@tvoo: #creatorsearchinsights #راحه_نفسيه #قران_كريم #يارب

قرآن كريم | Holy Quran
قرآن كريم | Holy Quran
Open In TikTok:
Region: SA
Friday 15 May 2026 17:00:15 GMT
838
85
0
2

Music

Download

Comments

There are no more comments for this video.
To see more videos from user @tvoo, please go to the Tikwm homepage.

Other Videos

တစ်ခါတလေ လူတစ်ယောက်ရဲ့ဘဝဟာ ရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်ထက်တောင် အံ့ဩစရာကောင်းတတ်ပါတယ်။ တစ်ချိန်က လူတိုင်းလေးစားအားကျခဲ့တဲ့သူတစ်ယောက်ဟာ နောက်တစ်ချိန်မှာ လူအများကြားထဲက ပျောက်ကွယ်သွားနိုင်သလို၊ လူသိများတဲ့နေရာတစ်ခုရဲ့ အရိပ်အောက်မှာ တိတ်တဆိတ်ဘဝကုန်ဆုံးသွားနိုင်ပါတယ်။ အဲဒီလို လူတစ်ယောက်ကတော့ ပန်းဆိုးတန်းတံတားအောက်မှာ ဂျစ်ပစီတစ်ယောက်လို နေထိုင်ခဲ့တဲ့
တစ်ခါတလေ လူတစ်ယောက်ရဲ့ဘဝဟာ ရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်ထက်တောင် အံ့ဩစရာကောင်းတတ်ပါတယ်။ တစ်ချိန်က လူတိုင်းလေးစားအားကျခဲ့တဲ့သူတစ်ယောက်ဟာ နောက်တစ်ချိန်မှာ လူအများကြားထဲက ပျောက်ကွယ်သွားနိုင်သလို၊ လူသိများတဲ့နေရာတစ်ခုရဲ့ အရိပ်အောက်မှာ တိတ်တဆိတ်ဘဝကုန်ဆုံးသွားနိုင်ပါတယ်။ အဲဒီလို လူတစ်ယောက်ကတော့ ပန်းဆိုးတန်းတံတားအောက်မှာ ဂျစ်ပစီတစ်ယောက်လို နေထိုင်ခဲ့တဲ့ "ကိုကိုဦး" ပါ။ ဆံပင်ရှည်၊ မုတ်ဆိတ်စုတ်ဖွား၊ အဝတ်အစားဟောင်းနွမ်းနွမ်းနဲ့ စီးကရက်တစ်လိပ်ကို အမြဲခဲထားတတ်တဲ့သူ။ မသိတဲ့သူတွေအတွက်တော့ ပိုက်ဆံလိုက်တောင်းနေတဲ့လမ်းဘေးလူတစ်ယောက်လို ထင်ရပေမယ့် အမှန်တော့ သူဟာ ဘယ်သူ့ဆီကမှ လိုက်မတောင်းခဲ့ပါဘူး။ သူ့ငယ်ပေါင်းမိတ်ဆွေတွေကိုပဲ "ဆေးလိပ်ဖိုး၊ လက်ဖက်ရည်ဖိုး" လောက်သာ ပြုံးပြုံးရွှင်ရွှင်တောင်းတတ်ပြီး၊ ပေးတဲ့ငွေကိုလည်း လိုသလောက်ပဲ ယူတတ်တဲ့ ကိုယ့်စည်းကမ်းနဲ့ကိုယ် နေထိုင်သူတစ်ယောက်ပါ။ ဒါပေမယ့် လူအများမသိခဲ့တာက သူဟာ တစ်ချိန်က "စကော့ဈေးမင်းသား" လို့ ခေါ်ခံရတဲ့အထိ အောင်မြင်ခဲ့တဲ့ စီးပွားရေးသမားတစ်ယောက်ဖြစ်ခဲ့တာပါ။ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ စကော့ဈေးလောကရဲ့ နာမည်ကြီးကုန်သည်တွေထဲမှာ ကိုကိုဦးရဲ့ နာမည်ဟာ အထူးထင်ရှားခဲ့တယ်။ ထိုင်းနိုင်ငံကို ကုန်သွားကူးရတဲ့ ခက်ခဲတဲ့ခေတ်၊ ရန်ကုန်–ကော့သောင်း–ထိုင်းလမ်းကြောင်းကို ဖြတ်ပြီး ကုန်သွယ်ခဲ့ကြတဲ့ စီးပွားရေးသမားတွေထဲမှာ သူက ဦးဆောင်သူတစ်ယောက်ဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာ စကော့ဈေး C ရုံထဲမှာ ဆိုင်ခန်းနှစ်ခန်းတွဲဖွင့်ပြီး jeans၊ T-shirt၊ jacket၊ belt၊ boots နဲ့ လူငယ်ဖက်ရှင်တွေကို ရောင်းချခဲ့တယ်။ အဲဒီခေတ်က ဖက်ရှင်ကို စိတ်ဝင်စားတဲ့လူငယ်တွေ၊ အဆိုတော်တွေ၊ သရုပ်ဆောင်တွေဟာ သူ့ဆိုင်ကို အားကိုးခဲ့ကြတယ်။ ကိုကိုဦးရဲ့ပုံစံကလည်း အဲဒီခေတ်ရဲ့ fashion icon တစ်ယောက်လို့ ပြောရလောက်အောင် ထင်ရှားခဲ့တယ်။ Slim-fit အနက်ရောင် T-shirt၊ Levi's 501 jeans၊ leather belt၊ Ray-Ban မျက်မှန်၊ leather boots၊ လက်စွပ်၊ chain တွေနဲ့ လမ်းလျှောက်လာရင် လူတွေက လှည့်ကြည့်ရတဲ့အထိ စမတ်ကျခဲ့သူ။ ပြိုင်ဘီးစီးသွားရင် မိန်းကလေးတွေ ငေးကြည့်ကြပြီး၊ စကော့ဈေးထဲမှာ ရှူးဖိနပ်လျှောက်သံကြားတာနဲ့ "ကိုဦးလာပြီ" လို့ သိကြတဲ့အထိ အဲ့ခေတ်မှာဘုန်းမီးနေလတောက်ခဲ့ပါတယ်။ ဒါပေမယ့် ဘဝဆိုတာ မခန့်မှန်းနိုင်တဲ့အရာပါ။ လူမှုရေးအခက်အခဲတစ်ခုကြောင့်နောက်ပိုင်းမှာ ကိုကိုဦးဟာ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေ ကြုံတွေ့လာခဲ့ပြီး လူတွေနဲ့ ဝေးဝေးနေဖို့ ရွေးချယ်ခဲ့တယ်လို့ သူ့ကို သိတဲ့သူတွေက ပြောကြပါတယ်။ မိသားစုနဲ့ မိတ်ဆွေတွေက အကြိမ်ကြိမ်ကူညီဖို့ ကြိုးစားခဲ့ပေမယ့် သူကိုယ်တိုင်က လက်မခံခဲ့ဘူး။ လိုအပ်လာရင်လည်း သူရင်းနှီးတဲ့သူတွေဆီက လိုသလောက်ပဲ ယူပြီး ဘယ်သူ့ကိုမှ ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်တဲ့ စိတ်နဲ့ နေထိုင်ခဲ့သူဖြစ်တယ်။ ပန်းဆိုးတန်းတံတားအောက်မှာ သူ့ကို မကြာခဏတွေ့ရတယ်။ ဆံပင်ရှည်ကြီးကို ကျစ်ထားပြီး ဂျစ်ပစီတစ်ယောက်လို ပုံစံနဲ့ တိတ်တဆိတ်ထိုင်နေတတ်တယ်။ အဲဒီပုံစံကပဲ ရန်ကုန်က