@ashinpanyo: တရားသိမ်း ပေါင်းချုပ် ----------------------------- လိုအပ်တဲ့ညီတော် နောင်တော်တို့ အတွက်ပါဘုရား..။ တရားသိမ်း(၁) မေတ္တာ အာသီသဂါထာ+အနက် ----------------------- ဒေသိတော မေ အယံဓမ္မော! ဗုဒ္ဓေနာဟစ္စဘာသိတော။ တေန သဗ္ဗေ သုခါယန္တု! ဇနာ ဣဋ္ဌသမင်္ဂိနော။ ဗုဒ္ဓေန- အရဟံတစ်ဆူ သယမ္ဘူဂိုဏ်း တုနှိုင်းမမြင် ဂေါတမဘုရားရှင်သည်။ အာဟစ္စဘာသိတော- ဋ္ဌာန်ကရိုဏ်းပယတ် ပြတ်ပြတ် သားသား ထိခိုက် ရွတ်ဆို၍ ဟောကြားတော်မူအပ်သော။ အယံဓမ္မော- ဤအသဒိသ ဓမ္မဒေသနာအဖြာဖြာကို။ မေ-မယာ= ခန္ဓာပဉ္စက သမူဟခေါ် ဘုရားတပည့်တော်သည်။ ဒေသိတော- သိစေ မှတ်စေ ကျင့်စေ ဤအနေဖြင့် ကောင်းစွာမသွေ ဟောကြားအပ်ပါပေပြီ။ တေန- ထိုသို့ဆည်းပူး ဓမ္မဒါန ကုသိုလ်ထူးကြောင့်။ သဗ္ဗေ- ကြွင်းမဲ့ဥဿုံ ခပ်သိမ်းကုန်သော။ဇနာ- တရားနာပရိတ်သတ်နှင့်တကွသတ္တဝါဟူ နတ်လူဗြဟ္မာ ပေါင်းများစွာတို့သည်။ ဣဋ္ဌသမင်္ဂိနော- မိမိတို့ အလိုရှိအပ်သမျှ ဣဋ္ဌ အထွေထွေ ကျက်သရေမင်္ဂလာ အမျိုးမျိုးနဲ့ ပြည့်စုံကြကုန်သည်ဖြစ်၍။ သုခါယန္တု- ယနေ့ကစ နိဗ္ဗာန်ရသည့် ဘဝတိုင်အောင် စိတ်ရွှင်လန်း၍ ချမ်းချမ်းသာသာ ရှိတော်မူကြ ပါစေကုန်သတည်း။ ------- တရားသိမ်း (၂) သပ်ပုရိသာ သုခါယန်တု၊ သီတာယန်တု ဘယာရကာ ။ သုတွာန ဒေသိတံဓမ္မံ ပဋိပဇ္ဇန္တု ယောနိသော ။ သပ္ပုရိသာ=သာသနာ့ဥယျာဉ် လွန်စည်ပင်ဖို့ ကြည်ရွှင်ဝမ်းမြောက် လှူဒါန်းထောက်ပင့် စွမ်းအားမြှင့်ကာ တင့်တယ်စေကြောင်း သူတော်ကောင်း အပေါင်းတို့သည် ။ သုခါယန္တု = ယနေ့ကစ နိဗ္ဗာန်ရသည် ဘဝတိုင်အောင် လောကီမင်္ဂလာ လောကုတ္တရာမင်္ဂလာနှစ်ဖြာတိုးပွား အကျိုးများလျက် ချမ်းသာကြ ပါစေကုန်သတည်း ။ ဘယာရကာ ၊ ဘေးရန်ကင်းကွာ အနာမရှိ ဒဏ်မရှိကြကုန်ဘဲ ။ သီတာယန္တု = ကြံစည်တိုင်းပေါက် ဆောင်တိုင်းမြောက်၍ ဝမ်းမြောက် ချမ်းသာနိုင်ကြပါ စေကုန်သတည်း။ ဒေသိတံ = ဘုရားတပည့် တရားမွေ့သဖြင့် ယနေ့ ဟောကြားအပ်သော။ ဓမ္မံ = ကျင့်စရာကြံစရာ ရှောင်စရာ ဆောင်စရာ နှစ်ဖြာပါတောင်း တရားကောင်းကို။ သုတွာန = ဆည်းပူးလေ့ကျက် နှစ်သက် လိုလား နာကြားကြကုန်ပြီးသည်ဖြစ်၍ ။ ယောနိသော = သမ္ပဇဉ်သတိ ဥာဏ်အမြင်ရှိသဖြင့်(ဝါ)ကောင်းသော နှလုံးသွင်း စိတ်ထားဖြူစင်ခြင်းဖြင့်။ ပဋိပဇ္ဇန္တု = သာသနာကြုံခိုက် လူဖြစ်ခိုက်မှာ မဂ်ဆိုက်ဖိုလ်ဝင် နိဗ္ဗာန်မြင်အောင် အစဉ်ကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။ ------------- `တရားသိမ်း (၃) ************* ဗောဓိယာ ပစ္စယော ဟောတု၊ ဣဒံနော ပုညမင်္ဂလံ။ ပုညဘာဂံ သုလဘန်တု ၊ ပမောဒန္တု သဒေဝကာ။ နော အမှာကံ= မြင့်မြတ်သာကြည် ပါရမီရင့်ကျူ း ဇာနည်ထူး သူတော်စင် ကုသိုလ်ရှင် အကျွန်ုပ်တို့၏၊ ဣဒံပုညမင်္ဂလံ=ဗုဒ္ဓဟောကြား တရားဒေသနာ မြတ်သြဝါကို နာခံမှတ်သား ပြန်ဟောကြား၍ ပွားများကျင့်ကြံ အဖန်ဖန်ကြိုးကုတ် အားထုတ်ရသည့်ဤကုသိုလ်ပုည မင်္ဂလာသည်၊ ဗောဓိယာ=သစ္စာလေးအင် ခိုင်သဇင်ကို ပြိုယှဉ်ဆွတ်ခူး ထွတ်ဖူးရင့်သံဗောဓိ ဉာဏ္၏၊ ပစ္စယော=ဥပနိဿယ အမှီရ၍ မုခ် ရကြောင်း ကောင်းမြတ်သော အကြောင်းအထောက်အပံ့ကောင်းသည်၊ ဟောတု=စင်စစ်မသွေဖြစ်ပါစေသတည်း။ ဣဒံပုညဘာဂဉ္စ=ဗုဒ္ဓဟောကြား တရား ဒေသနာ မြတ်သြဝါကို နာခံမှတ်သား ပြန်ဟောကြား၍ ပွားများကျင့်ကြံ အဖန်ဖန်ကြိုးကုတ် အားထုတ်ရသည့် ဤကုသိုလ်မင်္ဂလာ၏အဖို့ဘာဂကိုလည်း၊ သဒေဝတာ=ကမ္ဘာမှာနေသမျှ ဝေနေယျ များစွာသတ္တဝါမှန်သမျှ အနန္တတို့သည်၊ သုလဘန္တု=ရွှင်လန်းကြည်မြေ့ ဝါဂွမ်းပုံ ဆီထိတွေ့သကဲ့သို့ပီတိငွေ့စိတ်မှာ ထုံ လျက် ဣဋ္ဌာရုံအတွေ့ထူးလို့မို့ကြည်နူး ကိုယ်ပိုင်ရယူနိုင်ကြပါစေကုန်သတည်း။ သုလဒ္ဓါ=ကိုယ်စီကိုယ်စီ အလိုညီ၍ ကြည်သာရွှင်ပြုံး အားလုံးမျှအတူ အရယူကြကုန်ပြီး၍၊ ပမောဒန္တု=ကိုယ်စိတ်နှစ်ဖြာလိုဣစ္ဆာဖြင့် ပြည့်ကာကြွယ်မောက် ဝမ်းမြောက် နိုင်ကြပါစေကုန်သတည်း။ ပမောဒန္တု=လူ့ပြည်တွင်မက နတ်ပြည်ပါဆက်သွယ်လျက် အထက်နယ်ဗြဟ္မာချဉ်းလို့မို့ ဖြာသတင်း ကမ္ဘာတုန်အောင် သဒ္ဓါဟုန် လျှမ်းလျှမ်းတောက်ပြီးလျှင် ဝမ်းမြောက်ဝမ်းသာ ပတ္ထနာအောင်ဆု အခါခါပြုလျှက် သာဓုသံအောင်နိမိတ် တို့ဖြင့် အောင်ဘိသိတ်သွန်းလောင်းနိုင် ကြပါစေကုန်သတည်း။ ။ ----- တရားသိမ်း(၄) အတိုလေး(၂) ပုဒ် ------------ ဒေသိတံ လောကနာထေန၊ သုဏိတွာ ဒါန ဒေသနံ။ အဘိနန်ဒန စိတ်တနေ၊ "သာဓု သာဓူ"တိ ဘာသထ။ ဘောန္တော=တရားတော်နာ ညီညာဖြဖြ လာရောက်ကြတဲ့-အို--ဒါယကာ ဒါယိကာမတို့။ တုမှေ=ဓမ္မသဘင် တရားနာဝင်ကြသည့် သင် ဒါယကာ ဒါယိကာမ အပေါင်းတို့သည်။ လောကနာထေန=သတ္တလောက၏ အားထားမှီတွယ် ကိုးကွယ်ရာအစစ် ဖြစ်ကြီးဖြစ်တော်မူသော ဘုရားရှင်သည်။ ဒေသိတံ=စည်းကမ်းကျန နည်းလမ်းချ၍ ဟောပြတော်မူအပ်သော။ ဒါနဒေသနံ=ကမ္မနိယာမ သဘာဝပြ ဒါနဒေသနာတော်ကို။ သုဏိတွာ=ယုံကြည်လေးစား မှတ်မိသွားအောင် နာကြားပြီး၍။ အဘိနန္ဒနစိတ္တေန=ရွှင်လန်းအားတက် အလွန်နှစ်သက်သော စိတ်ဖြင့်။ သာဓု သာဓူတိ=ကောင်းလေစွ ကောင်းလေစွဟူ၍။ ဘာသထ=သာယာချိုမြ နှုတ်မြွက်ဟ၍ ဆိုလိုက်ကြပါကုန်လော့။ ---------- #မေတ္တာလရောင်စာပေဗဟုသုတများ #feelings #fyp #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
