@htakekhaung1: #ဒိဝါတပတိဂါထာ နဝင်း (၁၂) ဆင့်၊ (၁၀၈) ရက် အဓိဋ္ဌာန်ဝင်နည်း ပါဠိ မြန်မာအနက်ပြန် 🌷 +++++++++++++++++++++++++++++++ ဤဂါထာတော်သည် ဘုရားဟောကျမ်းမှ စင်သက်လာသော ဘုရား‌ဟောဂါထာတော်ဖြစ်သည်။ 💮----ဒိဝါတပတိ ဂါထာ-----💮 +++++++++++++++ ၁။ဒိဝါ တပတိ အာဒိစ္စော ရတ်တိမာဘာတိ စန်ဒိမာ သန္နဒ္ဓေါ ခတ္တိယော တပတိ စျာယီ တပတိ ဗြာဟ္မဏော။ ၂။အထ သဗ္ဗမဟောရတ္တိံ ဗုဒ္ဓေါ တပတိ တေဇသာ တာဒိသံ တဇေသမ်ပန်နံ ဗုဒ်ဓံ ဝန်ဒာမိ အာဒရံ။ ____________________ ၁။အာဒိစ္စော နေမင်းသည်။ ဒိဝါ နေ့၌သာလျှင် ။ တပတိ တောက်ပ၏။ စန္ဒိမာ လသည်။ ရတ္တိံ ညဉ့်၌သာလျှင်။ အာဘာတိ တောက်ပ၏။ ခတ္တိယော မင်းသည်။ သန္နဒ္ဓေါ ချပ်ဝတ်တန်ဆာ ဆင်မှသာလျှင်။ တပတိ တောက်ပ၏။ ဗြာဟ္မဏော ရဟန္တာသည် ။ စျာယီ စျာန်ဝင်စားမှသာလျှင်။ တပတိ တောက်ပ၏။ ၂။အထ စင်စစ်သော်ကား။ ဗုဒ္ဓေါ ဘုရားသည် ။သဗ္ဗမဟောရတ္တိအလုံးစုံသော နေ့ညဉ့်ပတ်လုံး။ တေဇသာ တန်ခိုးတော်ဖြင့်။ တပတိ တောက်ပ၏။ တာဒိသံ တေဇသမ္ပန္နံ ထိုသို့သောတန်ခိုးတော်ဖြင့်ပြည့်စုံတော်မူသော။ ဗုဒ္ဓံ မြတ်စွာဘုရားကို။ အာဒရံ ရိုသေစွာ။ ဝန္ဒာမိ ရှိခိုးပါ၏။ 🪷မြတ်စွာဘုရား သာဝတ္ထိပြည် ပုပ္ပာရုံကျောင်း မိဂါရမာတုပြဿဒ်၌ သီတင်းသုံးတော်မူစဉ် အရှင်အာနန္ဒာ၏ လျှောက်ထားမူကို အကြောင်းပြု၍ ဘုရားရှင်က ဤဂါထာကို ဟောကြားတော်မူပါသည်။ 🪷အရှင်အာနန္ဒာသည် သီတင်းကျွတ် လပြည့်နေ့ ဆည်းဆာအချိန်တွင် အနောက်ဂေါယာကျွန်း ယွန်းမည့်ဆဲဆဲ နေအရောင်၏ တင့်တယ်မှု အရှေ့လောကဓာတ်မှ ထွက်ပြူစ လမင်း၏တင့်တယ်မှုတို့ကို တွေ့မြင်နှစ်သက် ပီတိဖြစ်တော်မူသည်။ 🪷ထိုသို့ အာရုံခံစားမူ ဖြစ်နေစဉ်၌ စစ်အင်္ဂါလေးပါး ခြံရံကာ မင်းမြှောက်တန်ဆာ ဝတ်ဆင်လာပြီး ပန်းနံ့သာစွဲကိုင်လျှက် ဘုရားရှင်ထံ ရှေးရှု့လာနေသော ပသေနဒီကောသလ မင်းကြီး၏ တင့်တယ်မှုကို မြင်ရ၍လည်း နှစ်သက်ပီတိဖြစ်ရပြန်သည်။ 🪷ထို့ပြင် အရှင်အာနန္ဒာသည် ကာဠုဒါယီ ရဟန္တာမထေရ် စျာန်ဝင်စားသဖြင့် ကိုယ်တော်မှ အရောင်အဆင်းများ တောက်ပထွန်းပေါ်နေသည်ကို ဖူးမြင်ရပြန်ရာ နှစ်သက်ပီတိ ဖြစ်တော်မူပြန်လေသည်။ 🪷ထို့နောက် ဘုရားရှင်၏ အရောင်အဆင်း ထွန်းလင်းတောက်ပခြင်းမှာ အထက်ပါ နေမင်း လမင်း ရှင်ဘုရင် ရဟန္တာတို့ထက် သာလွန်လွှမ်းမိုး ထူးကဲကြောင်း တွေ့ရသဖြင့် ဘုရားရှင်အားလျှောက်ရာ ဘုရားရှင်က ဒိဝါတပတိ အစချီသော ဤဂါထာတော်ကို ဟောကြားတော်မူလေသည်။ “☀️နေ 🌕 လ ဂါထာတော် “ ++++++++++++++++++ ဒိဝါတပတိ ဂါထာတော် နှင့် အနက်အဓိပ္ပါယ် လေး တင်ပေးလိုက်ပါသည်။ (မြန်မာအနက်) နေမင်းသည် နေ့အခါ၌သာ ထွန်းလင်းတောက်ပ၏။ လမင်းသည် ညအခါ၌သာလျှင် ထွန်းလင်းတောက်ပ၏။ ပြည့်ရှင်မင်းသည် မင်းမြောက်တန်ဆာငါးပါး ဝတ်ဆင်မှသာ တင့်တယ်ပေ၏။ ရဟန္တာအရှင်မြတ်တို့သည် ဈာန်ဝင်စားမှသာ တင့်တယ်၏။ မြတ်စွာဘုရားသော်ကား နေ့ညပတ်လုံး အခါခပ်သိမ်း တန်ခိုးတော်ဖြင့်တင့်တယ်ပေသည်တကား။ ထိုသို့ တန်ခိုးတော်ဖြင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို တပည့်တော် ရိုသေစွာ ရှိခိုးပါ၏အရှင်ဘုရား။ ဤသို့ ရှိခိုးရသော အကျိုးအားကြောင့် ကြံကြံသမျှတောင့်တအရာရာ အဖြာဖြာတို့သည် လျင်မြန်စွာ ပြည့်စုံပါစေသတည်း။ ရှေ့ကအကြိမ်များစွာ ပြီးဆုံးအောင်မြင်ခဲ့ကြသော သူများ နောက်တကြိမ် ထပ်ပြီး တူတူ အဓိဋ္ဌာန်ဝင် ကုသိုလ်ပြုကြဖို့ တိုက်တွန်းပါတယ်။ နေ့ရက် အချိန်ဇယားလေး ဆွဲပေးထားပါသည်။ ဒိဝါတပတိဂါထာကြီးဟာ မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို ထင်သာမြင်သာရှိအောင် ပူဇော်ထားတဲ့တကယ့်အနှစ်သာရရှိတဲ့ ဂါထာတော်ကြီးပါ။ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် နှုတ်ကမြွက်ဟ မိန့်ကြားခဲ့တဲ့ ဂါထာတော်ကြီးမို့ တကယ်ကို အကျိုးထူးလှပါတယ်နော်။ ဒိဝါတပတိဂါထာတော်ကြီးကို နဝင်း (၁၂) ဆင့်အတိုင်းပူဇော်ကြမယ်နော်။ ရွတ်ဖတ်ရတာ လွယ်ကူလျှင်မြန်လို့ အဓိဋ္ဌာန်ဝင်ရတာမခက်ခဲပါဘူး။ အချိန်လည်း မိနစ်ပိုင်းပဲပေးရတာမို့ လူတိုင်းပါဝင်စေချင်ပါတယ်။ (နဝင်း(၁၂)မျိုးရှိတယ်) အဆင့် ၁ - (၉) ➡️ မူလ(အခြေခံ) အဆင့် ၂ - (၁+၈) ➡️ အောင် အဆင့် ၃ - (၂+၇) ➡️ ငွေ အဆင့် ၄ - (၃+၆) ➡️ စိတ် အဆင့် ၅ - (၄+၅) ➡️ လာဘ် အဆင့် ၆ - (၅+၄) ➡️ ပညာ အဆင့် ၇ - (၆+၃) ➡️ ပီယ အဆင့် ၈ - (၇+၂) ➡️ ဒုက္ခငြိမ်း အဆင့် ၉ - (၈+၁) ➡️ အဟောင်းပြန်တွေ့ အဆင့် ၁၀ - (၉+၀) ➡️ ဓါတ်သိမ်း အဆင့် ၁၁ - (၉+၉) ➡️ မှန်-တန်ပြန် အဆင့် ၁၂ - (၁+၀၈) ➡️ အလုံးစုံအောင် 🪷ဖြေးဖြေးနှင့် မှန်မှန်သာယာနာပျော်ဖွယ်အသံဖြင့်ရွတ်ပါက ပိုထိရောက်ပါသည်။အဓိဋ္ဌာန်ဝင်နေချိန်ငါးပါးသီလ အထူးမြဲရပါမည်။ ငါးပါးသီလ အကုန်မနိုင်ပါကလဲ ကိုယ်နိုင်သလောက် တစ်ပါးသီလ မှ စရျ် စောင့်တည် ကျင့်ကြံနိုင်သည် ။ မှတ်ချက် - သီလ တစ်ပါး မှ မမြဲဘူး ဆိုရင်တော့ စိပ်ရန်မသင့်ပါ။ သို့သော် ကျင့်ကြံသူ၏ စိတ်အာရုံ ဖြင့်သာ သက်ဆိုင်၍ လုပ်သင့် မလုပ်သင့် မပြောသင့်ပေ။ မအားလပ် ပါက တစ်နေ့လျှင်အချိန်ခြားပြီး အခေါက်ရေခွဲ၍ရွတ်နိုင်ပါသည်။ (၁၀၈) ရက် ဆက်တိုက်ပြု လုပ်ရသောအဓိဋ္ဌာန်ဖြစ်ပါသည်။#htakekhaung1 #မကောင်းသူပယ်ကောင်းသူကယ် #လောကအလင်းဆောင်သူ #ဓမ္မအလင်း

