကို စေ့စေ့ကြည့်ပြီး မေးချင်နေမိတယ် ။ တစ်ရက်မှာ ၂၄ နာရီရှိတယ်မဟုတ်လား ။ ကျွန်တော်က ရှိတဲ့ ၂၄ နာရီလုံးမှာ ခင်ဗျား အတွက်ဆိုပြီး အချိန်တွေ အများကြီးကို ဖဲ့ပေးထားတာလေ ။ မအားသေးလို့နော်တဲ့ ဒီစကားလေးတစ်ခွန်းကို ခင်ဗျားက ကျွန်တော့ကို အကြိမ်ကြိမ်ပြောခဲ့ဖူးတယ် ပြီးတော့ အဲ့ဒီစကားနဲ့ အကြိမ်ကြိမ် ပစ်ထားခဲ့ဖူးတယ် ။ တစ်ခါတစ်လေ ဖုန်းအားသွင်းနေတာလေးကအစ အဆင်မပြေဘူးဆိုတဲ့ စကားလေးပဲ သုံးတာပဲ မဟုတ်လား ။ ပြန်ငေးကြည့်ရင် ... အားသွင်းကြိုးတန်းလန်းနဲ့ ခင်ဗျားခေါ်တဲ့ ဖုန်းကို ပျော်ပျော်ကြီးပြောနေတဲ့ ခပ်တုံးတုံး လူတစ်ယောက်ကို တွေ့တယ် ။ ထမင်းစားနေရင်းနဲ့ စကားပြောမပျက်တဲ့ ခပ်ရူးရူး လူတစ်ယောက်ကို တွေ့တယ် ။ အကြောင်းပြချက်တွေ အများကြီးရှိရင်တောင် မအားဘူးဆိုတဲ့စကားနဲ့ ခင်ဗျားနဲ့ အတူကုန်ဆုံးရမယ့် အချိန်တွေကို မလဲခဲ့ဘူးလေ ။ ဒါပေမယ့် ခင်ဗျားကျတော့ ဆန့်ကျင်ဖက်ပဲတွေးတယ် ။ စောအိပ်ချင်လို့နော် ... မအားလို့နော် အရေးကြီးလို့နော် ပြီးမှ ပြန်ခေါ်မယ်နော် သူငယ်ချင်းတွေနဲ့မို့နော် ။ စကားတွေ အများကြီးပြောရင် ကျွန်တော်ကပဲ နားမလည်ဘူး ဖြစ်ဦးမယ် နားလည်မပေးဘူးဖြစ်ဦးမယ် ။ တကယ်တမ်းကျတော့ တစ်ခါတစ်လေလောက်လေးပဲ ကျွန်တော့်အတွက်ဆို မအားတဲ့ကြားက သတိရနေပေးတာ လိုချင်တာပါ ။ အားနေတဲ့ကြားက တမင်သက်သက်ကြီး ပစ်ထားခံရတာမျိုးကျတော့ ပြန်ကြားရတဲ့အခါတိုင်း ငါ အ လိုက်တာဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တွေ တင်နေမိတယ် ။ ဒါနဲ့လေ တစ်ခုမေးမလို့ ... ခင်ဗျားပစ်ထားလို့ဆိုပြီး မပျော်တဲ့လူတစ်ယောက်ကို ပျော်အောင်ထားပေးချင်တယ်ဆိုတဲ့ စကားလုံးနဲ့ အိပ်မက်တွေ ပေးရတာ ပျော်ရဲ့လား ။ ဒါမှမဟုတ် ပစ်ထားရတာ ပျော်ရဲ့လား ။ ပျော်နေတယ်ဆိုရင်လဲ ဒီတိုင်းလေးပဲ ထားပါ ။ ကျွန်တော်ကတော့ ခင်ဗျားပစ်ထားတယ်လို့ ခံစားမိတဲ့အခါတိုင်း နေလို့ မပျော်ဘူး

ko ko
ko ko
Open In TikTok:
Region: MM
Wednesday 13 May 2026 10:19:29 GMT
92856
5128
40
1299

