@ubt_bky01: ပစ္စည်းတစ်ခုကြိုက်ရင် သွားဝယ်ပါ။ လူတစ်ယောက်ကို သဘောကျရင် ချစ်ကြောင်း ဖွင့်ပြောပါ ။ နောက်ဆုံးရလဒ်ကို အများကြီး မတွေးပါနဲ့။ ကုန်ကုန်ပြောရရင် ဝယ်လိုက်တဲ့ပစ္စည်းက ကိုယ်နဲ့ မကိုက်ဘူး၊ သိပ်အသုံးမဝင်ရင်တောင် အဆင်ပြေတယ်။ ကိုယ်ချစ်တဲ့လူက ကိုယ့်အချစ်ကို လက်မခံလို့ အတူတူမရှိနိုင်ဘူး။ ဒါလည်း အဆင်ပြေတာပါပဲ။ အနည်းဆုံးတော့ ဝယ်ဆိုမယ်တဲ့ပစ္စည်းကို ဝယ်ခဲ့တယ်။ ရင်ခုန်စေတဲ့လူကို ချစ်ကြောင်း ရဲရဲ ဖွင့်ပြောနိုင်ခဲ့တယ်။ ရလဒ်ကောင်းမရခဲ့တာက အရှုံးဆိုရင် ဒီအရာတွေ လုပ်ခွင့်ရခဲ့တာက အမြတ်ပါပဲ။ လူ့ဘဝ တိုတိုလေးရယ်။ နာကျင်စရာတွေ များတယ်။ ငိုစရာတွေ များတယ်။ ထိလွယ်ရှလွယ်တယ်။ ဒါကြောင့် ပျော်စရာတွေ ပိုလုပ်ရမှာပေါ့။ ကိုယ်လုပ်ချင်တာ လုပ်ရမှာပေါ့။ စားချင်တဲ့အစား ရအောင် စားပါ။ တွေ့ချင်တဲ့လူကို ရအောင် တွေ့ပါ။ ဝတ်ချင်တဲ့အဝတ် ရအောင် ဝတ်ပါ။ အမြဲတမ်း နောင်တ တရားကို ရင်ဝယ်ပိုက်ပြီး နေသွားစရာမလိုပါဘူး။ဒီလိုနေတာက တော်တော် နာကျင်စရာကောင်းတယ်လေ။ အရှုံးနဲ့နောင်တဆိုရင် နောင်တက ပိုဆိုးစေတယ်။ အရှုံးဆိုတာ ဒီအရာတွေကို လုပ်ဖူးလို့ရတဲ့အရာဖြစ်တယ်။ဘာမှ အထူးတလည် ဝမ်းမနည်းပါနဲ့နော်။ ပိုပျော်အောင် နေပါ။ ပိုကျန်းမာအောင် နေပါ။ ပိုတိုးတက်အောင် နေပါ။ ပိုချစ်တတ်အောင် နေပါ။ မင်းက တကယ်ကောင်းမွန်တဲ့လူ ဖြစ်ပါတယ်။အများကြီး ဝမ်းမနည်းရဘူးနော်။ ဝမ်းနည်းဖို့ အချိန်မကုန်ပါနဲ့။ ပျော်ရွှင်ဖို့အတွက် အချိန်ပိုကုန်ပါ။ -နူးနူးအောင် #စာတိုချစ်သူ #ကဗျာချစ်သူ #ကဗျာစာပေတွေကိုတန်ဖိုးထား #ရောက်ချင်တဲ့နေရာရောက်👌 #crdtext @TikTok
Oishi
Region: MM
Thursday 14 May 2026 06:14:13 GMT
Music
Download
Comments
Han Bo Nyein :
ကျနော်ဆို 6ခါရှိပိ ငြင်းခံရတာ ခုသူလဲမောလို့လားမသိပါဘူး အဆင်ပြေလာပီ အကြိမ်ရေဘလောက်ငြင်းငြင်း dလူနားမှားပဲ နေရတာပျော်ဖို့ကောင်းတယ် 🥰
2026-05-14 14:20:32
361
🖤🥀 :
သဘောကျနေပြီးမှ ပိုင်ရှင်ရှိမှန်းသိလိုက်ရတဲ့အချိန်သွားပြောဖို့မသင့်တော်တော့ဘူးမို့လား
အလိုက်တသိ တိတ်တိတ်လေးနေပေးခဲ့သင့်တယ်မို့လား🥺
2026-05-15 01:08:01
53
xiao fan :
ပစ္စည်းတစ်ခုသွားဝယ်မို့ ပိုက်ဆံလိုအပ်သလို
ကိုယ်သဘောကျနေတဲ့လူကို ချစ်ကြောင်းသွားပြောရအောင်လဲ ကိုယ့်ရုပ်ကိုယ်ရည်ကိုအရင် ကြည့်ရသေးတယ်..