htakekhaung1
htakekhaung1
Open In TikTok:
Region: MM
Sunday 17 May 2026 02:30:32 GMT
17134
1062
2
113

Music

Download

Comments

htakekhaung1
htakekhaung1 :
🪷ပျက်သွားလျှင်အစမှပြန်စရပါသည်။ အဖျက်အလွန်များပြီးအောင်မြင်ရန်ခက်ခဲသောအဓိဋ္ဌာန်ဖြစ်ပါတယ်။ သို့သော်လည်း မေတ္တာစိတ်ရှိနေသောသူများအတွက်မူ အလွန်လွယ်ကူသော အဓိဋ္ဌာန်လည်းဖြစ်နေ တတ်ပါသည်။ ထို့ကြောင့် အဓိဋ္ဌာန်တစ်ဆင့်ပြီးတိုင်း ကိုယ့်ကိုယ်ကိုဂုဏ်ယူပါ။ ရှေ့ဆက်လုပ်ပါ။ တစ်ဆင့်ပြီး တစ်ဆင့်အကျိုး ပေးခြင်းထူးခြားမှုအလွန်သိသာသော အဓိဋ္ဌာန်ဖြစ်ပါသည်။ 🪷ဘုရားရှေ့တွင် ဤ အဓိဋ္ဌာန်ကိုဆောက်တည် ပါက ပိုထိရောက် သည်ဆိုသော် လည်း၊ မိမိစိတ်သည်သာအဓိကဖြစ်ပါ၍ အဓိဋ္ဌာန်ပြုနေချိန်၌ စိတ်သက်တောင့်သက်သာဖြင့် သရဏဂုံတည်နေလျှင် နေရာဒေသမရွေး ဤအဓိဋ္ဌာန်ကိုဆောက်တည်နိုင်ပါသည်။ အဆင့် (၁) ခုကို (၉)ရက်ဆိုတော့ (၁၂) ဆင့်ဆိုရင် (၁၀၈) ရက်ကြာပါ့မယ်။ (၁၂) ဆင့်ပေါင်း အခေါက်ရေ (၆၃၁၈) ပါ။ ပေါင်းခြင်း (၉) မို့ ၉ နဝင်းပါပဲ။ အဆင့်တိုင်းမှာလည်း ရက်ရော အခေါက်အရေအတွက်ရော (၉) နဝင်းတွေကြီးပါ။ 🪷နေ့စဉ်အဓိဋ္ဌာန်ဝင်မယ့်အချိန်ကို ည (၉) နာရီ တိုင်း ဘုရားခန်းမှာ ရွတ်ဖတ်ပူဇော်ရပါ့မယ်။ ညပိုင်း (၉) နာရီ အတိအကျ မအားသူများသည် လည်း မိမိအစဉ်ပြေရာ အချိန်တွင် မိမိ အစဉ်ပြေရာ နေရာဒေသ တွင် ကျင့်ကြံ အားထုတ်နိုင်ပါသည် ။ အချိန်တိတိကျကျနဲ့ အဓိဋ္ဌာန်ဝင်ရင် ပိုထိရောက်ပါတယ်။ စီးပွားလာဘ်လာဘများတိုးတက်ပေါများစေသော ဒိဝါတပတိ ဂါထာတော်ကြီး၊ ဒီဂါထာဟာ နေ၊လ ဂါထာလို့သိကြပါတယ်။စီးပွားလာဘ်တွေဝင်တဲ့ ဂါထာတော်မြတ်ဖြစ်ပါသည်။ တစ်ရက် အဓိဋ္ဌာန်ပြီးတိုင်း ဂါထာအနက်အဓိပ္ပာယ်ကိုရွတ်ပေးပါ။ #အားလုံးရွှင်းလန်းချမ်းမြေ့ပါစေ #
2026-05-17 02:31:17
1
ko.nay.lin.paing1
Ko Nay Lin Paing :
😁
2026-06-08 13:41:05
1
To see more videos from user @htakekhaung1, please go to the Tikwm homepage.

Other Videos


About