@nanakarichuu00: #၃နှစ်ကျော်လောက်တွဲပြီး လမ်းခွဲပြီးတဲ့နောက်မှာ အရာရာဟာ ယောင်ချာချာပါဘဲ ။ ဘာမှမဖြစ်ဘူးအဆင်ပြေသွားလိမ့်မယ်လို့ သူငယ်ချင်းတွေ က ၀ိုင်းအားပေးကြတယ်။ ကျနော်လည်း ငိုမနေခဲ့ပါဘူး။ ဒါပေမယ့် စကားလည်းမပြောနိုင်ခဲ့ဘူး။ မနက်ဖြန်တွေကို ဘယ်လိုအင်အားမျိုးနဲ့ ရင်ဆိုင်ရမလဲဆိုတာကိုပဲ တွေးနေခဲ့တယ်။ အိမ်ပြန်နောက်ကျတဲ့နေ့တွေမှာ ပုံမှန်၀င်နေကျစာဟာရောက်မနေခဲ့ဘူး။ ဖုန်းကိုခဏခဏစစ်နေမိတယ်။ မျှော်လင့်ချက်ကတော့သေနေခဲ့တယ်။ အဲနေ့က ပထမဆုံးအနေနဲ့ လစာရလာတဲ့အကြောင်း ပြောပြစရာလူမရှိခဲ့ဘူး။ အထွေအထူး ပြောင်းလဲသွားတာမျိုး မဟုတ်ပေမဲ့.... ကိုယ့်ရှေ့ရေး ကိုယ်တွေးမိတိုင်း သုံးဖြစ်ခဲ့တဲ့ ကိုယ်တို့ - ဆိုတဲ့ နာမ်စားလေးထဲမှာ မင်းနဲ့ကိုယ် အရင်လို အတူတူ ရှိမနေနိုင်တော့တာကလွဲရင် အရာရာဟာ ပုံမှန်ပါဘဲ ။ သူမရှိတော့ဘူး သူမရှိတော့ဘူး .... ကိုယ့်ဘဝထဲမှာ သူမရှိတော့ဘူး ဆိုတဲ့ အတွေးဟာ ဦးနောက်ကနေ နှလုံးသားကို ကျယ်ကျယ်လောင်လောင်နဲ့ နှိပ်စက်တယ် ။ ရှိုက်ကြီးတငင် ငိုချလိုက်ဖို့ တော်တော်ခက်ခဲတယ် ။ မျက်ရည်ဟာ နာကျင်လွန်းတဲ့အခါမှာ ထွက်မလာတော့ဘူး။ အဲ့ဒီအစား ရင်ဘက်တစ်ခုလုံးဟာ တဖြေးဖြေးနဲ့ လောင်မြိုက်ပေးရတယ် ။ ဒီလိုဖြတ်သန်းရတဲ့နေ့မှန်သမျှဟာ ကိုယ့်အတွက်တော့ ငရဲပဲ။ အဆင်ပြေလားတဲ့။ ဗရမ်းဗတာပါပဲ ဒါပေမယ့် လိမ်လိုက်တယ်။ ဘယ်သူကပိုခံစားရတဲ့သူဖြစ်ချင်ပါ့မလဲ။ ချစ်ပေးခဲ့ပြီပဲ လုံလောက်ပြီလို့ကိုယ့်ဘာသာ နှစ်သိမ့်ပေးကြည့်တယ်။ ကျနော် ငိုနေမိလားမသိ။ ညတွေ အိပ်ပျော်ဖို့ကြိုးစားရတယ်။ မနက်ဆိုထနိုင်ဖို့ ကြိုးစားရတယ်။ အချိန်မှန်စားသောက်ဖို့ကြိုးစားရတယ်။ လူတွေကြားထဲ အဆင်ပြေဖို့ကြိုးစားရတယ်။ အရှုံးပေးပြီးထွက်သွားချင်စိတ်ကိုကြိုးစားပြီးတားရတယ် ။ ဒါမှကိုယ်ချစ်တဲ့သူကိုရေရှည်သတိရနေနိုင်မယ်မဟုတ်လား။ #အရမ်းသဘောကျမိလို့စာအချို့ကိုပြန်လည်ကွန့်မြူးရေးသားထားခြင်းဖြစ်ပါတယ် #မူရင်းရေးသားသူများအားcreditပေးပါတယ်#fyp #foryoupage

Nan Akari chuu
Nan Akari chuu
Open In TikTok:
Region: JP
Thursday 14 May 2026 03:36:55 GMT
291207
26883
79
2617