အရှင်ပညောဘာသ (မေတ္တာလရောင်)
Region: MM
Thursday 14 May 2026 19:04:52 GMT
Music
Download
Comments
ရူးတဲ့စိတ်တေဟာ မူးမှအိပ်ပျော်တ :
သာဓု သာဓု သာဓုပါဘုရား
2026-05-15 14:18:30
2
Kaung Lay :
သာဓုသာဓုသာဓု
2026-05-17 11:32:22
0
Soemoeaung :
မဂ်ပါ
2026-06-14 09:07:26
0
U. Nyeinn :
များများလေးတင်ပေးပါဗျာကျေးဇူးတင်ပါတယ်
2026-05-18 05:13:01
0
ပိုင်ရှင်မဲ့သောနှလုံးသား :
ကျေးဇူအထူးတင်ပါတယ်ဘုရား
2026-06-09 09:15:05
0
AShin YaTha :
ကျေးဇူးအထူးတင်ပါသည် ဦးဇင်းလေး ဘုရား
2026-05-23 13:07:30
0
ကစ်ကစ်လုံး :
အခုလိုတင်းပေးလို့ကျေးဇူးတင်ပါတယ်ဘုရား
2026-06-05 10:22:14
0
tunaung1231 :
ကျေးဇူးပါဘုရား
2026-05-31 14:50:50
0
Ko Ko :
သာဓုပါပရှင်ဘုရား
2026-05-30 10:32:59
0
Kyaw Ky5037362917047 :
ကောင်း
2026-05-17 16:34:50
0
user4357745139798 :
သာဓု သာဓု သာဓုပါဘုရား🥰🥰🥰🥰
2026-05-17 11:36:33
1
phyo thi ha :
သာဓုပါဘုရား
2026-05-17 06:09:39
0
U KyaukKhe :
2026-05-16 09:31:24
0
Shine Aung :
ဦးတင်ပါ၏ဘုရား
2026-06-01 15:28:26
0
Ashin wei lar tha :
🙏🙏🙏🙏🙏သာဓု သာဓု သာဓုပါ အရှင်မြတ်ဘုရား
2026-05-17 05:25:23
0
guru :
သာဓုပါ
2026-05-16 10:05:07
0
@ U toe :
😳မှတ်သားထိုက်ပါတယ်🥰
2026-05-15 04:30:52
0
ကောင်းကင် :
ဆက်လက်ဆောင်ရွက်နှိုင်ပါစေဘုရား
2026-05-16 07:52:50
0
Pyin Nyar :
ကျေးဇူးပါ ဘုရား
2026-05-16 03:56:35
0
lar lar :
လေးစားတယ်ဗျာ
2026-05-15 13:13:59
0
user183925741636 :
တရာမှတ်စုများ
2026-05-15 14:34:25
0
lin lat thu :
သာဓုသာဓုသာဓုပါဘုရား
2026-05-15 12:22:15
0
Yin Min Tun :
ပိတိဖြစ်ရပါဘုရား
2026-05-15 15:13:05
0
Mya Soe :
ဆုပေးမေတ္တာပို့လေးတင်ပေးပါ ဘုရား
2026-05-19 08:33:21
0
Love Service :
တပြည့်တော်ကူးပီးပါပီဘုရား
2026-05-15 00:46:16
2
To see more videos from user @ashinpanyo, please go to the Tikwm
homepage.