2026-05-15 03:34:27
59
🫧Joe Joe ⭐🫶🏻 :
copy ချင်လို့စာသာလေးချပေးပါအုံးနော်💓
2026-05-15 13:53:20
2
XblinZ112 :
သဘောကျနေမိတာကြာပီ ဒါမက် သူငါနဲ့ဖစ်ပါ့မလား သူရဲ့ဖစ်တည်မှုက်ုလက်ခံနိုင်ပါ့မလားဆိုပီးတွေးရင်း ဖွင့်မပြောဖစ်တာကြာပီ ဒီလိုနဲ့ ပြောဖစ်မယ်မထင်ဘူး…..🥀
2026-07-12 18:53:15
1
A U N G :
ပစ္စည်း၀ယ်တာပိုင်ဆိုင်ရပေမဲ့
သွားပြောလိုက်ရင်ပိုင်ချင်မှပိုင်ရမှာ
2026-05-15 14:48:17
47
🌪️9° πiπ€ 🌪️ :
ကိုယ်ကဖွင့်ပြောလိုက်မ လက်ရှိဆက်စံရေးလေးများပျောက်ကွယ်သွားမလားဆို ပြိးအဝေးကဘဲငေးကြည့်ခဲ့ရတာ🥺🥺
2026-06-19 19:15:06
2
Kitty😽😽 :
ဖွင့်ပြောလိုက်ရမလား🤭
2026-05-15 14:56:38
2
"Bo Aung Din"?.😜 :
ငြင်ခံရ ရင်ရောဘာဆက်လုပ်မှလဲ🙁🙁
2026-05-15 05:11:57
2
Ma Tint Nwe Linn :
တည်ငြိမ်နေတဲ့ငါ့ကို မြောက်မပေးပါတော့နဲ့😞
2026-05-17 10:42:53
0
Green Apple :
စာသားတွေက တိုက်ဆိုင်တော့မျက်ရည်ဝဲမိတယ် ချစ်တဲ့သူကိုချစ်တဲ့အကြောင်းဖွင့်ပြောနိုင်ခဲ့တယ် ရလဒ်ကလည်းထင်ထားသလိုပါဘဲ အငြင်းခံရ အဆင်ပြေပါတယ်☺️
2026-05-14 08:40:16
6
👗Wai Zin🧵🪡 :
တချိူ့ချစ်ခြင်းမေတ္တာတေက ထုတ်ပြောလိုက်မှပိုးဝေးသွားတက်တာမျိူး🥹
2026-05-15 13:06:43
5
Shay🤷 :
ပစ္စည်းကတော့ သွားဝယ်ဖြစ်တယ် 🤭လူကိုတော့သွားမပြောရဲဘူး😌
2026-05-15 02:15:45
5
Nge's Collections♐🫶🦀 :
ပြောစရာမလိုတော့ဘူး ထင်တာပ့ 🥰
2026-06-09 15:27:39
1
Khant phyo :
မချစ်သင့်တဲ့လူတစ်ယာက်ကို သဘောကျပီး
ဖွင့်ပြောနေမိလို့ နောင်တရနေမိတယ်
2026-05-15 17:05:07
2
D . :
ဖွင့်ပြောလိုက်ပါ ဖွင့်ပြောလိုက်တဲ့လူတွေ အဆင်ပြေကြပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ❤️🩹🥺
2026-05-17 14:46:58
3
📚Zun. :
သူငြင်းလိုက်တယ်🥺🥺
2026-06-12 13:51:58
1
SLICK :
ပြောလိုက်မှခုအ ခြေနေလေးကိုဆုံးရှုံးရရင်ဘယ်လိုလုပ်မလဲ
2026-05-17 07:57:06
0
🦁'Nann San'🪫 :
ပြောလိုက်ခါမှ ပိုခံစားရတယ်
2026-05-15 13:14:28
2
Elaris :
ပြောလို့မရတဲ့ဆက်ဆံရေးတေရှိတယ်လေ😔😔
2026-05-15 05:41:58
4
Khaing Thitsar モン 🌧 :
ပြန်မကြိုက်ခံရရရင်ရော🥹
2026-05-15 09:47:29
2
🧊Chan🧊 :
သူကပိုင်ရှင်ကြီးနဲ့ဗျ့
2026-05-15 14:01:33
4
❤️🔥 MA MYINT ❤️🔥 :
ကိုယ့်ဖွင့်ပြောလိုက်လို့ စိတ်ဆိုးသွားရင်ရော့ "🥺🥺
2026-05-17 01:05:51
0
Atreus :
ရခဲ့ပီ
2026-05-15 14:07:03
2
Shoon :
အနဲဆုံးတော့ ငြင်းခံရတာပေါ့😂 ဒါပေမဲ့တန်ပါတယ်
2026-05-25 13:27:19
1
To see more videos from user @ubt_bky01, please go to the Tikwm
homepage.