Music

Download

Comments

thanminoo7087
Shany 🫧 :
အဲ့ခံစားချက်က အခုမှကမ္ဘာအသစ်ကိုရောက်လာသလိုပဲ အရာအားလုံးပြောင်းလဲသွားပြီး ကိုယ့်မှာ မရှိတော့သလိုပဲ😐😐
2026-05-14 19:33:56
72
win.thandar167
Win thandar 🦣🩵 :
@Su🇲🇲: ကိုယ့်တုန်းက လည်းစာတွေအရှည်ကြီး ရေးမတင်ဖြစ်တာတစ်ခုပါပဲ ခံစားချက်တွေက အတူတူပါပဲ ကိုယ်လည်း 2နှစ်ကျော်မှ အချစ်စစ်ကိုရခဲ့တာပါ အရာရာ အချိန်ကစကားပြောသွားမှာမို့ အားတင်းနော် Crd
2026-05-20 03:52:25
2
noenoe.91
楊星月🦋🌙 :
2နှစ်ကျော်လောက်တွဲပီး လမ်းခွဲ ပြီးတဲ့နောက်မှာ သူက့သူ့ဘဝနဲ့သူ ကိုယ့်က သူ့စိတ်နဲ့ကိုယ်
2026-05-15 14:39:06
10
kaythiaung175
kaythiaung175 :
၈နှစ်ကျော်🥺🥺🥺
2026-05-15 10:20:45
4
hima1738
Himawari :
1လပြည့်ခန်နီးရက်ပိုင်းလောက်နဲ့ဖြစ်နေသောမိမိ
2026-05-17 03:39:18
3
nge219
Nge💙 :
မသိခဲ့ဘူးရော်😞😞
2026-05-14 14:23:58
9
nanhtutoo7
Xiaohan 小欧🔥 :
6နှစ်ကျော်7နှစ်နီးပါဆိုဘလိုများနေပါလိမ့်ဗျာ🥹
2026-06-07 01:55:44
0
phoopyaesone3860
Reviews by Phoo🤍 :
စာသားလေးပေးပါ့လား
2026-05-15 02:52:41
1
cherry.7102
𝓒𝓱𝓪𝓵🫟 :
သူ့အနာဂတ်မှာကိုယ်မပါဝင်နိုင်တော့ဘူးဆိုတဲ့အသိဟာအရာရာဟာဝေးဝါးစွာပါပဲ💔
2026-05-20 04:59:29
1
nanmoemoekhin2
Nan Moe Moe Khin :
အိမ်သာထဲ မာပဲ ငိုပါ မိုးရေထဲ လျောက်မသွားပါနဲ့ 🥰
2026-05-14 04:42:46
0
thet.phyu.phyo3
Thet Phyu Phyoe :
10နှစ်နီးပါးချစ်ခဲ့ကြတဲ့ သံယောဇဥ်ကျတော့ရော🥺
2026-05-29 17:58:45
0
kawaimalay36
🔥👑ZoDoKon👑🔥 :
7နှစ်သံယောဇဥ်ကိုဘယ်လိုmove onရမလဲ💔
2026-05-19 07:40:48
1
nanghtwehtwe083
H✧🍑 :
အသည်းကွဲနေတယ်ဆိုပါတော့🙄
2026-05-14 03:46:17
0
osehun33
Yuki :
3နှစ်နဲ့4လ😌
2026-05-22 13:26:20
0
kyaw.thet7587
Kyaw Thet :
hi
2026-05-29 02:04:41
0
thanthan5531
𝚻♐️ :
၈ နှစ်ကျော် 😐🥺
2026-05-23 14:11:33
0
shoon.lae.wai206
LW :
၆နှစ်ဆိုရင်ကော
2026-05-26 09:00:51
0
loveju78
Eaindra🎀 :
5နှစ်ကျော်တောင်ဟာ
2026-05-22 04:28:41
0
double200l7
⚡Double Zin⚡(So Ah)⚽ :
6နှစ်လောက်ပေါ့... ဒါပေမဲ့သူမက မဂ် လာဆောင်သွားရောပေါ့ဗျား🥺🥺....
2026-05-18 08:54:24
0
allaboutgamingfortiktok
All about Gaming :
အတူတူပါဘဲဗျာ
2026-05-19 15:45:57
0
slowlymolyholy
G :
၇နှစ်တွဲပြီးခါမှ နောက်တစ်ယောက်တဲ့
2026-05-21 15:00:00
0
su.su.htwe493
🐰🌻☀Leonor☀🌻🐰 :
အဲ့လိုပါဆို🤧
2026-05-19 02:00:01
0
paingthuthuhan
Paing Thu Thu Han :
၇နှစ်ကျော်တွဲ ပြီး ပြတ်ပြီးသုံးရက်လောက်နဲ့အသစ်ရသွား ဘဝဟာပုံမှန်ပါပဲ့
2026-05-22 10:14:34
0
matcha_.163
♒️ :
Copy မယ်နော်😭💕
2026-05-14 16:56:25
0
To see more videos from user @nanakarichuu00, please go to the Tikwm homepage.

Other Videos


About