@walar.min.myat00: မြန်မာဆေးနည်း (၁၈) နည်း 🇲🇲🦁🇲🇲🦁🇲🇲🦁🇲🇲🦁🇲🇲 ၁။ သွေးတိုးလို့ သွေးကျလိုလျှင် သံပုရာသီးတစ်လုံးကို ( ၁၅ ) မိနစ်ခန့်ကြာအောင်ရေစိမ်ပြီး အရည်ညှစ် ၍ ကြက်ဥတစ်လုံး ဖောက်ထည့်ကာ ရောမွှေသောက်လိုက်ပါ။ သွေးကျဆေး အထူး သောက်စရာမလိုဘဲ သက်သာပျောက်ကင်းစေပါသည်။ ၂။ အပူကျိတ်ဖြစ်ရင် ပါးချိတ်အောက်နှင့် ပေါင်ကြားတို့ တွင် ပေါက်တက်သော အပူကျိတ်များကို ပျောက်လိုလျှင် နနွင်းခါးဥကို သွေးလိမ်းပါ။ သုံးကြိမ်မျှ လူးရုံ လိမ်းရုံနှင့် ပျောက်ကင်းစေပါသည်။ ၃။ အိပ်မပျော်ခြင်းဖြစ်လျှင် ဒန့်ကျွဲမြစ်ကိုပြုတ်၍ သကြားအနည်းငယ်ထည့်ပြီးသောက်ပါ။ တစ်ခါသောက်လျှင် အကြမ်းပန်းကန်နှင့် တစ်လုံးသောက် ည ၊ နံနက် သောက်ပါ။ အိပ်မပျော်ခြင်းဝေဒနာ သက်သာပျောက်ကင်းစေမည်။ ၄။ ပန်းသေပန်းညှိုးရောဂါဖြစ်လျှင် ကစော့ပုပ်မြစ်ကို အခြောက်လှန်း အမှုန့်ပြုပြီး ပျားရည်နှင့်သောက်ပါ။ ရက်မရှည်ဘဲ ပျောက်ကင်းစေပါသည်။ ၅။ အမျိုးသမီးများ မီးယပ်ဖြူဆင်းရောဂါဖြစ်လျှင် အဝေရာရွက်ကို မကြာခဏ သုပ်စားပါ။ ထို့အပြင် သိန္ဓော ဆားတစ်ဆ ၊ လက်ပံပွင့်ခြောက် မှုန့်နှစ်ဆတို့ကို ထောပတ်နှင့် ရော၍ ကွမ်းသီးလုံး ခန့်နံနက် ၊ ည ခွဲပြီးစားပါ ပျောက်ကင်းစေပါသည်။ ၆။ သွားကိုက် သွားဖုံးရောင် သွားပြည်ယိုဖြစ်လျှင် မာလကာခေါက်ကို ပြုတ်၍ ငုံပေးပါ။ သက်သာပျောက်ကင်းစေပါသည်။ ( မှတ်ချက် ) မာလကာစေ့ခြောက်မှုန့်ကို သွားခြေထဲ ထည့်ပေးလျှင်လည်း သက်သာ ပျောက်ကင်းစေပါသည်။ ၇။ သွေးဝမ်းလွန်ခြင်းဖြစ်လျှင် ထမင်းခြောက်ကိုလှော်၍ ထန်းလျက်နှင့် အညက်ကြိတ်၍စားပါ ၊ သက်သာ ပျောက်ကင်းစေပါသည်။ ၈။ လေထိုးလေအောင့်ဖြစ်လျှင် ပုန်းညှက်ပန်းပွင့် ခြောက်များကို ရေနွေးတွင်ထည့်၍ လက်ဖက်ရည် ကြမ်း လုပ်သောက်ပါ ၊ သက်သာပျောက်ကင်းစေသည် ၉။ အော့အန်ခြင်း ဝေဒနာဖြစ်လျှင် ရှောက်မြစ်ကို သွေး၍ ပျားရည်နှင့် စားပါက သက်သာ ပျောက်ကင်းစေပါသည်။ ၁၀။ ဆီးအိမ်တွင်းမှာ ကျောက်တည်ခြင်းဖြစ်လျှင် သမင်ချိုကိုသွေး၍ သံပုရာရည်နှင့် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းသောက်ပါ။ သုံးခါပင် မသောက်ရဘဲ သက်သာပျောက်ကင်းစေပါသည်။ ၁၁။ ဆီးကျဉ် ဆီးနီ ဆီးနှောက်ဖြစ်လျှင် ( ဘုရားကပ် လှူသည့် ) ကျောက်စိမ်းပန်းကျားပင် အမြစ်ရော အရိုးပါ ထုခြေလို့ရသောအရည် ( ၅ ) ကျပ်သားကို ရေနှင့်ပြုတ်ကျိုပြီး နံနက် ၊ ည နှစ်ခွက်သောက်ပါ နေ့ချင်းပင်သက်သာပျောက်ကင်းစေပါသည်။ ၁၂။ စားမဝင် အိပ်မပျော်ဖြစ်လျှင် ပျားရည်စစ်စစ်ကို လက်ဖက်ရည်ဇွန်းလေးနဲ့တစ်ဇွန်းကို ညအိပ်ရာဝင်တိုင်း သောက်ပေးပါ။ ခံတွင်းကောင်း၍ စားဝင်အိပ်ပျော်စေနိုင်ပါသည်။ ၁၃။ မီးယပ်သွေးဆင်းချိန်တွင် မူးဝေတက်ပါသည်။ ထို့သို့ဖြစ်လျှင် ရှောက်သီးနှင့်် ထန်းလျက်ကို ရောစားလိုက်ပါ။ သက်သာပျောက်ကင်းစေပါသည်။ ၁၄။ ပန်းနာ ရင်ကျပ် ချောင်းဆိုးခြင်းဖြစ်လျှင် သစ်ဆိမ့်သီးအခွံကိုသွေး ပျားရည်နှင့် စားပေးပါ သက်သာပျောက်ကင်းစေပါသည်။ ၁၅။ ကင်းကိုက်ခြင်းခံရလျှင် ကစော့မြစ်ကို ဆန်ဆေးရည်နှင့် သွေးပြီး အဆိပ်သင့်တဲ့နေရာကို လိမ်းပေးပါ။ ဝေဒနာချက်ချင်း သက်သာစေပါသည်။ ၁၆။ ဆံပင်ကျွတ်လျှင် ပိထောက်ရွက်ကို ထုထောင်း၍ ခေါင်းလျှော်ရည်နှင့် တွဲဖက် လျှော်ပေးပါ။ ဆံပင်များလုံးဝမကျွတ်စေပါ။ ၁၇။ အမျိုးသမီးများတွင် အဖုအကျိတ်များပေါက်လျှင် လဝန်းဂမုန်းပင် ပဉ္စငါးပါးကို ထုထောင်း၍ အကျိတ်ပေါ်သို့အုံပေးကာ ပတ်တီးစည်းထားပါ ပျောက်ကင်းစေပါသည်။ ၁၈။ ဒူးနာ ခါးနားလျှင် နံ့သာဖြူနှင့် ဂျင်းကိုဆတူရော၍ လိမ်းပါ။ ယူပစ်သလို သက်သာပျောက်ကင်းသွား ပါလိမ့်မည်။ Credit~ မောင်နန္ဒာ ( မန္တလေး )#fyp #viral #creatorsearchinsights
🤍Walar min myat🤍Official
Region: MM
Saturday 16 May 2026 09:03:13 GMT
Music
Download
Comments
ya wai naung 66666661234567890 :
ဘာလဲဟ
2026-05-17 00:28:40
0
Htar Htar :
ကျေးဇူးပါရှင့်
2026-05-17 09:31:31
0
N :
ကျေးဇူပါ
2026-05-16 14:01:59
0
Wai :
🥰🥰🥰
2026-05-16 12:21:14
1
THACHO :
😂😂😂
2026-05-16 21:30:23
0
မေနီ လာ :
🥰🥰🥰
2026-05-16 15:16:08
0
daw yee yee lin :
💗💗💗💗💗
2026-05-16 17:50:33
0
teg wat :
🥰🥰🥰
2026-05-16 13:05:13
0
ဘဲဥမ :
🥰🥰🥰
2026-06-06 13:55:07
0
To see more videos from user @walar.min.myat00, please go to the Tikwm
homepage.