ဓာတ်ပုံဆရာတော်တော်များများကို ဆွဲဆောင်နိုင်ခဲ့ပြီး သူ့ဓာတ်ပုံတွေဟာ လူမှုကွန်ရက်ပေါ်မှာ မကြာခဏ ပျံ့နှံ့လာခဲ့တယ်။ သူ့ကို အနီးကပ်သိတဲ့သူတွေကတော့ ကိုကိုဦးဟာ လမ်းဘေးမှာ နေထိုင်ပေမယ့် စည်းကမ်းရှိသူတစ်ယောက်လို့ ပြောကြတယ်။ ပိုက်ဆံလိုက်မတောင်းဘူး။ ပေးတိုင်းလည်း မယူဘူး။ အများသုံးသန့်စင်ခန်းကိုသာ အသုံးပြုပြီး သူ့ဘဝကို သူ့စည်းနဲ့သူ ဖြတ်သန်းခဲ့တယ်။ ဆေးလိပ်နဲ့ ကော်ဖီကို ကြိုက်တယ်။ English သီချင်းတွေဆိုတတ်တယ်။ အနုပညာကို ဝါသနာကြီးပါတယ်။ သူ့နဲ့သိကျွမ်းဖူးတဲ့မိတ်ဆွေတစ်ယောက်နဲ့ ပြန်တွေ့တော့ ထိုသူက ကော်ဖီဆိုင်ထဲ ဖိတ်ခေါ်ပြီး "အရင်လို ဂေါ်အောင် ပြန်လုပ်ပေးမယ်" လို့ ပြောခဲ့ဖူးတယ်။ ကိုကိုဦးက "နောက်နှစ်ရက်နေရင် ပြန်လာမယ်" လို့ ပြုံးပြုံးရွှင်ရွှင် ပြန်ဖြေခဲ့ပေမယ့် အဲဒီနောက်ပိုင်းမှာတော့ ဘယ်တော့မှ ပြန်ပေါ်မလာခဲ့ပါဘူး။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာတော့ ပန်းဆိုးတန်းတံတားအောက်က "စကော့ဈေးမင်းသား" ကိုကိုဦးဟာ အသက် ၆၁ နှစ်အရွယ်မှာ လူ့လောကကို နှုတ်ဆက်ထွက်ခွာသွားခဲ့ပါတယ်။ သူ့ဘဝဟာ အောင်မြင်မှု၊ ကျော်ကြားမှု၊ စည်းစိမ်ဥစ္စာတွေဟာ ထာဝရမဟုတ်ကြောင်းကို သက်သေပြခဲ့သလို၊ လူတစ်ယောက်ရဲ့ဂုဏ်သိက္ခာဆိုတာ သူ့မှာရှိတဲ့ငွေကြေးထက် သူရွေးချယ်တဲ့ဘဝနဲ့ ကိုယ့်စည်းကိုယ်ကမ်းကို ဘယ်လောက်ထိန်းသိမ်းနိုင်သလဲဆိုတာပေါ်မှာလည်း မူတည်နေကြောင်း သက်သေပြခဲ့ပါတယ်။ ပန်းဆိုးတန်းတံတားအောက်က ဂျစ်ပစီတစ်ယောက်အဖြစ် လူအများသိထားကြတဲ့ ကိုကိုဦးဟာ အမှန်တော့ တစ်ခေတ်တစ်ခါက စကော့ဈေးရဲ့ အလင်းရောင်တစ်စင်းဖြစ်ခဲ့သူပါ။ သူ့ရဲ့အကြောင်းကို သိလာတဲ့အခါမှာတော့ လမ်းဘေးမှာ ထိုင်နေတဲ့ လူတစ်ယောက်ကိုမြင်တဲ့ အမြင်ကိုတောင် ပြောင်းလဲသွားစေနိုင်တဲ့ True story ဇာတ်လမ်းတစ်ပုဒ် ဖြစ်နေပါတယ်။ ကောင်းရာသုဂတိလားပါစေ... ကိုကိုဦး။ အထက်ဖော်ပြပါ စာများသည် MIN MIN LATT AND THIDA THIN MYAT THU ဟူသော Author၂ယောက်ရဲ့ Articles များဆီမှမှီငြမ်းရေးသားထားခြင်းဖြစ်ပါသည်။ ။ #FTGF #fyp #vintage #thrift #ဘေထုပ်

About