@kyaiklat38: ============================= သံသရာမှာ ဘယ်တော့မှ ပြန်ဆုံမှာမဟုတ်တော့တဲ့ သူနှစ်ယောက်ရဲ့ ============================= နောက်ဆုံးနှုတ်ဆက်စကား ================== ဟောဒီဘဒ္ဒကမ္ဘာမှာ ... အချစ်တတ်ဆုံးအမျိုးသမီး ၊ ရိုမန်တစ်အဆန်ဆုံးအမျိုးသမီးက ... ဘုရားအလောင်းတော် သိဒ္ဓထ္ထမင်းသားရဲ့ ကြင်ယာတော် ... ယသော်ဓယာဒေဝီပဲ ။ ဒီပင်္ကရာဘုရားရှင်လက်ထက်မတိုင်မီ ရှေ့ဘုရားရှင်တစ်ဆူလက်ထက်မှာကထဲက ... ပါရမီဖြည့်ဖက်အဖြစ် ဆုတောင်းခဲ့တယ် ။ ဒီပင်္ကရာဘုရားရှင်လက်ထက်မှာ ဗျာဒိတ်ပေးတော့လည်း ... သုမေဓာရသေ့လေးကို ချစ်ခင်မြတ်နိုးလွန်းလို့ ... ပါရမီဖြည့်ဖက်ဖြစ်ဖို့ ဆုတောင်းခဲ့တယ် ။ တကယ့် Platonic Love ပဲ ။ နောက်ဆုံးဘဝမှာ ... ကြင်ယာတော်သိဒ္ဓထ္ထမင်းသားတောထွက်တော်မူတဲ့အခါ ... အထောက်တော်တွေကို လွှတ်ပြီး ... သိဒ္ဓထ္ထမင်းသားက တစ်နပ်ပဲစားတော့တယ်ဆိုရင် တစ်နပ်ပဲစားတယ် သိဒ္ဓထ္ထမင်းသားက သစ်သီးကိုပဲ သုံးဆောင်တော့တယ်ဆိုရင် သစ်သီးကိုပဲ စားတော့တယ်။ မြေမှာအိပ်တယ်လို့ သိရရင် ... သူလည်းသလွန်ပေါ်ကဆင်းပြီး မြေမှာအိပ်တယ် ။ ပါရမီဖြည့်ဖက်ပီသစွာ ... နေထိုင်ခဲ့တယ် ။ ပထမဆုံးအကြိမ် ... ဘုရားရှင်က ကပ္ပိလဝထ္ထုကို ကြွတော်မူလာတော့ ... ဘုရားရှင်ရဲ့ ခြေတော်စုံကို ဆံပင်နဲ့ပွတ်ပြီး သည်းထန်စွာငိုကြွေးတယ် ။ ခွဲခွာခဲ့ရတာ ၈ နှစ်လောက်ကြာခဲ့ပြီကိုး ။ သားတော်ရာဟုလာကို ဒါမင့်အဖေပဲ အမွေသွားတောင်းချေလို့ ထည့်ပေးလိုက်တယ် ။ တကယ်က အဖေနဲ့သားကို အတူဆုံစေချင်တဲ့စေတနာလို့ထင်တယ် ။ ဒီလိုနဲ့ သူကိုယ်တိုင်လည်း မြတ်စွာဘုရားရဲ့ တရားတွေကိုနာကြားပြီး ရဟန္တာဖြစ်တော်မူတယ် ။ ယသော်ဓယာထေရီမဟာ ပရိနိဗ္ဗာန်ပြုမယ့်ဆိုတာသိပြီဆိုတာနဲ့ တရားအားထုတ်ဖော် ထေရီမတစ်ထောင်ကို ခေါ်ပြီးဘုရားဆီကိုလာတယ် ။ " ဒီနေ့ တပည့်တော် ပရိနိဗ္ဗာန် ပြုပါတော့မယ်ဘုရား " လို့ လျောက်တယ် ။ ပြီးတော့ တစ်ဆယ့်ခြောက်သင်္ချေနဲ့ ကမ္ဘာတစ်သိန်းပတ်လုံး ဘဝပေါင်း များစွာ ... များစွာ ချစ်သူအဖြစ် လင်ယောကျာ်းအဖြစ် ချစ်မြတ်နိုးခဲ့ရတဲ့ ပါရမီဖြည့်ခဲ့ရတဲ့သူကို ... နောက်ဆုံးကြည့်ခြင်းနဲ့ ... ခုနှစ်ကြိမ်ပတ်ပြီး မမှိတ်မသုန်ကြည့်တယ် ။ ပြီးတော့ ... နောက်ဆုံးစကား... သံသရာမှာ ဘယ်တော့မှ ပြန်ဆုံမှာမဟုတ်တော့တဲ့ သူနှစ်ယောက်ရဲ့ နောက်ဆုံးနှုတ်ဆက်စကား ( ဥဒါန်း) ကိုဆိုတယ် ... " အရှင်ဘုရား ... တပည့်တော်မ ဟာ ... အရှင်ဘုရားကို ဘဝအဆက်ဆက် ပါရမီဖြည့်ဖက်အဖြစ် အမြဲအတူရှိနေခဲ့ပါတယ်ဘုရား ကြီးကျယ်မြင့်မြတ်တဲ့ဘဝတွေကို အတူခံစားစံစားခဲ့သလို ... ဆင်းရဲဒုက္ခတွေကို အတူခံစားခဲ့ပါတယ်ဘုရား ချမ်းသာခြင်းကို အတူခံစားခဲ့သလို ... ဆင်းရဲဒုက္ခကြုံရတဲ့အခါမှာလည်း မငြိုငြင်ခဲ့ပါဘုရား ... " လျောက်တယ် ။ ပြီးတော့ ကောင်းကင်ကိုစျာန်နဲ့ပျံကြွပြီး ... ဆင်ရုပ် ၊မြင်းရုပ် ၊သိကြားမင်းရုပ်၊နဂါးရုပ်၊ ဂဠုန်ရုပ်စတဲ့ ... နာနာရုပ်တွေကို တန်ခိုးနဲ့ဖန်ဆင်းပြီးပူဇော်တယ် ။ ကောင်းကင်မှာပဲ ပရိနိဗ္ဗာန်ပြုပြီး တေဇောဓာတ်လောင်တယ် ။ ယသော်ဓယာဒေဝီဟာ ကြီးကျယ်ခမ်းနားတဲ့ ချစ်ခြင်းများနဲ့ သံသရာတစ်လျောက်လုံး ချစ်ခဲ့တဲ့သူ ... ကိုယ်ချစ်တဲ့သူကို နောင်ဘဝထိ သံသရာထိ ကောင်းစေလိုတဲ့ စေတနာနဲ့ မငြီးမငြူပါရမီဖြည့်ခဲ့တဲ့ ... အချစ်တတ်ဆုံး ပုဂ္ဂိုလ်ကြီးပါ ။ ကလျာဏမိတ္တတစ်ယောက်ရဲ့ ဖြည့်ဆည်းမှုတွေနဲ့ ကိုယ့်ချစ်သူကို သံသရာတစ်လျောက်လုံး အရှုံးအမြတ်မတွက်ပဲ ချစ်သွားခဲ့တဲ့ ... အချစ်တတ်ဆုံး မိန်းမပါ ။ CRD........ဆရာကြီးငွေဥဒေါင်း၏ ဗုဒ္ဓစာပန်းချီ
14/🛳️Kyaiklat Thu🛳️🌾🌴🌱🌿
Region: MM
Friday 15 May 2026 12:53:21 GMT
Music
Download
Comments
YE Min .Htun မကွေးသား ဘကြီးတူ :
ဒါဆို ဘယ်တော့သံသရာမရှိတော့ဘူးလား
2026-05-25 13:56:02
13
တကယ်လို့များ မဆုံဖြစ်ခဲ့ကြရင် :
copy လိုချင်ပါတယ်
2026-06-16 15:42:11
1
နန္ဒ :
ပိုလေးတွေကိုတင်ပေးတဲ့သူခွန်နှစ်ရက်သားသမိးကျမ်မာချမ်းသာ၍နောင်ပွင့်မည်ဘုရားရှင်အာအနှောက်အရှက်ကင်း၍ဖူးတွေ့နိုင်ပါစေ🥰🥰🥰🥰🥰
2026-05-27 05:25:05
11
SkyLord :
စာလေးပို့ပေးပါလား
2026-06-04 00:25:33
1
🦚🦚💕🍀🍀Poe💓 Lay 🍀🍀💕🦚🦚 :
copyယူချင်တယ်
2026-06-08 06:11:47
1
violiniron1 :
