@nyolay314: ဒီနေ့မှာတော့ အသားဖတ်လေးတွေနဲ့ ဆိမ့်အိနေမယ့် ကြက်သားအနှစ်ချက်နည်း၊ ရှမ်းခေါက်ဆွဲရဲ့ အဓိကဖြစ်တဲ့ တွဲဖက်ပစ္စည်း (၅) မျိုးနဲ့ ဟင်းခါးရည် ပြုလုပ်နည်းတွေကို အသေးစိတ် ပြောပြပေးသွားမှာပါရှင်။ မိသားစု ပိတ်ရက်တွေမှာပဲဖြစ်ဖြစ်၊ ဧည့်သည်လာလို့ပဲဖြစ်ဖြစ် ချက်ကျွေးဖို့ အကောင်းဆုံးနည်းလမ်းမို့ 6သချာကြည့်ထားလိုက်ရအောင်နော်။ ✨ လိုအပ်သော ပါဝင်ပစ္စည်းများ ၁။ ကြက်သားအနှစ်ချက်ရန် • ကြက်ရင်အုံသား - ၅၀၀ ဂရမ် (ခပ်သေးသေး အတုံးလေးတွေ တုံးထားပါရှင်) • ခရမ်းချဉ်သီးအလုံးကြီး - ၅ လုံး (ပါးပါးလေးတွေ ဖြစ်အောင် လှီ:ထားပါ) • ကြက်သွန်နီ - ၃ လုံး (ညက်နေအောင် ကြိတ်ထားပေးပါရှင်) • ပဲငပိအနှစ် - ထမင်းစားဇွန်း ၄ ဇွန်း • ဆီ - ဆန်ချင်ဗူး ၂ ဗူး • တရုတ်မဆလာ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း • ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း ၁ ဇွန်း • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် • ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း • အရသာမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ ၂။ ခေါက်ဆွဲဖတ်နှင့် အရန်ပစ္စည်းများ • ဆန်စီးခေါက်ဆွဲခြောက် - ၃၀ ကျပ်သား ဝန်းကျင် (၃၇၀ ဂရမ်ခန့်) • မြေပဲလှော် - ထမင်းစားဇွန်း ၅ ဇွန်း (မညက်တညက် ဖြစ်အောင် ထောင်းထားပါ) • နှမ်းဖြူ - ထမင်းစားဇွန်း ၄ ဇွန်း • နှမ်းဆီချက်အတွက် ဆီ - ဆန်ချင်ဗူး ၁ ဗူး • ကြက်သွန်ဖြူ - ၁၀ မွှာ (ညက်အောင် ထောင်းထားပေးပါ) • ကြက်သွန်ဖြူဆီချက်အတွက် ဆီ - ဆန်ချင်ဗူး ၁ ဗူး • ရှာလကာရည် - ထမင်းစားဇွန်း ၁ ဇွန်း • ကြက်သွန်ဖြူ - ၅ မွှာ (ဓားပြားရိုက်ထားရန်) • ငရုတ်သီး လုံးခြမ်းကွဲ - ထမင်းစားဇွန်း ၄ ဇွန်း • ငရုတ်သီးဆီချက်အတွက် ဆီ - ထမင်းစားဇွန်း ၃ ဇွန်း • နံနံပင်နှင့် ကြက်သွန်မြိတ် - အနည်းငယ်စီ ၃။ ဟင်းခါးရည်အတွက် • ကြက်ရိုး - ၁၅ ကျပ်သား (၁၅၀ ဂရမ်) • ဂျင်း - ၁ လက်မခန့် (ဓားပြားရိုက်ထားပါရှင်) • ရှောက်ကောအသေး - ၁ လုံး • ကြက်သွန်ဖြူ - ၂ မွှာ (ထောင်းထားပါ) • ဆား၊ အရသာမှုန့်နှင့် ငရုတ်ကောင်းမှုန့် - အဆင့် (၁) ကြက်သားအနှစ်ချက်ခြင်း ၁။ ကြက်သားကို ဆား၊ နနွင်း၊ အရသာမှုန့်နဲ့ တရုတ်မဆလာတို့သုံးပြီး အနံ့အရသာ နှံ့စပ်အောင် အရင်နယ်ထားပါ ၂။ အိုးထဲကို ဆီထည့်ပြီး ပူလာရင်တော့ ကြိတ်ထားတဲ့ ကြက်သွန်နီနဲ့ အရောင်တင်မှုန့်ကို အနံ့လေး မွှေးလာတဲ့အထိ ဆီသဝာ်ပေးရပါမယ် ၃။ ဆီသဝာ်နံ့လေး မွှေးလာပြီဆိုရင်တော့ ပါးပါးလှီ:ထားတဲ့ ခရမ်းချဉ်သီးတွေ ကျေသွားတဲ့အထိ ထည့်မွှေပေးပါ ၄။ ခရမ်းချဉ်သီးတွေ နူးကျေသွားတဲ့အခါ နယ်ထားတဲ့ ကြက်သားတွေထည့်ပြီး အသားလေးတွေ တင်းလာတဲ့အထိ လုံးပေးရပါမယ်။ ၅။ အသားအရောင် ပြောင်းလာပြီဆိုရင် ပဲငပိထည့်မွှေပြီး ရေမြုပ်ရုံလေးထည့်ကာ ကြက်သားနူးတဲ့အထိ တည်ပေးပါရှင်။ ပဲငပိမှာ အငန်ဓာတ်ပါဝင်တာကြောင့် ဆားကို လျှော့ထည့်ဖို့ သတိပြုပေးပါဦးနော်။ ရေမခမ်းခင်မှာ အရသာမြည်းကြည့်ပြီး မီးပိတ်လိုက်ရင်တော့ ကြက်သားဟင်းအနှစ်လေး ရပါပြီရှင်။ အဆင့် (၂) ခေါက်ဆွဲဖတ် ပြင်ဆင်ခြင်း ၁။ ဆန်စီးခေါက်ဆွဲခြောက်ကို ရေထဲမှာ (၁) နာရီလောက် ကြိုတင်ပြီး စိမ်ထားပေးပါရှင်။ ၂။ ရေစိမ်ပြီးသား ခေါက်ဆွဲတွေကို ရေနွေးဆူဆူမှာ အနေတော် ပျော့သွားတဲ့အထိ ပြုတ်ပေးရပါမယ်။ ၃။ ခေါက်ဆွဲသား ပျော့သွားရင်တော့ ဇကာနဲ့စစ်ပြီး ရေအေးနဲ့ (၂) ခါလောက် ဆေးကာ ရေစစ်ထားပေးပါရှင်။ မိမိကြိုက်နှစ်သက်တဲ့ ခေါက်ဆွဲဖတ် အမျိုးအစားကိုလည်း အသုံးပြုနိုင်ပါတယ်ရှင်။ အဆင့် (၃) ရှမ်းခေါက်ဆွဲ၏ အဓိကတွဲစပ်ပစ္စည်း (၅) မျိုး ၁။ ငရုတ်သီးဆီချက် - ဆီပူထဲကို ငရုတ်သီး လုံးခြမ်းကွဲတွေထည့်ပြီး နီညိုရောင်သန်းလာတဲ့အထိ ကြော်ကာ အအေးခံထားပါ ၂။ နှမ်းဆီချက် - ဆီပူပူမှာ နှမ်းဖြူတွေထည့်ပြီး ဝါရွှေရောင်သန်းလာတဲ့အထိ ကြော်ပေးရပါမယ်။ ၃။ ကြက်သွန်ဖြူဆီချက် - ထောင်းထားတဲ့ ကြက်သွန်ဖြူကို မီးအေးအေးနဲ့ ရွှေဝါရောင်ရအောင် ကြော်ပြီး နနွင်းမှုန့်လေး အနည်းငယ် ခတ်ပေးပါရှင်။ ၄ ဆားရည် - ရေနွေးထဲကို ဆား၊ ရှာလကာရည်၊ နံနံပင်နဲ့ ဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူတို့ ထည့်မွှေပါရှင်။ ဒါက အဆီအအီကို ပြေစေပြီး အရသာကို ပိုပေါ်လွင်စေပါတယ်ရှင်။ ၅။ အချဉ် - ရှမ်းချဉ် ဒါမှမဟုတ် ကြံမဆိုင်ကို ငရုတ်သီး၊ ကြက်သွန်ဖြူ၊ နံနံပင်တို့နဲ့ ရောပြီး သုပ်ပေးထားပါ အဆင့် (၄) ဟင်းခါးရည်ချက်ခြင်း ၁။ ရေပွက်ပွက်ဆူလာရင် ရှောက်ကော၊ ကြက်ရိုးနဲ့ ဂျင်းတို့ထည့်ကာ အပေါ်ယံက အမြှုပ်တွေကို ခပ်ထုတ်ပြီး ပြုတ်ပေးပါရှင်။ ၂။ အရသာမှုန့်၊ ဆားနဲ့ ကြက်သွန်ဖြူထောင်းတို့နဲ့ အရသာညှိပေးရပါမယ်။ နောက်ဆုံးမှာ ငရုတ်ကောင်းမှုန့်ခပ်ပါ ပန်းကန်လုံးထဲမှာ ခေါက်ဆွဲဖတ် တစ်ပွဲစာထည့်ပြီး ချက်ထားတဲ့ ကြက်သားဟင်းအနှစ်၊ မြေပဲထောင်း၊ နှမ်းဆီချက်၊ ကြက်သွန်ဖြူ ဆီချက်နဲ့ ငရုတ်သီး ဆီချက်တို့ကို တစ်ဇွန်းစီ ထည့်ပေးပါရှင်။ ဆားရည်ကိုတော့ ထမင်းစားဇွန်း တစ်ဝက်လောက် ထည့်ပေးပြီး ကြက်သွန်မြိတ်လေး ဖြူးလိုက်ရင်တော့ အနံ့ရော အရသာပါ ပြည့်စုံတဲ့ ရှမ်းခေါက်ဆွဲလေး ဆိုင်ကအတိုင်း အရသာရှိတဲ့ ရှမ်းခေါက်ဆွဲကို စိတ်ကြိုက် သုံးဆောင်နိုင်မှာ ဖြစ်ပါတယ် Save ထားပေးပြီး သူငယ်ချင်းတွေကိုပါ သိရအောင် Share ပေးဖို့ မမေ့နဲ့ဦးနော် #baganmyay #ရှမ်းခေါက်ဆွဲ #ရှမ်းအစားအစာ

Saung hey man
Saung hey man
Open In TikTok:
Region: AU
Sunday 17 May 2026 11:50:11 GMT
26060
1052
9
34

Music

Download

Comments

su.myat9450
🇯🇵Su Myat🇯🇵 :
စားချင်တာ
2026-05-18 13:26:09
1
yoon65802
🌟Yoon Yoon💫 :
2026-05-18 12:59:23
1
ma.thandar599
Ma Thandar599ပ :
qwsf
2026-05-25 06:27:05
1
user5296203344
Tik Toker :
😍😍😍
2026-05-18 12:25:32
1
user7679354605400
soelay :
👍👍👍
2026-05-25 17:52:24
0
hninnulwin252
[email protected] :
🥰🥰🥰
2026-05-24 12:38:43
0
user5296203344
Tik Toker :
😍😍😍
2026-05-19 02:55:43
1
usersoe347
@user347Soe :
🥰🥰🥰
2026-06-01 12:10:40
0
To see more videos from user @nyolay314, please go to the Tikwm homepage.

Other Videos


About