Music

Download

Comments

pan.kayay28
ခေတ်သစ်သုဘဒ္ဒါ📝 :
စာသားပြန်သုံးခွင့်ပြုပါနော်🥰🥰🥰
2026-06-13 11:01:10
1
user8455987705434
အညာသူလေး :
စာသားလေးချပေးရလို့ရလား
2026-05-27 15:47:58
2
oo.lay6484
Oo Lay :
သီချင်း နားထောင်ရင်း ရင်ထဲး မကောင်းလိုက်တာ။
2026-05-29 16:35:05
1
melthida91
🌹꧁༺𝓜𝓔𝓛𝓣𝓗𝓘𝓓𝓐༻ ꧂🌹 :
တချို့တွေက ကိုယ်မျက်ရည်ကျနေလဲ နောက်တယောက်နဲ့ပျော်နိုင်ပါတယ်☺️☺️☺️
2026-05-29 12:59:08
1
may.thu74591
😏😏😏 :
ယူမယ်နော် အရမ်းကြိုက်လို့
2026-06-10 14:22:59
1
oo9983444
💘💘❤️‍🩹❤️‍🩹💔💔 :
ပစ်ထားပါ လူကြီးပျော်ရင်ပေါ့
2026-06-02 02:59:34
1
zin.zin1305
💫💦.ဒေါ်ပိစိ.💦.💫. :
ယူတင်ခွင့်ပြုပါ🥰
2026-06-08 06:48:44
1
t.m.k075
💛TMK❤ :
ပြန်တင်ပရစေ 🥰
2026-05-28 05:40:19
1
yehtetaung2300
𓅓㋡𝓨𝓮⚘ 𝓗𝓽𝓮𝓽 𝓐𝓾𝓷𝓰❀★ :
🥺🥺စိတ်မကောင်းပါဘူး အဲ့လို ခံစား ဘူးပါတယ်🥺
2026-05-13 15:55:40
1
user5866185967665
win :
သီးချင်းအရမ်းကြိုက်း
2026-05-27 08:53:22
1
user9329396166292
ကျန်ရစ် မလေး :
ခံစားချက်တွေကတူညီနေတယ်
2026-05-31 14:40:22
2
dar.dar8237
CHO CHO :
စာသာလေးကငိုပီဗျာ ကျွန်တောဘဝနဲတိုက်ဆိုင်နေတ😢😢😢😢😢😢😢😢😢😢😢
2026-06-03 10:26:14
1
thulay13607
🥀𝓣𝓱𝓾🥀 :
ပြန်ယူတင်မယ်နော်
2026-05-28 14:35:07
1
kaythi121233
Kaythi121233 :
ပြန်တင်ခွင့် ပေးနိုင်မလားရှင့် အားလုံးကတိုက်ဆိုင် နေလို့ပါ☺️
2026-05-28 21:38:32
1
dardar63345
𝖉𝖆𝖗𝖉𝖆𝖗 :
စာသားလေးယူမယ်နော်
2026-06-11 14:14:40
1
may.thu74591
😏😏😏 :
စားသာလေးယူလို့ရမလား🥰
2026-06-10 14:21:58
1
m483770
Ğėmĩńĭ♊️ :
😭
2026-05-29 11:48:42
2
htun.min.zaw6
H.M.Z :
😂😂😂
2026-05-28 16:19:50
1
zawwai232
zawwai :
❤️❤️
2026-05-29 03:31:59
1
ei.thazin.htwe.99
🥰M🥰 :
😌😌😌
2026-05-26 17:56:07
1
yotetayyotemyanmar
ရုပ်သေးရုပ် :
👍👍👍
2026-05-28 01:03:48
1
cmaeieiayanayancx
လူလိမ်လူညာတွေကိုမုန့်တယ် :
🥰🥰🥰
2026-05-26 16:46:25
1
kt.x700
လေပြေ :
🥰🥰🥰
2026-05-27 14:30:29
1
user284279775
koNge :
🥺🥺🥺🥺🥺
2026-05-27 08:38:01
1
To see more videos from user @ko.ko45753, please go to the Tikwm homepage.

Other Videos


About