အဲ့တာဆိုလဲ နိဗ္ဗာန်မှာပြန်တွေ့ရတာပဲမဟုတ်ဘူးလား
2026-05-28 11:03:30
3
ko ko Maung :
copy.လေးယူပါရစေ
2026-05-29 04:28:08
1
MK MinZaw 🦂♏ :
copy လေး လိုချင်လို့ပါ
2026-05-28 09:18:58
1
Ye Naing Win :
copyလေးလိုချင်ပါတယ်ဗျ
2026-05-29 09:52:26
1
ကိုတရုတ် :
🇲🇲🇹🇭: copy လေးယူချင်ပါတယ်🥰🥰
2026-05-26 14:34:16
2
Ma MYat Lay :
copy လေးယူချင်ပါတယ်
2026-05-30 03:32:22
1
!!!~•thet :
ညီတော်အာနန္ဒာမှတ်တမ်းကို၂၀၀၅ခမှာဖတ်ခဲ့ပါတယ်ရေးထားတာအရမ်းကောင်းလွန်းလို့ကိုယ်တိုင်မြင်နေရတဲ့အတိုင်းခံစားမှုရသမြောက်အောင်ရေးနိုင်ခဲ့တယ် အဲဒီမှာယသောဓယာရဲ့အကြောင်းတွေအသေးစိတ်ရေးထားပါရှာဖတ်ပါ စာအုပ်တိုက်တွေမှာရှိပါတယ်
2026-05-22 05:04:57
10
Aung Thu :
စာဖက်ရင်းငိုမိတာငါတစ်ယောက်ထဲလား
2026-05-29 12:22:48
4
Rose Flower127Hnin wai wai Tun :
copyလေးယူချင်တယ်ရှင်🙏🙏🙏🙏
2026-05-29 08:39:18
1
ပင်လယ်ပြာ :
Copy လေးယူချင်ပါတယ်ခင်ဗျ 🙏🙏🙏
2026-05-29 08:07:21
1
Win Win Khaing :
2026-05-28 07:42:02
3
Mo Biloe :
ဘဝများစွာကတည်းကဖြစ်တည်လာတာ ယသော်ဓယာ ကြင်ယာအမျိုးသမီးပါ..
2026-05-17 06:59:29
6
koko :
လမ်းမှန်ပြီး ဘဝတစ်ခုကို ကျော်လွှာနိုင်ပါစေဗျာ
2026-05-27 14:40:08
2
ဦးပုညကုသလ :
ယသောာ်ဓါရာအလွမ်း
2026-05-31 13:02:31
1
U Aung Win :
🥰🥰🥰🥰🥰🥰🥰🥰 သာဓုသာဓုသာဓုပါ🥰🥰🥰🥰🥰🥰
2026-05-27 13:12:08
1
NNTS :
Copyပါရစေ၊ပို့ပေးပါရှင့်၊🙏
2026-05-28 06:49:51
1
Ko Aung Lwin Oo :
စာအရေးအသားပြောင်မြောက်လှပါတယ် လူငယ်တွေအတွက်လဲ ဗဟုသုတ ပေးစွမ်းလို့ ကျေးဇူးပါ
2026-05-27 14:30:39
3
Chan🥰 lay😘 :
ကြေကွဲရတယ်ဗျာ
2026-05-28 01:11:07
0
user1525202805658 :
2026-05-26 14:44:47
1
ธิดา :
တီးလုံးအသံနဲ့သီစာကိုဖက်လိုက်ရသာ၀မ်းနဲရတလို၀န်လဲသာပါသည်အရမ်ကိုကောင်းလိုက်သည်ကွယ်မသိရတဲ့အကြောင်းတွေသိလိုက်ရသာနောက်လည်အစက်ရှိရင်တင်ပေးပါအုံးနော်🙏🙏🙏
2026-05-26 14:21:20
2
To see more videos from user @kyaiklat38, please go to the Tikwm
homepage.