@t.red249: #CapCut

TJ NAKE
TJ NAKE
Open In TikTok:
Region: GB
Sunday 17 May 2026 19:04:38 GMT
30
4
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @t.red249, please go to the Tikwm homepage.

Other Videos

======={ 🙏🙏🙏 }======
======={ 🙏🙏🙏 }====== "ဘဝဆိုတာနော်... အရှိန်ရှိသလောက်ပဲ သွားခွင့်ရတာပါ။ ကောင်းကင်ကို ခဲတစ်လုံး မြှောက်လိုက်တယ်။ ဒီခဲဟာ မုချ သေချာပေါက် မြေကြီးပေါ်ကို ပြန်ကျမယ်။ မြှောက်လိုက်တဲ့အချိန်ကနေ ကျတဲ့အချိန်ထိ ဘယ်လောက်ကြာမလဲ... ဒီလေထဲမှာ ဘယ်လောက်ကြာမလဲဆိုတာကတော့ ကိုယ်က ဘယ်လောက်ပြင်းထန်တဲ့အရှိန်နဲ့၊ ဘယ်လောက် အားကြီးတဲ့အရှိန်နဲ့ မြှောက်လိုက်သလဲ ဆိုတာပေါ်မှာမူတည်မယ်ပေါ့။ သာသာလေးပဲ မြှောက်လိုက်မယ်ဆိုရင်တော့ ၁၄၊ ၁၅ ပေလောက် အပေါ်တက်သွားပြီးတော့ ခဏနေတော့ ပြန်ကျလာမယ်။ စက္ကန့်ပိုင်းနဲ့ ပြန်ကျလာမှာနော်... ဟုတ်လား။ အဲ့တော့... ကိုယ့်ရဲ့ဒီလူ့ဘဝကို နေရမယ့်အချိန်၊ နေရမယ့်အနေအထားဟာ ဘယ်လောက်ကြာမလဲ၊ မကြာဘူးဆိုတာ... ဒီလူ့ဘဝကို ရစေတတ်တဲ့ ကံတရားရဲ့ အရှိန်ပေါ်မှာ မူတည်တာ။ ဘယ်လောက်ကြီးမားတဲ့ ကံနဲ့ ကိုယ်က ဒီလူ့ဘဝကို ရခဲ့တာလဲ... အဲ့ဒါကို ကျုပ်တို့ သိနိုင်လား? မသိနိုင်ဘူး... ဟုတ်လား။ အဲ့တော့ ကျုပ်တို့ သိနိုင်တာက ဘာတုန်းဆိုတော့... အရှိန်ဆိုတာ ကုန်တတ်တဲ့သဘောရှိတယ်၊ အနိစ္စမျိုး... ထာဝရမျိုး မဟုတ်ဘူး။ ကုန်တဲ့အချိန်မှာ... သေချာပေါက် ရပ်သွားမယ်။ ဒကာကြီးဆိုရင် အရှိန်တော်ကောင်းကောင်းနဲ့ ပစ်ခဲ့လို့ အခုဒါ အသက် ၈၀ အထိ နေရတာ... ဟုတ်တယ်မဟုတ်လား။ အဲ့တော့ ဘုန်းဘုန်း ပြောချင်တာက ဘာတုန်း... ကျုပ်တို့က မြတ်သောအကျင့်၊ တကယ် တန်ဖိုးဖြတ်လို့မရတဲ့ ကောင်းကျိုးချမ်းသာကို ရစေတတ်တဲ့... အကောင်းဆုံးအလုပ်လို့ဆိုတဲ့ တရားဘာဝနာပွားများတဲ့ အလုပ်ကို အေးအေးဆေးဆေး ဖြည်းဖြည်းစောင်းစောင်း လေးလေးကန်ကန် လုပ်နေမယ်ဆိုလို့ရှိရင်... ကျုပ်တို့ဘဝရဲ့ တရားအားထုတ်နိုင်ခွင့်လို့ဆိုတဲ့ ဒီရှင်သန်မှုဟာ ဘာမှ အာမခံချက်ရှိတာ မဟုတ်ဘူး။ ဒီအမှန်တရားကို စဉ်းစားပစ်မှ... ဘုန်းဘုန်းတို့က ဒီတန်ဖိုးဖြတ်လို့မရတဲ့ အလုပ်ကို လုပ်ချင်စိတ် ထက်သန်လာမှာ။ တစ်ခါတလေကျ ဘုန်းဘုန်းက စဉ်းစားတယ်... 'အခု ရေတွင်းတူး၊ အခု ရေကြည်သောက်' မဖြစ်နိုင်ဘူး။ ရှေ့လူကြီးတွေ ပြောခဲ့တဲ့စကားနော်... ရေသောက်ချင်တယ်ဆိုရင် ရေတွင်း ကြိုတူးထားမှရမှာပေါ့... ဟုတ်လား။ ဆရာတော်ကြီးကို ဒကာကြီးတစ်ယောက်က မေးတယ်တဲ့... 'သေခါနီးမှာနော်... စိတ်ကလေး ကောင်းကောင်းလေးနဲ့ သေသွားရင် ဒါ ကောင်းတဲ့ဘဝ ရောက်မှာပဲ။ အဲ့တော့ တရားကို သေခါနီးလေးကျမှ ကပ်ပြီးတော့ ကောင်းတဲ့စိတ်လေးဖြစ်အောင် လုပ်လို့မရဘူးလား' လို့။ တရားကို အဲ့လို ဈေးစစ်တာပေါ့လေ... ဆရာတော်ကြီးကို။ အဲ့တော့ ဆရာတော်ကြီးက အလွန်စကားတတ်တယ်၊ ဆရာတော်ကြီးက ဘာမေးတုန်းဆိုတော့... 'ဒကာကြီး ညနေစာ ထမင်းဘယ်အချိန်စားတုန်း' လို့ မေးတယ်။ '၆ နာရီလောက်ပေါ့ ဘုရား'။ 'အဲ့လိုဆို ထမင်းချက်တော့ ဘယ်အချိန်ချက်တုန်း... ၆ နာရီမှာလား' လို့။ 'ဟာ... ၆ နာရီမှာချက်ရင် ၆ နာရီ ဘယ်စားပါ့မလဲဘုရား' တဲ့။ ဟုတ်လား... ၆ နာရီစားမယ့်ထမင်းကို ဘယ်အချိန်လောက်က ကြိုချက်ရမတုန်း? ၃ နာရီ၊ ၄ နာရီလောက်က ကြိုချက်မှ အဆင်ပြေမှာပေါ့... ဟုတ်တယ်မဟုတ်လား၊ ဟုတ်လား။ အဲ့တော့... သေခါနီးမှာ အဆင်ပြေချင်တယ်ဆိုရင် မသေခင်က ဘုန်းဘုန်းတို့က ဘာလုပ်ထားဖို့လိုတုန်း? **ကြိုတင်ပြီးတော့ လေ့ကျင့်ထားဖို့ လိုတာပေါ့။**" အရှင်ဉတ္တမ (သစ္စာရွှေစည်) #သစ္စာရွှေစည်ဆရာတော်အရှင်ဥတ္တမ၏တရားတော် __________________________________ •မူရင်းရေးသားသူ/ •ဖြန့်ဝေသူအားလုံးဂါရဝပြုပါသည် •( #ဓမ္မသုတလမ်း )မှ •"#ဓမ္မဒါန အနေဖြင့်ပြန်လည်မျှဝေပါသည်။ •"ကောင်းမူ နေ့စဉ်ပြုပါ" •Copyဖြင့်သော်၎င်း •Share ဖြင့် သော်၎င်း •ပြန် လည်မျှဝေခြင်းဖြင့်။ • အမြတ်ဆုံးတရားကုသိုလ်ပြုနိင်ပါတယ်"✅ •🙏"သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ "🙏 •🙏"အလှူ အားလုံး ထဲတွင် • တရားအလှူသည် အမြတ်ဆုံးဖြစ်၏"🙏 •ဤ(ရုပ်/နာမ်-ခန္ဓာ)မှပြုခဲ့ရသော •ကောင်းမူအစုစုအား အားလုံးကိုအမျှဝေပါ၏✅ု •🙏 နတ်/လူ သာဓုခေါ်စေသော်။.....🙏 "ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု" •“နေရက်တိုင်းမှာစိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါ‌စေ” _________________________________

About