@movieuniverse990: အခုတစ်ခေါက်မှာတော့ အတည်ပေါက်ကြီးနဲ့ ရယ်ရမဲ့ Secret Zoo ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် .. ဇာတ်လမ်းအကြောင်းအရာလေးကတော့ ရှေ့နေတစ်ယောက်ဖြစ်သူ ဂန်ထယ်ဆူ(Ahn Jae Hong)က ရှေ့နေအဖွဲ့အစည်းကြီးတစ်ခုဖြစ်တဲ့ JH မှာ တရားဝင်ဝန်ထမ်းဖြစ်ဖို့ အမြဲအိမ်မက်နေခဲ့သူပါ။ တစ်နေ့တော့ သူ့အတွက် တရားဝင်ဝန်ထမ်းဖြစ်ဖို့ အခွင့်အရေးတစ်ခုကလည်း ကျရောက်လာပါတယ်။ အဲဒါကတော့ အကြွေးနဲ့သိမ်းခံရတော့မယ့် .. နိုင်ငံခြားက ဝယ်ယူထားတဲ့တိရိစ္ဆာန်ရုံတစ်ခုကို ဦးစီးပေးဖို့ ကုမ္ပဏီက စေခိုင်းခဲ့ပါတယ်။ ကြည့်ရင်တော့လွယ်တယ်ထင်ရပေမယ့် တကယ်သွားကြည့်တဲ့အခါမှာတော့ ထူးခြားတာက အဲဒီတိရိစ္ဆာန်ရုံမှာ ပြစားလို့ရတဲ့ တိရိစ္ဆာန် တစ်ကောင်မှ မရှိတာပါပဲ။ ကျန်တဲ့ အသေးအမွှား တိရိစ္ဆာန်လေးတွေပဲ ကျန်ခဲ့ပြီး တခြား တန်ဖိုးကြီးတိရိစ္ဆာန်တွေက အကြွေးကြောင့် ရောင်းစားခံလိုက်ရတဲ့ အခြေအနေပါ။ အဲဒီလို ပြစားစရာတိရိစ္ဆာန်တောင်မရှိတဲ့ တိရိစ္ဆာန်ရုံကြီးကို ဂန်ထယ်ဆူကို ၃လအတွင်း ဦးစီးပြီး အကြွေး သိန်းတစ်သောင်းကို JH က ဆပ်ခိုင်းထားပါတယ်။ ဒီတော့ အကြွေးဆပ်ဖို့အတွက် ရှိသမျှ အကြံထုတ်ရပါတော့တယ်။ ဂန်းထယ်ဆူတစ်ယောက် တိရိစ္ဆာန်ကြီးတစ်ကောင်မှ မရှိတဲ့ တိရိစ္ဆာန်ရုံကြီးကို ဘယ်လိုလည်ပတ်အောင် လုပ်မလဲ။ အကြွေး ဘယ်လိုဆပ်မလဲဆိုတာကတော့ ကိုယ်တိုင်ကြည့်ပြီး အဖြေရှာကြည့်စေချင်ပါတယ်။။ ပိတ်ရက်မှာ ဒီကားလေးနဲ့ ရယ်မောပြီး အနားယူခံစားကြည့်စေချင်ပါတယ်။ #secretzoo #kdrama #movieuniverse #postivevibes #fyppppppppppppppppppppppp
Movie Universe
Region: TH
Monday 18 May 2026 01:49:43 GMT
Music
Download
Comments
Movie Universe :
ဇာတ်ကားlinkဝင်မရရင် @thomesuzp ကိုလာပြောပေးပါဗျ
2026-05-18 06:18:56
0
To see more videos from user @movieuniverse990, please go to the Tikwm
homepage.